Myanmar

Paite

Proverbs

31

1လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊
1Kumpipa Lemuel thute; a nun amah ahilh thu:
2ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊
2Bang ahia, ka tapa? Huan bang ahia, Aw ka sul tapa? Huan bang ahia, Aw ka thuchiam tapa?
3သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
3Na hatna numeite kiangah pe kenla, kumpipate hihsia te kiangah leng na lampite pe sam ken.
4အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။
4Kumpipate ading ahi kei, Aw Lemuel, uain dawn kumpipate ading ahi kei; Zu khauh koia om ahia, chih leng lalte ading ahi sam kei.
5သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
5Huchilouin jaw a dawn un, dan a manghilh un, gimthuak kuapeuh vaihawmna a kaikawi kha ding uh.
6ဆုံးလုသောလူအား သေရည်သေရက်ကို၎င်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို၎င်း၊ ပေးလော့။
6Mangthang dia mansa kiangah zu khauh pia un, khaa haksasa kiangah uain:
7ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။
7Dawn masak unla, a gentheihna manghilh sakun, a haksatna theigige nawn kei hen.
8ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှါ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြော လော့။
8Pauttheilou a ding in na kam ka in, sukgawpa om mi huchibangte tengteng thu ah.
9စကားပြောလျက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။
9Na kam ka inlan, diktakin vaihawm in, gentheite leh tasamte kiangah vaihawmsak in.
10သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။
10Numei hoih kuan a mu dia? aman lah rubi suang tunglam pek ah a om ngala.
11သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။
11A pasal lungtangin amah a muanga, punna taksapna a neikei ding hi.
12ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တသက်လုံးပြုစုတတ်၏။
12A damsung ni tengin amah a hih hoiha, a hihse kei.
13သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ်၏။
13Samul leh jija a zonga, a khutin kilawptakin na a sem hi.
14ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။
14Sumsinmi longte bang ahia: gamla akipanin a an a hontawia.
15မိုဃ်းမလင်းမှီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကို၎င်း၊ ကျွန်မတို့အား အငန်အတာကို၎င်း၊ ပေးဝေတတ်၏။
15Jan ahih lai in leng a thou a, a inkote kiangah an a pia a, a sikhanute kiangah a sep ding uh.
16ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူ တတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။
16Lou a ngaihtuaha, a leia; a khuta gahtein grephhuan a bawl hi.
17မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သတ်မြန်စေတတ်၏။
17Hatnain a kawng a gaka, a khutte a hatsak hi.
18မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီး ခွက်သည် တညလုံးမသေတတ်။
18A sumsitna vante a phatuam hi chih a mu a; janin a khawnvak a mit kei hi.
19ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ်လက် နှင့် ကိုင်၍ လုပ်ဆောင်တတ်၏။
19A khutte muikhut ah a ngaa, huan a khutte muiah a nga hi.
20ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။
20Gentheite lamah a khut a jaka; ahi, tasamte lam a sawk hi.
21မိုဃ်းပွင့်ကျသော်လည်း၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
21A inkote jiakin vuk a kihta keia; a inkote tengteng lah puansan- auin a kithuam ua.
22ကိုယ်အလို့စောင်တို့ကို ရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်ကြ၏။
22Puanphah zehoih mantam a kibawla; a puansilh puanmalngat leh sandup ahi.
23သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။
23Kongpite ah pasal theihin a oma, gama upate laka a tut laiin.
24ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။
24Puan hoih puansilh a bawla, a juaka; sumsinmi kiangah kawngakte a pekhia hi.
25လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။
25Hatna leh zahkaina a puansilh ahi; huan hun hongtung ding a nuihsan hi.
26ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။
26Pilnain a kam a kaa; huan siamna dan a lei ah a om hi.
27အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ် ၏။ပျင်းရိခြင်းအစာကို မစားတတ်၊
27A inkote lampihoih takin a ena, huan thadahna tanghou a ne kei hi.
28သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်း ကြီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊
28A tate a thou ua, huan amah nuamsa a chi uhi; a pasalin leng, amah a phata,
29လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ်၏။
29Tanu tampiten hoih takin a hih ua, himahleh nang jaw amaute tengteng na khup vek hi, chiin.
30ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
30Deihsakna khemnain a dima, huan kilawmna bangmahlou ahi: himahleh numei TOUPA laudan siam, phatin a om ding hi.A khuta gahte amah pia un; huan kongpite ah a thilhihten amah phat hen.
31ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။
31A khuta gahte amah pia un; huan kongpite ah a thilhihten amah phat hen.