1ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။
1Zvino mambo Dhavhidhi wakange akwegura, ava namakore mazhinji; vakamufukidza namachira, asi haana kudziyirwa.
2သို့ဖြစ်၍ ကျွန်တို့က၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို့ ရှာပါရစေ။ သူသည်မင်းကြီးကို ခစား၍ ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှါ ရင်ခွင်တော်၌ အိပ်ပါစေဟုလျှောက်ကြ၏။
2Naizvozvo varanda vake vakati kwaari, Ishe wangu mambo ngaatsvakirwe mhandara, iye amire pamberi pamambo, avaonge avate pachipfuva chenyu, kuti ishe wangu mambo vadziyirwe.
3ထိုသို့နှင့်အညီအဆင်းလှသောအပျိုမကို ဣသ ရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြို့သူ အဘိရှက် ကို တွေ့သဖြင့် အထံတော်သို့ ဆောင်ခဲ့ကြ၏။
3Ipapo vakatsvaka musikana wakanaka panyika yose yaIsiraeri, vakawana Abhishagi muShunami, vakamuisa kuna mambo.
4ထိုမိန်းမသည် အလွန်အဆင်းလှ၏။ ရှင်ဘုရင် ကိုလည်း လုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။
4Uyu musikana wakange akanaka kwazvo, akachengeta mambo, akamushandira, asi mambo haana kupinda kwaari.
5ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။
5Zvino Adhonia mwanakomana waHagiti wakazvikudza, akati, Ini ndichava mambo; akazvigadzirira ngoro navatasvi vamabhiza, navarume vana makumi mashanu kuzomhanya pamberi pake.
6ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သူ့စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်း အလွန်လှ၏။
6Asi baba vake vakanga vasina kutongomuraira paupenyu hwake hwose, vachiti, Unoitireiko kudaro? wakange ari murume wakanaka kwazvo pamuviri wake; wakange achitevera Abhusaromu pakuzvarwa kwake.
7အဗရှလုံညီ လည်း ဖြစ်၏။ သူသည်ဇေရုယာသား ယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို့သည် အဒေါနိယဘက်မှာ နေကြ၏။
7Akarangana naJoabhu, mwanakomana waZeruya, naAbhiatari mupristi, ivo vakatevera Adhonia, vakamubatsira.
8ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာ ယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣအစရှိသော ဒါဝိဒ်၏ မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို့ မဝင်ကြ။
8Asi Zadhoki mupristi, naBhenaya mwanakomana waJehoyadha, naNatani muporofita, naShimei, naRei, nemhare dzakanga dzina Dhavhidhi, havana kutevera Adhonia.
9အဒေါနိယသည် အင်္ရောဂေလမြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသော အကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သား မိမိညီ များနှင့်ရှင်ဘုရင်၏ ကျွန်ယုဒလူများအပေါင်းတို့ကို ခေါ်ဘိတ်လေ၏။
9Adhonia akabaya makwai nenzombe, nemhuru dzakakora, pabwe reZohereti, raiva paEni-rogeri, akadana hama dzake dzose ivo vanakomana vamambo, navarume vose vaJudha, varanda vamambo;
10ပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကား မခေါ်မဘိတ်။
10asi haana kudana Natani muporofita, naBhenaya, nemhare, naSoromoni munin'ina wake.
11ထိုအခါနာသန်သည် ရှောလမုန် အမိဗာသရှေဘထံသို့သွား၍၊ ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှင်ဘုရင်လုပ်ကြောင်းကို ကြားပြီလော။ တို့အရှင်ဒါဝိဒ် သည် မသိပါတကား။
11Ipapo Natani akataura naBhatishebha mai vaSoromoni, akati, Hauna kunzwa here kuti Adhonia mwanakomana waHagiti, wobata ushe, asi Dhavhidhi ishe wedu haazvizivi?
12ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကို ချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါ ရစေ။
12Naizvozvo zvino uya ndikupe zano, kuti urwire upenyu bwako noupenyu bwomwanakomana wako Soromoni.
13ဒါဝိဒ်မင်းကြီးထံတော်သို့ဝင်၍၊ အိုအရှင် မင်းကြီး၊ ကိုယ်တော်က သင်၏သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မ အား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို့ဖြစ်လျှင် အဒေါ နိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟု လျှောက် လော့။
13Enda upinde kuna mambo Dhavhidhi, uti kwaari, Ishe wangu mambo, hamuna kupikira murandakadzi wenyu here, mukati, Zvirokwazvo, Soromoni mwanakomana wako, ndiye uchanditevera paushe, iye uchagara pachigaro chenyu choushe? Zvino Adhonia unobatireiko ushe?
14ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ကျွန်ုပ် ဝင်၍ သင်၏စကားကို ထောက်မမည်ဟု အကြံပေးသည် အတိုင်း၊
14Zvino tarira, iwe uchiri pakutaura namambo, ini ndichapindawo shure kwako, ndichisimbisa mashoko ako.
15ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို့ ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို့သူ အဘိရှက်သည် လုပ်ကျွေးလျက်နေ၏။
15Bhati-shebha akapinda kuna mambo mumba; zvino mambo wakange akwegura kwazvo, Abhishagi muShunami waishandira mambo.
16ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။
16Ipapo Bhatishebha akakotama, akanamata kuna mambo. Mambo akati, Unoreveiko?
17ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော် က သင်၏သား ရှောလမုန်သည်ငါ့အရာ၌ စိုးစံ၍နန်းထိုင် ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကိုယ်တော်ကျွန်မအား ကျိန်ဆိုတော်မူပြီ။
17Iye akati kwaari, Ishe wangu, imwi makapikira murandakadzi wenyu naJehovha Mwari wenyu, mukati, Zvirokwazvo, Soromoni mwanakomana wako ndiye uchanditevera paushe, ndiye uchagara pachigaro changu choushe.
18ယခုမှာ အဒေါနိယသည်စိုးစံပါ၏။ ကိုယ်တော် အရှင်မင်းကြီးလည်း သိတော်မမူ။
18Asi zvino tarirai, Adhonia wobata ushe; asi imwi ishe wangu mambo, hamuzvizivi.
19အဒေါနိယသည် သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို့ကို သတ်ပြီးလျှင်၊ မင်းကြီး၏ သားတော် အပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ် မင်းယွာဘတို့ကို ခေါ်ဘိတ်ပါ၏။ ကိုယ်တော် ကျွန် ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။
19Iye wabaya nzombe, nemhuru dzakakora, namakwai mazhinji, akadana vanakomana vose vamambo, naAbhiatari mupristi, naJoabhu mukuru wehondo, asi haana kudana Soromoni muranda wenyu.
20အိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏ အရာ၌စိုးစံ၍ အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့် တော်မူမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်ကို မြော်ကြည့်လျက်နေကြပါ၏။
20Zvino ishe wangu mambo, meso avaIsiraeri vose anotarira kwamuri, kuti muvaudze kuti ndianiko unofanira kukuteverai pakugara pachigaro choushe chashe wangu mambo.
21သို့မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့်အတူ ကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟု လျှောက်လေ၏။
21Kana musingadaro, kana ishe wangu mambo avata namadzibaba ake, ini nomwanakomana wangu Soromoni tichaidzwa vatadzi.
22ထိုသို့အထံတော်၌ လျှောက်စဉ်တွင်၊ ပရောဖက် နာသန်သည် ဝင်လျှင် ပရောဖက်နာသန်လာပါသည်ဟု လျှောက်ကြ၏။
22Zvino wakati achataura namambo, Natani muporofita akapindawo.
23နာသန်သည်လည်း ရှေ့တော်သို့ ရောက်သော အခါ ဦးချပြပ်ဝပ်လျက်၊
23Vakaudza mambo, vakati, Natani muporofita wasvika. Iye wakati apinda pamberi pamambo, akakotamira pasi nechiso chake pamberi pamambo.
24အိုအရှင်မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍ နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။
24Zvino Natani akati, Ishe wangu, mambo, makareva here kuti Adhonia uchakuteverai pakubata ushe, uchagara pachigaro chenyu choushe here?
25သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။
25nekuti waburuka nhasi, akabaya nzombe nemhuru dzakakora, namakwai mazhinji, akadana vanakomana vose vamambo, navakuru vehondo, naAbhiatari mupristi; tarirai, vodya nokumwa pamberi pake, vachiti, Mambo Adhonia ngaararame
26ကိုယ်တော်ကျွန်အကျွန်ုပ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ယောယဒသား ဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ။
26Asi ini muranda wenyu, naZadhoki mupristi, naBhenaya mwanakomana waJehoyadha, nomuranda wenyu Soromoni, haana kutidana.
27အရှင်မင်းကြီး၏အရာ၌ အဘယ်သူနန်းထိုင် ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမှုကို အရှင်မင်းကြီးစီရင်တော်မူပြီလောဟု လျှောက်၏။
27Chinhu ichi chinoitwa nashe wangu mambo here, mukasazivisa varanda venyu kuti ndianiko unofanira kukuteverai pakugara pachigaro choushe chashe wangu mambo?
28ထိုအခါဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကို ခေါ်ခဲ့ ပါဟု မိန့်တော်မူသည်အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ့တော်၌ ရပ်နေ၏။
28Ipapo mambo Dhavhidhi akapindura, akati, Ndidanirei Bhati-shebha. Iye akapinda kuna mambo, akamira pamberi pamambo.
29ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ် သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူသော ထာဝရ ဘုရား အသက်ရှင်တော်မူသည်အတိုင်း၊
29Zvino mambo akapika, akati, NaJehovha mupenyu, iye wakadzikunura upenyu hwangu panjodzi dzose,
30သင်၏သားရှောလမုန်သည် ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆို သည်နှင့်အညီ ယနေ့ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ၏။
30zvirokwazvo, sezvandakakupikira naJehovha Mwari waIsiraeri, ndichiti, Zvirokwazvo, Soromoni mwanakomana wako uchanditevera paushe, uchagara pachigaro changu choushe panzvimbo yangu; zvirokwazvo ndichazviita nhasi.
31ဗာသရှေဘသည် ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင် အား ရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော် အစဉ်အမြဲရှင်စေသတည်းဟု မြွက်ဆို၏။
31Ipapo Bhati-shebha akakotamira pasi nechiso chake, akapfugamira mambo, akati, Ishe wangu mambo Dhavhidhi ngaararame nokusingaperi.
32ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယဒသား ဗေနာယ တို့ကို ခေါ်ခဲ့ပါဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် ရှေ့တော်သို့ ဝင်လာကြ၏။
32Mambo Dhavhidhi akati, Ndidanirei Zadhoki mupristi, naNatani muporofita, naBhenaya mwanakomana waJehoyadha. Ivo vakapinda kuna mambo.
33ရှင်ဘုရင်ကလည်း၊ သင်တို့အရှင်၏ ကျွန်များကို ခေါ်၍ ငါသားရှောလမုန်ကို ငါ၏မြင်းလားတော်ပေါ်မှာ စီးစေလျက်၊ ဂိဟုန်မြို့သို့ ဆောင်သွားကြလော့။
33Mambo akati kwavari, Endai navaranda vashe wenyu, mutasvise Soromoni mwanakomana wangu pahesera rangu, mumuburusire Gihoni;
34ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန် သည် ထိုမြို့မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ ချီးမြှောက်ပြီးလျှင်၊ တံပိုးမှုတ်၍ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေး ကြော်ကြလော့။
34Zadhoki mupristi naNatani muporofita vamuzodze ipapo, ave mambo waIsiraeri; muridze hwamanda, muchiti, Mambo Soromoni ngaararame.
35ထိုနောက်သင်တို့လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင် ရမည်။ ငါ့ကိုယ်စားရှင်ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့် တော်မူ၏။
35Zvino mukwire muchimutevera, iye auye kuzogara pachigaro choushe, nekuti uchava mambo panzvimbo yangu; ini ndakaraira kuti ave muchinda waIsiraeri nowaJudha.
36ယောယဒသား ဗေနာယက အာမင်။ အရှင် မင်းကြီးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် လည်း ထိုသို့မိန့်တော်မူပါစေသော။
36Ipapo Bhenaya mwanakomana waJehoyadha, akapindura mambo, akati, Ameni! Jehovha, Mwari washe wangu mambo, unodarowo.
37ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော်မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါ စေသော။ အရှင်မင်းကြီးဒါဝိဒ်၏ ရာဇပလ္လင်ထက် သားတော်၏ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည် အကြောင်း စီရင်တော်မူပါစေသောဟု ရှင်ဘုရင်ကို ပြန်လျှောက်လေ၏။
37Jehovha sezvaaiva nashe wangu mambo, saizvozvowo ngaave naSoromoni, akurise chigaro chake choushe, chipfuure chigaro choushe chashe wangu mambo Dhavhidhi.
38ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက် နာသန်၊ ယောယံဒ သားဗေနာယ၊ ခေရသိလူ၊ ပေလသိ လူတို့သည် ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာ စီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွား ကြ၏။
38Ipapo Zadhoki mupristi, naNatani muporofita, naBhenaya mwanakomana waJehoyadha, navaKereti navaPereti vakaburuka, vakatasvisa Soromoni pahesera ramambo Dhavhidhi, vakamuisa Gihoni.
39ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။
39Zvino Zadhoki mupristi akatora gonamombe ramafuta paTende akazodza Soromoni. Vakaridza hwamanda, vanhu vose vakati, Mambo Soromoni ngaararame!
40လူအပေါင်းတို့သည် တီးမှုတ်လျက် နောက် တော်သို့လိုက်၍၊ မြေကြီးကွဲမတတ်ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သောအသံကို ပြုကြ၏။
40Zvino vanhu vose vakakwira, vakamutevera; vanhu vakaridza nyere, vakafara nomufaro mukuru; naizvozvo nyika ikaunga nenzwi radzo.
41အဒေါနိယနှင့် သူ၏အပေါင်းအဘော်တို့သည် စားသောက်ပွဲ ပြီးသောအခါ ထိုအသံကို ကြားကြ၏။ တံပိုးမှုတ်သံကိုယွာဘကြားလျှင်၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ပြုသံကား၊ အဘယ်သို့နည်းဟု မေးစဉ်ပင်၊
41Zvino Adhonia navose vakanga vakokwa naye, vakazvinzwa, vapedza kudya. Ipapo Joabhu wakati achinzwa inzwi rehwamanda, akati, Mhere-mhere iyi inoitirweiko muguta, zvaranyonganiswa?
42ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန် သည်လာလျှင်၊ အဒေါနိယကဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသိတင်းကို ကြားပြော လိမ့်မည်ဟု ဆိုလျှင်၊
42Wakati achitaura, Jonatani mwanakomana waAbhiatari mupristi, akasvika; Adhonia akati kwaari, Pinda, nekuti uri munhu wakatendeka, unouya namashoko akanaka.
43ယောနသန်က၊ အကယ်စင်စစ် ငါတို့အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။
43Ipapo Jonatani akapindura, akati kuna Adhonia, Zvirokwazvo ishe wedu mambo Dhavhidhi wakagadza Soromoni paushe.
44ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန် နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။
44Uye mambo wakatuma Zadhoki mupristi, naNatani muporofita, naBhenaya mwanakomana waJehoyadha, navaKereti navaPereti, vakamutasvisa pahesera ramambo;
45ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက်နာသန် တို့သည် ရှောလမုန်ကို ဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှ ဝမ်းမြောက်စွာ လာပြန်၍၊ တမြို့လုံးအုတ်အုတ် ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။
45uye Zadhoki mupristi, naNatani muporofita vakamuzodza paGihoni kuti ave mambo; vakabva ipapo, vakakwira nomufaro, naizvozvo guta rinowunga. Ndiyo mhere-mhere yamanzwa.
46ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာ ထိုင်ပါ၏။
46Zvino Soromoni wogara pachigaro choushe.
47ရှင်ဘုရင်၏ ကျွန်တို့သည်လည်း တို့အရှင် ဒါဝိဒ်မင်းကြီးကို ကောင်းကြီးပေးခြင်းငှါ သွား၍ဘုရား သခင်သည် ရှောလမုန်၏နာမကို ခမည်းတော်၏နာမ ထက်သာ၍ ချီးမြှောက်တော်မူပါစေသော။ သူ၏ရာဇ ပလ္လင်ကို ခမည်းတော်၏ ရာဇပလ္လင်ထက်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟု လျှောက်လျှင်၊ ရှင်ဘုရင်သည် သာလွန်တော်ပေါ်မှာ ဦးချလျက်၊
47Uyewo, varanda vamambo vakaenda kuzokudza ishe wedu mambo Dhavhidhi, vachiti, Mwari ngaakurise zita raSoromoni, ripfuure zita renyu, akurise chigaro chake, chipfuure chigaro chenyu choushe; mambo akakotama panhovo dzake.
48ငါသည် ကိုယ်မျက်စိနှင့်မြင်စေခြင်းငှါ၊ ငါ့နန်း ပေါ်မှာ ထိုင်ရသော သူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟု မိန့်တော်မူကြောင်းကို အဒေါနိယအား ပြန်လျှောက်လေ၏။
48Uyezve mambo wakataura akati, Jehovha Mwari waIsiraeri ngaakudzwe, wakagadza mumwe nhasi kuti agare pachigaro changu choushe, meso angu achizviona.
49ထိုအခါ အဒေါနိယနှင့် ပေါင်းဘော်သော သူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ထ၍ တယောက် တခြားစီ သွားကြ၏။
49Zvino vose vakanga vakakokwa naAdhonia vakatya, vakasimuka, mumwe nomumwe akaenda hake.
50အဒေါနိယသည်လည်း ရှောလမုန်ကို ကြောက် သဖြင့် ထသွား၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
50Adhonia akatya nokuda kwaSoromoni, akasimuka, akandobata nyanga dzeatari.
51အဒေါနိယသည် ရှောလမုန်မင်းကြီးကို ကြောက်၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်၊ ရှောလမုန် မင်းကြီးသည် ကျွန်တော်ကို မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော်မူပါစေဟုဆိုကြောင်းကို ရှောလမုန် အားလျှောက်လေသော်၊
51Zvino Soromoni akaudzwa, zvichinzi, Tarirai, Adhonia unotya mambo Soromoni, nekuti wandobata nyanga dzeatari, akati, Mambo Soromoni ngaandipikire nhasi, kuti haangaurayi muranda wake nomunondo.
52ရှောလမုန်က၊ သူသည်လူကောင်းဖြစ်လျှင်၊ ဆံခြည်တပင်မျှ မြေသို့မကျရ။ အပြစ်ရှိလျှင် အသေခံရ မည်ဟု အမိန့်တော်ရှိ၍၊
52Ipapo Soromoni akati, Kana akazova murume chaiye, ruvhudzi rwake kunyange rumwe harungawiri pasi; asi kana zvakaipa zvikawanikwa maari, uchafa.
53လူကိုစေလွှတ်သဖြင့်၊ အဒေါနိယကို ယဇ်ပလ္လင် မှ ခေါ်ခဲ့သည်အတိုင်း၊ သူသည်လာ၍ ရှောလမုန်မင်းကြီး ရှေ့မှာ ဦးချလေ၏။ ရှောလမုန်ကလည်း၊ သင့်အိမ်သို့ သွားလော့ဟု မိန့်တော်မူ၏။
53Naizvozvo mambo Soromoni akatuma vanhu, vakandomubvisa paatari. Akauya, akanamata kuna mambo Soromoni. Soromoni akati kwaari, Enda kumba kwako.