1တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။
1Tanghou gaw huaia muanna toh a hoihjaw, in kinaknaa dim sangin.
2ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။
2Sikha pil taka hihin tapa zumhuaina omsak tungah vai a hawm ding, huan unaute laka goutanna ah tan a nei ding hi.
3ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
3Huansiangna bel dangka ading ahi, huan meipi dangkaeng ading: himahleh TOUPAN lungtangte a endik.
4မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။
4Hoihlou hihmin gilou mukte a limsaka; huan juauhatin siatna lei a bil a doh hi.
5ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
5Kuapeuh genthei musitin amah Bawlpa a simmoh ahi; huan kuapeuh tuahsiatni a kipak gawt louhin a om kei ding hi.
6မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။
6Naupangte naupangte mi upate manglukhu ahi uh; huan naupang thupina a pate uh ahi.
7မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့်။ ထိုမျှမက၊ မုသာစကားသည် မင်းနှင့်မတော် မသင့်။
7Thugen hoih mi hai toh a kilawm kei: muk juauthei lal toh a kilawm kei sem.
8လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
8A nei mit ah thilpiak suangmantam bang ahi: koilam peuha a kiheina ah, a lohching hi.
9သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
9Kuapeuh tatlekna khuhin itna a zong hi: himahleh kuapeuh thubuaia nuam nasain lawm pite a khendalh hi.
10မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။
10Theihsiamna nei mi sungah taina a lut thuk jaw mihai sunga vuakna za khat sangin.
11ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။
11Mi hoihlouin helna kia a zonga; huaijiakin sawltak khel amah dou dinga sawlin a om ding.
12မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့်။ သားငယ်ပျောက်သော ဝံမနှင့်သာ၍ တွေ့ပါစေ သော။
12Vompi a noute laksaka omin mi tuak hen, a hainaa mi hai sangin.
13အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။
13Kuapeuh hoih sika gilou kipahman pia, a in akipan gilou a pai mang kei ding.
14ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
14Kinakna kipatna min tui a khahkhiak bang ahi: buaijiakin kinakna a om main, kiselna pai sanin.
15မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။
15Kuapeuh gilou siamtangsak, kuapeuh mi diktat mohpaih, amau gel TOUPA adingin kihhuai ahi tuaktuak uhi.
16မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
16Huaijiakin pilna lei dingin mi hai khut ah a man a om ahia, theihsiamna a neikei chih theiin?
17အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။
17Lawmin chiklaipeuhin a it gigea, huan vangtahna dingin unau khat a piang hi.
18ဥာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေ ခင်ပွန်းရှေ့မှာ အာမခံတတ်၏။
18Mi theihsiamna beiin khut a benga, a inveng maah mohkhu dingin a hongom.
19ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ်၏။
19Kinakna deihin tatlekna a deih hi: kuapeuh a kongpi dom sangin siatna a zong hi.
20သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ်၏။
20Kuapeuh lungtang sia neiin hoih a mu kei: huan lei hoihlou nei siatna ah a puk hi.
21မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။
21Kuapeuh mi hai suangin a lungkhamna dingin a suanga; huan mi hai pan nuamsakna a neikei.
22စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။
22Lungtang nuamsa damdawi hoih ahi: himahleh lungsim puakkham in guhte a keusak.
23မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
23Mi gilouin a sunga kipanin thilpiak a la khiaa, vaihawmna lampi kilawmlou sak dingin.
24ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
24Theihsiamna nei mi maah pilna a om: himahleh mi hai mitte lei tawpah a om hi.
25မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။
25Tapa hai a pa adingin lungkhamna ahi, amah piangsaknu adingin khatna.
26ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။
26Mi diktat gawt leng a hoih keia, mi lian a tanna uh jiaka jep leng.
27သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။
27Kuapeuh a thute sitin theihna a neia: huan kuapeuh lungsim vot akipan theisiam mi ahi.Mi hai nangawn, a daih dide laiin, pila sim ahi: a mukte a chih laiin, pilvang banga ngaih ahi.
28မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဥာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။
28Mi hai nangawn, a daih dide laiin, pila sim ahi: a mukte a chih laiin, pilvang banga ngaih ahi.