Myanmar

Paite

Romans

11

1သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟုမေးသော်၊ ပယ်တော်မမူဟုဆိုရ၏။ ငါပင်ဣသရေလ လူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန် အနွယ်ဖြစ်၏။
1Ahihleh, Pathianin a mite a pai khia ahia? Pai khelou hial. Kei leng Israel mi, Abraham suan, Benjamin nam ka hi ngala.
2ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပရောဖက်ဧလိယက၊ အိုထာဝရဘုရား၊
2Pathianin a mi a theihkholhte a pai khe kei hi. Laisiangthouin Elija thu a gen na theikei ua hia? Aman Israel mite tungthu Pathian kiangah a tuna,
3သူတို့သည်ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတဘက်၌လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသော အကြောင်းကိုသင်တို့သည် မသိကြသလော။
3Toupa, na jawlneite a hihlum ua, na maitamte a hihchim ua; keimah kia nutsiatin ka om, kei leng honhihlup a hontum uhi, a chih.
4ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက် သောလူခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟုမိန့်တော်မူ၏။
4Himahleh, Pathianin bangchin a dawnga? Baal maa khukdin ngeilou mi sang sagih keimah adingin ka hawi ahi, chiin, a dawng hi.
5ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေကောက်တော်မူသော အကြွင်းအကျန် ရှိသေး၏။
5Huchibangin, tulaiin leng a sibang, hehpihna a tel a om.
6ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင်ကိုယ်ကျင့်သောအကျင့်သည် အကျင့် မဟုတ်။
6Hehpihnajiak a hih leh, nasep jiak a hita kei, huchi ahihkeileh, hehpihna tuh hehpihna a hita kei ding.
7သို့ဖြစ်လျှင်အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။
7Bang chi a hita dia leh? Israel miten a zon uh a mu kei uh. Telten bel a mu uh, a dangte tengteng a nanggawpta uhi.
8ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကို၎င်း၊ မမြင်နိုင်သော မျက်စိကို၎င်း၊ မကြားနိုင်သော နားကို၎င်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့ တိုင်အောင်ပြည့်စုံသတည်း။
8Pathianin tuni tanin a kiang uah lusukna kha a pia a, muh theihlouhna mitte, jak theihlouhna bilte toh, chih gelh bangin.
9ဒါဝိဒ်၏စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင် ချောက်သော်၎င်း၊ ခံထိုက်သော အပြစ်သော်၎င်း ဖြစ်ပါစေ။
9Huan, Davidin, A dohkan uh amau adingin thang leh pial leh, pukna leh, phulakna honghi heh;
10သူတို့သည်မမြင်နိုင်အောင်မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာ သတည်း။
10A theihlouhna ding un a mitte uh hongmial heh, nanga a nungjang uh kun sak gige in, a chi a.
11သို့ဖြစ်လျှင်၊ ဣသရေလလူတို့သည်လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလောဟု မေးသော်၊ လဲ၍မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း ရှိစေခြင်းငှါ၊ သူတို့၏လဲခြင်းအားဖြင့် ကယ်တင်တော် မူခြင်း ကျေးဇူးသည်တပါးအမျိုးသားတို့၌ သက်ရောက် လေ၏။
11Ahihleh, a kisuih uh a kipuk denna ding uhia? Hilou hial ding. A puk jiak un Jentelte kiangah hotdamna a hong tungzota ahi, Israel mite hajat dingin.
12သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွါးကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့၏ စီးပွါးကို၎င်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။
12Huchiin, a pukna u bawn khovel hihhauhsakna a hiha, a kiamna uh bawn Jentelte hauhsakna leng a hih leh, a buchin nawn na uh bangchi pheta hamphatna lianjawin a jui de aw!
13ထိုသို့ဆိုသော်၊
13Huchiin, nou Jentelte kiangah ka gen ahi. Kei Jentelte kianga sawltak ka hih jiakin, ka nasepna pen ka pahtawi ahi,
14ငါသည်တပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ၊ ထိုတမန်တော် ၏ အရာကို ချီးမွမ်းလျက်၊ ငါ့အမျိုးသားချင်းတို့၏ စိတ်ကို တခုခုအားဖြင့်နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ၊ တပါးအမျိုးသားဖြစ်သော သင်တို့အားဆိုရသတည်း။
14Huchi-a ka chipihte ka hajat sak theih teiteina ding leh a lak ua khenkhatte ka hotdam theihna dingin.
15ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီသားတို့၏ မိဿဟာယဖွဲ့ခြင်းအကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်းအရာသည် သေခြင်းမှထမြောက်ရှင်ပြန်ခြင်းကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။
15Amau paih khiakna bawn khovel toh kituah nawn na ahihleh, amau deih nawn na ding sihna akipan hin nawna loungal bang ahi dia?
16အဦးနယ်သော မုန့်စိမ်းသည်သန့်ရှင်းလျှင်၊ တပုံလုံးသန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်၊ အခက် အလက်များလည်း သန့်ရှင်းကြလိမ့်မည်။
16Huan, gah masa thillat, tangbuang mek them a sianthou leh huchimah bangin a beupi a siangthou hi; huan, a zungpi a siangthou leh ahiangte leng huchi mahbang ahi uh.
17အချို့သောအခက်တို့ကို ချိုးဖဲ့ပြီးမှ၊ ရိုင်းသော သံလွင့်ပင်တည်းဟူသော သင်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့်၊ အခက်များနှင့် အတူသံလွင်ပင်အမြစ်ကို၎င်း၊ အဆီဩဇာကို၎င်း ဆက်ဆံလျှင်၊ ချိုးဖဲ့သော အခက်တို့ကို ကဲ့ရဲ့ဝါကြွားခြင်းမရှိနှင့်။
17Huan, ahiang khenkhat te hih tana a om in, nang, oliv taklou, amau laka phuhlutin na oma, oliv singa hauhna zung kikoppih sam na hih manin,
18ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။
18Hiang dangte lakah kisathei ken. Kisathei mahle chin, nang a zung vakpa na hi keia, huai a zung tuh nang honvakpa ahi jaw hi.
19ငါ့ကိုဆက်၍စိုက်ခြင်းငှါထိုအခက်တို့ကို ချိုးဖဲ့ ပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။
19Huan, nang, Phutluta ka om theihna dingin hiangte hihtanin a om khinta vo oi, nachi dia.
20မယုံကြည်သောစိတ်ရှိသောကြောင့် သူတို့ ကိုချိုးဖဲ့သည်ဖြစ်၍၊ သင်သည်ယုံကြည်ခြင်းအားဖြင့်သာ တည်၏။ မာနစိတ်မရှိစေနှင့်။ ကြောက်ခြင်းစိတ်ရှိစေလော့။
20Ahi, a gintak louhna jiak un hihtanin a om ua, nang na ginna jiakin na ding ahi, Uang kenla, lau jaw in:
21အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြော တော်မူမည်လော။
21Pathian in hiang taktepen bawn a hawi keingal leh, nang leng a honhawi tuan kei ding hi.
22သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌မတည်မနေလျှင်၊ သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်။
22Huchiin, Pathian hoihna leh a thukhauhna ngaihtuah i: a pukte adingin a thukhauhna; nang adingin bel a hoihna, hoihnaa na om gige leh; huchi a hihkeileh, nang leng sat khiakin na om sam ding.
23သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တဖန်ဆက်၍ စိုက်ခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။
23Huan, amau leng, gingta loua a om nilouh kei uleh, phuhlutin a om ding uh; Pathian in amau a phutlut nawn thei ngala.
24အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော။
24Nang piandana oliv taklou akipana sat sup bawn, pian dan lou banga oliv sing hoiha phutluta na om leh, tua ahiang taktakte pen, amau oliv sing ngeingeiah phutlut ding nak hih natel unchia!
25ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း၊ တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင်၊ ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်းအကြောင်းတည်းဟူသော နက်နဲ သောအရာကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
25Unaute aw, hiai thuguk na theih louh uh ka ut keia, huchilou injaw na kipil sak ding uh: Jentelte buchinna a hongtun matan Israel mi khenkhatte tungah siatna a hongtung tadih ahi,
26ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့၊
26Huchiin, Israel mi tengteng hotdamin a om ding uh; Zion akipanin Hondampa a hong suak dinga, Jakob kianga kipan Pathian limsaklouhna a hihmang ding;
27သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ်၏ဟု လာသတည်း။
27Huan, hiai a kiang ua ka thu khun ding ahi, a khelhnate uh ka lakmang chiangin, chih gelh bangin.
28သူတို့သည် ဧဝံဂေလိတရားအားဖြင့်မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက် တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏။
28Tanchin Hoih lam ngaihtuah in, nou jiakin melma ahi ua; tel thu lam ngaihtuahin bel a pipute uh jiakin deihtakte ahi uhi.
29အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊
29Pathianin a thilthawnpiak ah leh a sapna ah a lungsim a khel ngei kei hi.
30သင်တို့သည်အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့ နားမထောင်ခြင်းအမှုအားဖြင့်၊ သနားတော်မူခြင်း ကို ခံရသကဲ့သို့၊
30Nidanglaiin Pathian thu na ging kei ua, himahleh tuin amau a gin louh jiak un zahngaihna na mu ngal ua.
31ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်းသနားတော်မူခြင်းကို ခံရမည် အကြောင်း၊ ယခုတွင်သူတို့သည် နားမထောင်ဘဲ နေရကြ၏။
31Huchi mahbangin, tuin, Pathian in nou a honhehpihna jiak a, zahngaihna a muh theihna ding un amau leng ging lou eita ve ua.
32ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။
32Pathianin a hehpih vek theihna dingin mi tengteng ginlouhnaah a khum vekta ngala.
33ဘုရားသခင်၏ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။
33Pathian pilna leh theihna hauhdan thuk hina tele! A vaihawmnate theihtheih vual leh, a lampite sui theih vual hi keina tele!
34ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။
34Toupa lungsim kuan ahia thei? Kuan a vaihawm saka?
35ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရ ဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း။
35A dit nawn dingin leng a kiangah kuan ahia thil pe masa?Amah akipan leh, amah jiak leh, amah adingin thil tengteng a hongom ahi ngal a; amah kiangah khantawnin thupina om hen. Amen.
36ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
36Amah akipan leh, amah jiak leh, amah adingin thil tengteng a hongom ahi ngal a; amah kiangah khantawnin thupina om hen. Amen.