1ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲ တတ်သော မြို့သည် အမင်္ဂလာရှိ၏။
1Helhat leh ninnu, nuaisiahhat khopi tung a gik hi;
2နှုတ်ကပတ်တော်အသံကို နားမထောင်၊ ဆုံးမ တော်မူခြင်းကိုမခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိ ဘုရား သခင့်ထံတော်သို့ မချဉ်းကပ်၊
2Aw tuh amang keia, bawlhoihna leng a kipahpih kei; TOUPa ah a muang keia; a Pathian a naih kei hi.
3မြို့အလယ်၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား၊ ညဉ့်၌ လှည့်လည်တတ် သောတောခွေးဖြစ်ကြ၏။
3A laka a lalte humpinelkai humham ahi ua, a vaihommite nitaklam ngia ahi uh; ajingchiang phain bangmah a nuse kei uh.
4ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာ ပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။
4A jawlneite mi juau leh lepchiah ahi uh; a siamputen munsiangthou a hihbuah ua, dan tungah ahiamgam uhi.
5သို့သော်လည်း၊ ထာဝရဘုရားသည် မြို့အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မတရားသော အမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်း ကို မချွတ်မယွင်း ဘော်ပြတော်မူ၏။ သို့သော်လည်းဒ၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ။
5A laka TOUPA tuh a diktata; thulimlou a hih kei ding; jingsang tengin a vaihawm khovakah a laka, a vuaksuak ngal keia; himahleh diklouten zum chih a theikei uh.
6လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ။
6Namte ka sat khetaa, a insangte uh a kisegawp; a kongzingte uh ka susiaa, kuamah a pai kei uh; a khopite uh hihsiatin a oma, huchiin mi a omkei ua a teng a om kei uh.
7ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်း ငှါ၊ ငါ့ကို ကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ၏။
7Chihtaktakin kei non kihta ding, bawlhoihna na kipahpih ding, ka chi a; huchiin a tenna sat khiakin a om kei dia, amah tungtanga sehsa tengteng bangin; himahleh beltakin a thou ua a hih tengteng uh a sesak uh.
8သို့သော်လည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည်။
8Huaijiakin matding juana ka thoh ni a tun masiah honnangak un TOUPAN a chi; namte kaihkhom ka tup ahi ngala, lalgamte ka suktuaha a tung ua ka hehna ka sunbuak theihna dingin, ka thangpaihna lauhuai tengteng; ka mullitna meia lei tengteng nekgaiha om ding lah ahi ngala.
9အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။
9Huai hun chianga mite kianga muk siangthou leh ding ka hih jiakin. TOUPa min a loh ua, thukhat sata amah na a sep theihna ding un.
10ကုရှပြည်၏မြစ်တို့တဘက်၊ အရပ်ရပ်၌ ကွဲပြား လျက်နေသော ငါ၏လူမျိုးသတို့သမီး၊ ငါ့ကို တောင်းပန် သော သူတို့သည် ငါ့အဘို့ ပူဇော်သက္ကာကို ဆောင်ခဲ့ကြ လိမ့်မည်။
10Ethiopia luite khenlam akipan ka gimlim halmite, dalhsa ka mite tanu mahmahin ka thillat a hontawi ding hi.
11ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ၏သန့်ရှင်းသော တောင်ကို အမှီပြု၍ နောက်တဖန်မာနမထောင်လွှားရ။
11Huai ni chiangin ka tunga na tatlekna, na thil hihte tengteng jiakin na zahlak kei ding; huai hun chianga na laka na mi kisathei uangte lakhe ding ka hih jiakin, huchiin ka tang siangthou ah na kiuangsak nawnta kei ding.
12နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမ တော်ကို ခိုလှုံကြလိမ့်မည်။
12Himahleh na lakah mi gimthuak leh genthei ka nuse dinga, TOUPA min ah a muang ding uh.
13ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့ နှုတ်၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြ လိမ့်မည်။
13Israel omsunten gilou a hih kei ding ua, juau a gem sam kei ding uh; a kam uah leng lei khemhat a kimu kei ding hi; ne a, lum dinga, amaute kuamahin a hihlau louh ding jiakin.
14အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အို ဣသ ရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။
14Lasain, Aw Zion tanu; kikouin, aw Israel; na lungtang tengteng toh kipakin nuamsain, Aw Jerusalem tanu.
15ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင်ထာဝရဘုရားသည် သင့် အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန်ဘေး ဥပဒ်နှင့်မတွေ့မကြုံရ။
15TOUPAN na vaihomnate a lamang ta, na melma a delh kheta; na lakah Israel kumpipa, TOUPA ngei, a om hi; gilou na lau nawn kei ding.
16မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အား၎င်း၊ လက် အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါ ဆိုရ၏။
16Huai ni chiangin, Lau ken, Jerusalem kianga chih ahi ding; Aw Zion, ka khutte zeol sakken.
17သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့် အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်း ဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။
17Na lakah TOUPa na Pathian a om, hondam ding mi hat; na itnaah a khawl ding, lasain na tungah a nuam ding hi.
18ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်း ဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသော သူတို့ကို ငါစုဝေးစေမည်။
18Khawmpi kulmut jiaka dahte ka kaikhawm dinga; a tunga puakgik amau dia gensiatna hite.
19သင့်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ထိုအခါ ငါစီရင်မည်။ နာသောသူကို ချမ်းသာပေးမည်။ နှင်ထုတ် ခြင်းကိုခံရသောသူကို သင်းဖွဲ့စေမည်။ အရှက်ကွဲခြင်းကို ခံရရာပြည်အရပ်ရပ်တို့၌ ချီးမွမ်းခြင်းဂုဏ်အသရေကို ပေးမည်။
19Ngaiin, huai hun chiangin, nang hihgimte tengteng ka bawl dinga; panpih kiphamohnu ka hondam dinga, hawl manga omnu ka la khawm ding; huchiin phatna leh minin a mau ka bawl ding, lei tengtenga a zahlakna uh a na omkhinte,Huai hun chiangin ka honla lut dinga, huai hun chiangin ka honkai khawm ding; leia mite tengteng laka min leh phatnaa nou ka honbawl ding jiakin, na mitmuh ua na saltanna ua kipana ka honpi nawn chiangin, TOUPAN a chi.
20ထိုကာလ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့၍ စုဝေးစေသဖြင့်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင် တို့မျက်မှောက်၌ တဖန် ဆောင်ခဲ့ပြန်သောအခါ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အား ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
20Huai hun chiangin ka honla lut dinga, huai hun chiangin ka honkai khawm ding; leia mite tengteng laka min leh phatnaa nou ka honbawl ding jiakin, na mitmuh ua na saltanna ua kipana ka honpi nawn chiangin, TOUPAN a chi.