Myanmar

Paite

Revelation

20

1တဖန် ကောင်းကင်တမန်သည် အနက်ဆုံး သောတွင်း၏ သော့ နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။
1Huan angel khat van akipana hongpai khe suk, a khuta guamkhuk thukpi tahbi leh khainiang lianpi tawi ka mutaa.
2ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူ သော နဂါးကို ကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။
2Huan aman tuh dragon, gulpi tek, huan Diabol leh Setan tuh a manta, huan kum sang khat sung dingin amah tuh a hentaa.
3အနှစ်တထောင် မကုန်မှီတိုင်အောင်၊ လူအမျိုး မျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည်။
3Huan kum sang khat a chin maa namte a khem nawn louna dingin amah tuh guamkhuk thukpi ah paih lutin a oma, huan a khaka, huan amah tuh a bilh khumta a: hiai nungin sawtlou kal tuh amah khah ding ahi.
4ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။
4Huan laltutphahte leh a tunga tute ka mutaa, akiang uah vaihawmna piakin a omta a: huan Jesu thu theihsakna jiak leh Pathian thu jiaka a lu uh sat tana omte kha tuh ka mu a, huaite tuh gamsa leh a lim be loute, a tal ua leh a khut ua achiamtehna neiloute ahi ua; huan amau tuh a honghingta ua, Kris toh kum sang khat vai a hawmta uhi.
5ကြွင်းသော လူသေတို့သည် ထိုအနှစ်တထောင် မကုန်မှီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမမြောက်ခြင်းဖြစ်သတည်း။
5Kum sang khat a bei mateng, misi dangte tuh a hingta kei ua. Hiai tuh thohnawnna masapena ahi.
6ပဌမမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သော သူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ် ပုရောဟိတ်ဖြစ်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြလိမ့်မည်။
6Thohnawnna masapena pangte tuh a hampha uhi, a siangthou uhi: hiaite tunga sih nihnain hihtheih aneih louh jiakin; himahleh amau tuh Pathian leh Kris siampute a honghi ding ua, huan kum sang khat sung amah toh vai a hawm ding uhi.
7ထိုအနှစ်တထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကိုရ၍၊
7Huan kum sangkhat tuh a bei chiangin, Setan tuh a tannain akipanin khah khiakin a om dia,
8အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှာ၎င်း တက်လိမ့်မည်။
8huan leitung kil lia om namte, Gog leh Magog khemna amau tuh kidouna muna pi khawm dingin amah hongpai khe pah dia; a tamdan utuh tuipi piaunel bang ahi uhi.
9ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ ချစ်ဘွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင် အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကို မျိုလေ၏။
9Huan amau tuh leitung vailam khak suakin a pai touta ua, huan misiangthoute giahna phual, leh khopi it, akim avelin a umta ua; huan van akipanin mei a hongke sukta a, huan amau tuh a nezou vekta hi.
10သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့်မိစ္ဆာ ပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြ လတံ့။
10Huan diabol, amau khempa tuh, gamsa leh jawlnei taklou omna, mei leh kat dil ah tuhpaihlutin a omta ua; huan khantawn khantawnin sun leh janin amau tuh hihnatin a om ding uhi.
11တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။
11Huan laltutphah ngou thupi leh a tunga tut uh ka muta a; a maia kipan lei leh van a taimangta a, amau adingin mun himhim a omta kei hi.
12သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။
12Huan misite, a neu a lian, huai laltutphah maa dingte tuh ka muta a; huan laibute a kihonga; huan laibu dang, hinna laibu leng a kihonga; huan misite huai laibu tea thil kigelhte akipanin a thilhih bang ua vaihawm sakin a omta uhi.
13သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။
13Huan tuipiin tuh a sunga om misite a nonpawt sakta a; huan sihna leh misi khua-in tuh a sung ua misi omte a honpawt sakta ua: huan mi chiteng tuh a thilhih bangbang ua vaihawm sakin a omta uhi.
14ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။
14Huan sihna leh misi khua tuh meidila paih lutin a omta ua. Hiai tuh sih nihna ahi, mei dilpen.Huan kuapeuh hinna laibu-a kigelh a muh louh utuh, mei dila paihlutin a omta uhi.
15အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။
15Huan kuapeuh hinna laibu-a kigelh a muh louh utuh, mei dila paihlutin a omta uhi.