1တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
1Huan, TOUPAN Mosi a houpiha,
2လေဝိအမျိုး၊ ကောဟတ်အနွှယ်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှါ၊
2Levi tate laka Kohath tate, a khangkhang un, a inkuankuan un, sim vek in,
3အလုံးအရင်းဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူလော့။
3Kum sawmthum akipan tunglam, kum sawmnga tanin nasepna na, kihoupihna puanin a sem ding teng.
4အလွန်သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ စောင့်ရှောက်ရသော အမှုဟုမူကား၊
4Kihoupihna puanin mun siangthou pen Kohath tapate nasep ding hiai ahi:
5တပ်ချီချိန် ရောက်သောအခါ၊ အာရုန်နှင့် သူ၏သားတို့သည် လာ၍၊ အတွင်းကုလားကာကို ချပြီးလျှင်၊ သက်သေခံချက် သေတ္တာကို အုပ်ရမည်။
5Ommun a suan ding teng un Aron a tapate toh a lut ding ua, mun siangthou puanjak a hawkkhe ding ua, huaiin thukun bawm a khuh ding uh;
6ကုလားကာအပေါ်မှာ တဟာရှသားရေနှင့် အုပ်ပြန်၍ သားရေအပေါ်မှာလည်း ပြာသောအထည်ကို ခင်းပြီးမှ၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။
6Tuapen ngalvang vunin a khuh ding ua, huaipen puandum buangin a khuh ding ua, ajawnna chiang a thuah ding uh ahi.
7ရှေ့တော်မုန့်စားပွဲပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ လင်ပန်း၊ ဇွန်း၊ လောင်းစရာဖလားများနှင့်တကွ၊ အမြဲထည့်ရသော မုန့်ကို တင်ပြီးမှ၊
7Huan, etsakna tanghou dohkan tungah puandum buang a phah ding ua, huailaiah kuangte, keute, belhbute leh noute a but khiakna ding a koih ding uh ahi; huan, tatkakloua tanghou koih huailaiah a om ding ahi:
8ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန် တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။
8Tuapen puan sanin a khuh ding ua; a khuhna ngalvang vunin a khuh ding uh, a jawnna chiang a thuah ding uhi.
9မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာ ခွက်၊ ဆီအိုး အစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊
9Huan, vaksak khawnvak koihna leh huai adinga a zat ding ua khawnvakte, a taitehte, a vu koihnate, thau bing tengteng puandum buangin a khuh ding uhi:
10ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ် ထဲ၌ သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။
10Huai leh a vanzat tengteng a khuhna ngalvang vuna khuhin a jawnna ah a koih ding uh ahi.
11ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။
11Huan, dangkaeng maitam puandum buangin a khuh ding ua, a khuhna ngalvang vunin a khuh nawn ding uh, a jawnna chiang a thuah ding uhi:
12သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။
12Mun siangthou, huailaia a vanzat uh, tuiumbelsuan tengteng a la vek ding ua, puandum buangin a tun ding ua, a khuhna ngalvang vunin a khuh ding uh, a jawnnna ah a koih uhi.
13ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊
13Huan, maitama meivu a la mang ding ua, a tungah puan sandup a phah ding uh:
14ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူးရွင်း ပြား၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည်။
14Huan, a tungah a na sep vialvialna uh tuiumbelsuan tengteng, mei lakna te, sa thukna sikkhut te vutluahna te, tuikuang te, maitam tuiumbelsuan tengteng te a koih ding uhi; huan, a khuhna ngalvang vunin a khuh ding uh, a jawnna a bulh ding uh.
15ထိုသို့ တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟယ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ၊ ဤရှေ့ကား ပရိသတ် စည်းဝေးရာ တဲတော်၌ ကောဟတ်သားများ ဆောင်ရွက် ရသော အမှုပေတည်း။
15Huan, Aron leh a tapaten mun siangthou leh mun siangthou van tengteng ommun suan dinga akhuh khit chiang un; huai khit chiangin a jawng dingin Kohath tapate a hongpai ding uhi: ahihhangin thil siangthou himhim a khoih ding uh ahi kei, huchilouin jaw a si kha ding uhi. Hiaite kihoupihna puanina Kohath tapate nasep ding ahi.
16ယစ်ပုရောဟိတ် အာရုန်သား ဧလာဇာ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား မီးထွန်းစရာ မီးရှို့ရာ နံ့သာပေါင်းမွှေး၊ နေ့ရက်အစဉ်အတိုင်း ဆက်ကပ်ရသော ဘောဇဉ်ပူဇော်သက္ကာ လိမ်းရန်ဆီ အစရှိသော တဲတော် နှင့် တဲတော်တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းရာဌာန တော်နှင့် သန့်ရှင်းသော တန်ဆာရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။
16Huan, siampu Aron tapa Eleazar sep ding, det ding thau te, namtui te, tatlak loua tangbuang thillatte, sathau nilh chite, biakbuk, huailaia thil om tentengte, mun siangthou leh a vante ngaihtuah khawng ahi, chiin.
17တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
17Huan, TOUPAN Mosi leh Aron a houpiha,
18ကောဟတ် အဆွေအမျိုးအနွယ်သားတို့ကို လေဝိသားစုထဲက မပယ်မဖြတ်နှင့်။
18Kohath suan inkuan jaw Levite lak akipan mang mai loua:
19သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည် ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည်။
19Thil siangthoute khoih loua si loua a om theihna ding uh hichibangin hihih: Aron leh a tapate lut uhenla, a sep ding uh leh a tantuam ding chiat uh seh sakin:
20သို့ရာတွင် သန့်ရှင်းသောအရာတို့ကို ဖုံးအုပ်စဉ်အခါ ကောဟိတ် သားတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ အထဲ သို့ဝင်၍ မကြည့်ရဟု မိန့်တော်မူ၏။
20Ahihhangin thil siangthou en dingin sawt lou chik leng lut kei uhen, a lut uleh a si ding uh, chiin,
21တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
21Huan, TOUPAN Mosi a houpiha,
22ဂေရရှုန် အနွယ်သားတို့တွင်၊ အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
22Gerson tapate leng a inkuankuan un, a khangkhang un sim vekin;
23ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်းခြင်းငှါ အလုံးအရင်း ဝင်သော သူအပေါင်းတို့ကို၊ ဘိုးဘေးအဆွေအမျိုး အလိုက် စာရင်းယူလော့။
23Kum sawmthum akipan a tunglam kum sawmngaa upa tanin nasepna na kihoupihna puanina sem thei ding teng zah sim vekin.
24ဂေရရှုန်အဆွေအမျိုးတို့သည် စောင့်ရသော အမှု၊ ထမ်းရသောဝန်ဟူမူကား၊
24Gerson suante tantuam naseplam leh puaklam ahi:
25အတွင်းတဲတော် ကုလားကာ၊ ပရိသတ်စည်း ဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသား ရေအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တာဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေး ရာ တဲတော်တံခါးဝ၌ ကာသောကုလားကာ၊
25Biakbuk puanjakte, kihoupihna puanin te, a khuhna te, a tung khuhna ngalvang vunte, kihoupihna puanin kongkhak puanjakte;
26တဲတော်နှင့် ယဇ်ပလ္လင် ပတ်လည်ဝင်းကုလား ကာ၊ ဝင်းတံခါးဝ၌ကာသော ကုလားကာ၊ ကြိုးများအစရှိ သည်တို့ကို၎င်း၊ ထိုအရာများနှင့် ဆိုင်၍ အမှုတော်ထမ်း ရန် တန်ဆာရှိသမျှတို့ကို၎င်း ထမ်းရွက်ရကြမည်။
26Intual puanjak te, intual kongkhak puanjak te, abiakbuk leh maitam bula, akhaute, a vanzat tengteng uh toh a po ding ua, hih dia kiphamoh peuhmah a hih ding uh ahi.
27ဂေရရှုန်သားများ အမှုစောင့်လေရာရာ၊ ဝန် ထမ်းလေရာရာ၌၊ အာရုန်နှင့် သူ၏သားတို့ ခွဲခန့်စီရင် သည်အတိုင်း ဆောင်ရွက်ရကြမည်။
27Gerson suante nasep a naseplam uleh puaklam ah a tantuam tengteng uh Aron leh a tapate ahi ding; ahih ding uh banghiam nengneng tana sehsak dingin thu na neisak ding.
28ဤရွေ့ကား ပရိသတ်စည်းဝေးရာ တဲတော်၌ ဂေရရှုန်အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန်၏ သားဣသမာ သည် သူတို့ကိုအုပ်ရမည်။
28Huaite kihoupihna puanina Gerson suante nasep ahi: a hihding uh siampu Aron tapa Ithamar seh ding ahi.
29မေရာရိသားတို့တွင်လည်း၊ အသက်သုံးဆယ် လွန်၍ ငါးဆယ်မမှီ၊
29Merari tapate, akhangkhang un, a inkuankuan un na sim ding ahi;
30ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူလော့။
30Kum sawmthum akipan tunglam kum sawmngaa upa tanin kihoupihna puanina sem ding zah na sim vek ding hi.
31သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော် ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊
31Kihoupihna puanina a nasep uh, a tantuan ding uh hiai ahi-biakbuk khuam lepkhawm te, a bangkal te, akhuam te, a kingakna khuakhuakte;
32ဝင်းတိုင်၊ ခြေစွပ် တံသင်၊ ကြိုးများတို့ကို၎င်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိ သမျှတို့ကို၎င်း ထမ်းရွက်ကြရမည်။ သူတို့ထမ်းရွက်ရ သော တန်ဆာတို့ကို အမည်မှတ်၍ ရေတွက်ရမည်။
32A intual umna khuamte, akingakna khuakkhuakte, a kilhbelhnate, a khau te, a vanzat tengteng leh a vanzat dang tengteng puak te: a min uh lou jel chiatin a tantuam ding uh na sehsak ding ahi.
33ဤရွေ့ကား ယဇ်ပုရောဟိတ်အာရုန်၏ သားဣ သမာအုပ်၍ ပရိသတ်အစည်းဝေးရာ တဲတော်၌ မေရာရိ အဆွေအမျိုးသားများ ဆောင်ရွက်ရသော အမှုပေတည်း။
33Huaite amau siampu Aron tapa Ithamar heua khoupihna puanina Merari tapate suanten a hihding uh banghiam nengneng tana a nasep dan ding uh, chiin.
34မောရှေနှင့် အာရုန်အစရှိသော ပရိသတ်သူ ကြီးတို့သည် ကောဟတ်သားတို့တွင် အသက်သုံးဆယ်လွန် ၍ ငါးဆယ်မမှီ၊
34Huchiin Mosi leh Aron leh khawmpi laka lupenten Kohathte tapate a khangkhang un, a inkuankuan un a simta ua,
35ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊ အလုံးအရင်းဝင်သောသူ အပေါင်းတို့ကို၊
35Kihoupihna puanina nasepnaa ding, mi chih nasem dia kisate, kum sawmthum akipan tunglam kum sawmngaa upa chiang:
36ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား၊ နှစ်ထောင်ခုနစ်ရာငါးဆယ် ရှိသ တည်း။
36Huaite a khangkhanga a sim uh sang nih leh za sagih leh sawmnga ahi uhi.
37ဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထား တော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရ သော ကောဟတ်အဆွေအမျိုးသားပေတည်း။
37Hiaite ahi uh, kihoupihna puanina na sem jel Kohathte suan a simte uh Mosi zanga TOUPA thupiak banga Mosi leh Aronin a simte uh.
38ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
38Huan, hiaite a inkuankuana, a khangkhang ua kisim, Gerson tate ahi uh,
39ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊
39Kum sawmthum akipan tunglam kum sawmngaa upa, kihoupihna puanin nasepna dinga, mi chih nasem jel dia kisate,
40အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား နှစ်ထောင်ခြောက်ရာ သုံးဆယ် ရှိ သတည်း။
40Huai a khangkhanga, a inkuankuan ua a simte uh sang nih leh za guk leh sawmthum ahi uh.
41ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ မောရှေနှင့်အာရုန်သည် ရေတွက်၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း။
41Huaite ahi uh, Gerson tapate suante, kihoupihna puanina nasemte teng, TOUPA thupiak banga Mosi leh Aronin a simte uh.
42မေရာရိသားတို့တင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
42Huan, huaite a inkuankuan ua, a khangkhang ua, Merari tapa a simte uh ahi,
43ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍
43Kihoupihna puanin a sem dinga nasem zah ding, kum sawmthum akipan a tunglam kum sawmngaa upa chiang;
44စာရင်းသွင်းသော လူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း။
44Huai a khangkhanga, a inkuankuana a simte uh sang thum leh za nih ahi uh,
45ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း။
45Huaite ahi uh, Merari tapate suante a sim uh, Mosi zanga TOUPA thupiak banga Mosi leh Aronin a simte uh.
46ထိုသို့နှင့် အညီ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊
46Mosi leh Aron leh Israelte lupenten a khangkhanga, a inkuankuana a simte uh avekun huaiteng ahi uh,
47ပရိသတ်စည်းဝေးရာ တဲတော အမှုတော်ကို စောင့်၍ ဝန်များကို ထမ်းခြင်းငှါ ဝင်သော သူအပေါင်းတို့ကို၊
47Nasem ding leh kihoupihna puanina puak chi pomi ding zah, kum sawmthum akipan a tunglam kum sawmngaa upa chiang,
48ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုး သူကြီးတို့သည် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း။
48Huai a simte uh sang giat leh za nga leh sawmgiat ahi uh.Mosi zanga TOUPA thupiak banga mi chih a sepding uleh a tantuam ding uh dungjui jela a sim ahi: huchibang takin TOUPA Mosi thu a piak bang sim ahi uhi.
49မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောမှု အသီး အသီးထမ်းရသော ဝန်တို့ကို ထောက်၍မရ၊ မောရှေ ရေတွက်သတည်း။
49Mosi zanga TOUPA thupiak banga mi chih a sepding uleh a tantuam ding uh dungjui jela a sim ahi: huchibang takin TOUPA Mosi thu a piak bang sim ahi uhi.