Myanmar

Shona

1 Kings

11

1ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။
1Zvino mambo Soromoni wakange achida vakadzi vazhinji vatorwa pamwechete nomukunda waFarao, vakadzi vavaMoabhu, navaAmoni, navaEdhomu, navaZidhoni, navaHiti;
2ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
2vaiva vendudzi dzakanga dzanzi naJehovha kuvana vaIsiraeri: Musaenda pakati pavo, naivo ngavarege kupinda pakati penyu; nekuti zvirokwazvo, vachatsausa moyo yenyu mukazotevera vamwari vavo; zvino Soromoni wakanamatira ivavo achivada.
3မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။
3wakange ana vakadzi vana mazana manomwe, vakunda vamadzimambo, navarongo vana mazana matatu; vakadzi vake vakatsausa moyo wake.
4ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။
4Nekuti Soromoni wakati akwegura, vakadzi vake vakatsausa moyo wake kuti atevere vamwe vamwari; moyo wake hauna kuzova wakarurama kwazvo kuna Jehovha Mwari wake, sezvakanga zvakaita moyo waDhavhidhi baba vake.
5ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊
5Nekuti Soromoni wakatevera Ashitoreti, mwarikadzi wavaZidhoni, naMirikomi mwari unonyangadza wavana vaAmoni.
6ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
6Naizvozvo Soromoni wakaita zvakaipa pamberi paJehovha, haana kutevera Jehovha kwazvo, sezvakaita Dhavhidhi baba vake.
7ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။
7Zvino Soromoni akavakira Kemoshi, mwari unonyangadza waMoabhu, dunhu rakakwirira pagomo riri pamberi peJerusaremu; naMoreki, mwari unonyangadza wavana vaAmoni.
8မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။
8Saizvozvo akaitirawo vakadzi vake vose vatorwa, vaipisira vamwari vavo zvinonhuhwira nokuvabayira.
9အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား၊နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊
9Zvino Jehovha akatsamwira Soromoni, nekuti moyo wake wakatsauka kuna Jehovha Mwari walsiraeri, iye wakange azviratidza kaviri kwaari,
10ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကိုနားမထောင်သောကြောင့်၊ ထာဝရ ဘုရားအမျက်ထွက်တော်မူလျက်၊
10akamuraira pamusoro pechinhu ichi, kuti arege kutevera vamwe vamwari; asi haana kuita zvaakanga arairwa naMwari.
11သင်သည်ဤသို့ပြု၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကိုမစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ်၍ သင့်ကျွန် အား ပေးမည်။
11Naizvozvo Jehovha akati kuna Soromoni, Zvawaita izvozvi, ukasachengeta sungano yangu nemitemo yangu, yandakakuraira, zvirokwazvo ndichabvarura ushe hwako, ndihubvise kwauri, ndihupe muranda wako.
12သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကို ထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။
12Kunyange zvakadaro handingazviiti pamazuva ako nokuda kwaDhavhidhi baba vako; asi ndichahubvarura, ndikahubvisa paruoko rwomwanakomana wako.
13သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန် ဒါဝိဒ်နှင့်ငါ ရွေးကောက်သော ယေရုရှလင်မြို့ကို ထောက်၍၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
13Kunyange zvakadaro handingahwubvaruri ndikahubvisa hwose asi ndichapa mwanakomana wako rudzi rumwe nokuda kwaDhavhidhi muranda wangu, uye nokuda kweJerusaremu, iro guta randakatsaura.
14ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ်၏။
14Zvino Jehovha akamutsira Soromoni Hadhadhi muEdhomu, kuti arwe naye; iye wakange ari worudzi rwamambo paEdhomu.
15အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ၊
15Nekuti panguva iya Dhavhidhi ari paEdhomu, Joabhu mukuru wehondo wakati akwira kundoviga vakanga vaurawa, apedza kuuraya varume vose paEdhomu;
17ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန်ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။
16(nokuti Joabhu navaIsiraeri vose vakagarapo mwedzi mitanhatu, kusvikira vaparadza varume vose paEdhomu;)
18မိဒျန်ပြည်မှထွက်၍ မါရန်ပြည်သို့ ရောက်လေ၏။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။
17Hadhadhi akatiza, akaenda Egipita, iye navamwe vaEdhomu pakati pavaranda vababa vake, iye Hadhadhi achiri mwana muduku.
19ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ်၍ မိမိခင်ပွန်းမိဖုရားတာပနက်၏ညီမကို ပေးစား၏။
18Ivo vakasimuka, vakabva Midhiani, vakasvika Parani; vakatora vamwe varume veParani, vakaenda Egipita kuna Farao mambo weEgipita; iye akamupa imba, akaraira kuti apiwe zvokudya, akamupawo nyika pokugara.
20တာပနက်၏ ညီမသည်သား ဂေနုဗက်ကို ဘွားမြင်၍၊ တာပနက်သည်နန်းတော်၌နို့ခွါသဖြင့်၊ ဂေနုဗတ်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့်အတူနေ၏။
19Hadhadhi akazofarirwa kwazvo naFarao; naizvozvo akamupa muramu wake, munin'ina wavahosi vake Tapenesi, ave mukadzi wake.
21ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ၏။
20Munin'ina waTapenesi akamuberekera mwanakomana wake Genubhati, wakarumurwa naTapenesi mumba maFarao; Genubhati akagara mumba maFarao, pakati pavanakomana vaFarao.
22ဖာရောဘုရင်က၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟုမေးသော်၊ အဘယ်အရာမျှမလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ၏။
21Zvino Hadhadhi wakati achinzwa kuti Dhavhidhi wavata namadzibaba ake, uye kuti Joabhu mukuru wehondo wafa, Hadhadhi akati kuna Farao, Regai ndiende hangu kunyika yangu.
23ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊
22Farao akati kwaari, Washaiweiko kwandiri, zvaunoda kudzokera kunyika yako? Akapindura, akati, Handina kushaiwa chinhu; kunyange zvakadaro ndiregei henyu ndiende.
24လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ၏။
23Zvino Jehovha akamumutsirazve mumwe kuzorwa naye, Rezonhi mwanakomana waEriadha, wakange atiza kunashe wake Hadhadhezeri mambo weZobha
25ဟာဒဒ်နှောင့်ရှက်သောအမှုမှတပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကို အစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။
24akaunganidzira vanhu kwaari, akava mukuru wehondo panguva Dhavhidhi yaakauraya veZobha; vakaenda Dhamasiko, vakagarapo, vakabata ushe paDhamasiko.
26ထိုမှတပါးရှောလမုန်၏ ကျွန်တယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း။
25Iye akarwa naIsiraeri mazuva ose aSoromoni, zvimwe zvakashata zvakaitwa naHadhadhi zvisingaverengwi iye akavenga vaIsiraeri, akabata ushe paSiria.
27ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည်၍၊ ခမည်းတော်ဒါဝိဒ် ၏မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊
26Jerobhoamuwo, mwanakomana waNebhati, muEfuremu weZeredha, muranda waSoromoni, zita ramai vake rainzi Zerua, yaiva chirikadzi, wakamukirawo mambo.
28ယေရောဗောင်သည် ခွန်အားကြီးသော သူရဲ ဖြစ်၏။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်း ကို ရှောလမုန်သည်မြင်လျှင်၊ ယောသပ်အမျိုးဆောင်ရွက် ရသောအမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ၏။
27Iye wakamukira mambo nemhaka yokuti Soromoni wakange avaka Miro, akagadzira pakanga pakaputsika paguta raDhavhidhi baba vake.
29တရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရော ဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊
28Zvino murume uyu Jerobhoamu wakange ari murume wesimba noumhare, Soromoni akaona kuti jaya iro raibata kwazvo, akamuita mutariri wamabasa ose eimba yaJosefa.
30အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင်၊
29Zvino panguva iyo Jerobhoamu wakati achibuda Jerusaremu, muporofita Ahija muShiro akasangana naye panzira; zvino Ahija wakange akafuka nguvo itsva; ivo vakanga vari vaviri voga kusango.
31ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။
30Ahija akabata nguvo itsva yaakafuka, akaibvarura akaita mapande ane gumi namaviri.
32ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တခရိုင်ကို ယူရ၏။
31Akati kuna Jerobhoamu, Chizvitorera mapande ane gumi, nekuti zvanzi naJehovha, Mwari waIsiraeri, Tarira, ndinobvarura ushe, ndihwubvise kuna Soromoni, ndikupe marudzi ane gumi.
33ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက်။
32(Asi iye uchava norudzi rumwe nokuda kwaDhavhidhi muranda wangu, uye nokuda kweJerusaremu, guta randakatsaura kumarudzi ose aIsiraeri;)
34သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှ ငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။
33nekuti vakandirasha, vakanamata kuna Ashitoreti mwarikadzi wavaZidhoni, naKemoshi mwari wavaMoabhu, naMirikomi mwari wavana vaAmoni; havana kufamba panzira dzangu, nokuita zvakarurama pamberi pangu, nokuchengeta mitemo yangu nezvandakatonga, sezvakaita Dhavhidhi baba vake.
35ရှောလမုန်၏သားလက်မှ နိုင်ငံတော်ကို နှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်။
34Kunyange zvakadaro handingabvisi ushe hwose paruoko rwake, asi ndichamuita muchinda mazuva ose oupenyu hwake nokuda kwaDhavhidhi muranda wangu, wandakatsaura; nekuti wakachengeta mirairo yangu nezvandakatema.
36ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး၏။
35Asi ndichabvisa umambo kumwanakomana wake, ndihupe iwe, iwo marudzi ane gumi.
37သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြု ရ၏။
36Asi mwanakomana wake ndichamupa rudzi rumwe, kuti Dhavhidhi muranda wangu ave nomwenje nguva dzose pamberi pangu paJerusaremu, iro guta randakazvitsaurira, ndiise zita rangupo.
38သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဘို့ မြဲမြံ သောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဘို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။
37ndichakutora iwe, ugobata ushe sezvinoda moyo wako, ugova mambo waIsiraeri.
39ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည်။ သို့ရာတွင် အစဉ်နှောင့်ရှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
38Kana ukateerera zvose zvandinokuraira, ukafamba munzira dzangu, ukaita zvakarurama pamberi pangu, ukachengeta zvandatema nemirairo yangu, sezvakaita Dhavhidhi muranda wangu, ini ndichava newe, ndichakuvakira imba yakasimba, sezvandakavakira Dhavhidhi, ndigokupa Isiraeri.
40ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုရှင်ဘုရင် ရှိရက်ထံသို့ပြေးသဖြင့်၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည်၌ နေလေ ၏။
39Nekuti nemhaka iyi ndichatambudza vana vaDhavhidhi, asi handingazviiti nokusingaperi.
41ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ သူ၏ပညာစကားသည် ရှောလမုန်ဝတ္ထု၌ ရေးထား လျက်ရှိ၏။
40Naizvozvo Soromoni akatsvaka kuuraya Jerobhoamu; asi Jerobhoamu wakasimuka, akatizira Egipita kuna Shishaki mambo weEgipita, akagarapo paEgipita kusvikira pakufa kwaSoromoni.
42ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
41Zvino mamwe mashoko aSoromoni, nezvose zvaakaita, nokungwara kwake, hazvina kunyorwa here mubhuku ramabasa aSoromoni?
43ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝိဒ်မြို့၌သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
42Zvino nguva yakabata Soromoni vaIsiraeri vose paJerusaremu aiva makore makumi mana.
43Ipapo Soromoni akavata namadzibaba ake, akavigwa muguta raDhavhidhi baba vake, Rehobhoamu mwanakomana wake akazomutevera pakubata ushe.