1တဖန်ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ သင့်ကို ဘိသိက်ပေးမည် အကြောင်း၊ ငါ့ကို အထက်စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။
1Zvino Samueri akati kuna Sauro, Jehovha wakandituma kuti ndikuzodze, uve mambo wavanhu vake ivo vaIsiraeri; naizvozvo zvino chinzwa mashoko aJehovha.
2ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။-
2Zvanzi naJehovha wehondo, Ndakacherekedza zvakaitirwa Isiraeri navaAmareki, kuti vakavadzivirira panzira nguva yokubva kwavo Egipita.
3ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည် အတိုင်း၊
3Zvino chienda undokunda vaAmareki, uparadze chose zvose zvavanazvo, usavarega; asi uuraye varume navakadzi vose, navacheche navanomwa, nemombe namakwai, namakamera nembongoro.
4ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲနှစ်သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
4Sauro akadana vanhu, akavaverenga paTeraimi, vakasvika zviuru zvina mazana maviri zvavaifamba namakumbo, navarume vavaJudha vane zviuru zvine gumi.
5ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ၊
5Sauro akasvika paguta ravaAmareki, akavavandira pamupata.
6ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ် စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလအမျိုးသား တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည် အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။
6Sauro akati kuvaKeni, Endai mubve, muburuke mubve pakati pavaAmareki, ndirege kukuparadzai pamwechete navo; nekuti imwi makava nomoyo munyoro navana vose vaIsiraeri, panguva yokubuda kwavo Egipita. Naizvozvo vaKeni vakabva pakati pavaAmareki.
7ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တဘက်တချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက် လူတို့ကို လုပ်ကြံလေ၏။
7Ipapo Sauro akaparadza vaAmareki, kubva paHavira kusvikira paShuri, pakatarisana neEgipita.
8အာမလက်ရှင်ဘုရင်အာဂတ်ကို အရှင်ဘမ်းမိ၏။ လူအပေါင်းတို့ကို ထားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
8Akabata Agagi, mambo wavaAmareki achiri mupenyu, akaparadza vanhu vose chose neminondo inopinza.
9သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
9Asi Sauro navanhu vakarega Agagi, namakwai akaisvonaka, nedzimwe mombe, nezvimwe zvakakora, namakwayana, nezvose zvakanga zvakanaka, vakaramba kuzviparadza chose; asi zvose zvavakazvidza, zvakanga zvisina kunaka, ndizvo zvavakaparadza chose.
10ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ -
10Zvino shoko raJehovha rakasvika kuna Samueri, rikati,
11ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
11Ndinozvidemba zvandakagadza Sauro ave mambo, nekuti wadzoka, haachanditeveri, haana kuita sezvandakamuraira. Samueri akava neshungu, akachema kuna Jehovha usiku hwose.
12နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။
12Zvino Samueri akamuka mangwanani kundosangana naSauro. Samueri akaudzwa, zvichinzi, Sauro wakasvika Karimeri, akazvimisira shongwe, zvino watsauka, wapfuura, waburukira Girigari.
13ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီးပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရားအမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။
13Samueri akasvika kuna Sauro, Sauro akati kwaari, Jehovha ngaakuropafadze; ndaita sezvandakarairirwa naJehovha.
14ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော်၊
14Samueri akati, Ko kuchema uku kwamakwai munzeve dzangu nokukuma kwemombe kwandinonzwa kunoti kudiniko?
15ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။
15Sauro akati, Vabva nazvo kuvaAmareki, nekuti vanhu havana kuuraya makwai akaisvonaka nenzombe, kuti vabayire Jehovha Mwari wenyu; asi zvimwe zvose takazviparadza chose.
16ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။
16Ipapo Samueri akati kuna Sauro, Nyarara, ndikuzivise zvandakaudzwa naJehovha usiku uhwu. Akati kwaari, Taurai henyu.
17ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော။
17Samueri akati, Kunyange wakange uri muduku pakufunga kwako, hauna kuitwa mukuru wamarudzi avaIsiraeri here? Jehovha wakakuzodza, kuti uve mambo waIsiraeri;
18ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ၏။
18Jehovha akakutuma parwendo, akati, Enda, uparadze chose vatadzi, ivo vaAmareki, urwe navo kusvikira vapera.
19သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊
19Zvino wakaregereiko kuteerera inzwi raJehovha, asi wakamhanyira zvakapambwa, ukaita zvakaipa pamberi paJehovha?
20ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ။
20Sauro akati kuna Samueri, Zvirokwazvo ndakateerera inzwi raJehovha, ndikaenda nenzira yandakanga ndatumwa naJehovha, ndikauya naAgagi mambo wavaAmareki, ndikaparadza vaAmareki chose.
21သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော် လိုသောငှါ လုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူ ကြပါပြီဟု ပြောဆိုပြန်၏။
21Asi vanhu, ndivo vakatora zvakapambwa, makwai nenzombe nezvakanaka pazvinhu zvakanga zvatsaurwa, kuti vabayire Jehovha Mwari wenyu paGirigari.
22ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
22Samueri akati, Ko Jehovha ungafarira zvipiriso zvinopiswa nezvibayiro, sezvaanofarira kuteerera inzwi raJehovha here? Tarira, kuteerera kunokunda zvibayiro, nokunzwa kunokunda mafuta amakondobwe.
23ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။
23nekuti kumukira Jehovha kwakafanana nechivi chokuuka, uye kusindimara kwakafanana nokunamata kuzvifananidzo neterafimi. Zvawakaramba shoko raJehovha, naiye wakakurambawo kuti urege kuva mambo.
24ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။
24Ipapo Sauro akati kuna Samueri Ndakatadza, nekuti ndakadarika murayiro waJehovha, uye namashoko enyu, nekuti ndakatya vanhu, ndikateerera manzwi avo.
25အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊
25Zvino ndinokumbira kuti mundikangamwirewo zvivi zvangu, mudzoke neni, ndinamate kuna Jehovha.
26ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊
26Samueri akati kuna Sauro, Handingadzoki newe, nekuti wakaramba shoko raJehovha, naJehovha wakuramba newewo kuti urege kuva mambo waIsiraeri.
27လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။
27Zvino Samueri wakati achitendeuka, achido-kubva, Sauro akabata mupendero wenguvo yake, iyo ikabvaruka.
28ရှမွေလကလည်း၊ ယနေ့ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှ ဆုတ်ယူ၍၊ သင့်ထက်ကောင်း သော သင်၏ အိမ်နီးချင်းအား ပေးတော်မူပြီ။
28Samueri akati kwaari, Jehovha wakabvarura ushe hwaIsiraeri kwauri nhasi, akahupa mumwe wokwako unokukunda nokunaka.
29ထိုမှတပါး ဣသရေလအမျိုး၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း၊ နောင်တရခြင်း နှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှါ လူဖြစ်တော်မမူဟုဆိုသော်၊
29Uyewo Mutendiwa waIsiraeri haangarevi nhema, kana kuzvidemba; nekuti haazi munhu ungazvidemba.
30ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့၌၎င်း၊ ဣသရေလအမျိုးရှေ့၌၎င်း၊ အကျွန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊
30Ipapo iye akati, Ndakatadza hangu, asi ndikudzei henyu pamberi pavakuru vangu, napamberi paIsiraeri, mudzoke neni, ndinamate kuna Jehovha Mwari wenyu.
31ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။
31Naizvozvo Samueri akadzoka, akaenda naSauro, Sauro akanamata kuna Jehovha.
32ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ် က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။
32Zvino Samueri akati, Uyai kwandiri naAgagi mambo wavaAmareki. Agagi akauya kwaari, akafara. Agagi akati, Zvirokwazvo kuvava korufu kwapfuura.
33ရှမွေလက၊ မိန်းမများတို့သည် သင်၏ထားကြောင့် သားဆုံးသကဲ့သို့၊ သင်၏ အမိသည် သားဆုံး သော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။
33Samueri akati, Munondo wako sezvawakashaisa vakadzi vana, saizvozvo mai vako vachashaiwa vana pakati pavakadzi. Samueri akaguranya Agagi pamberi paJehovha paGirigari.
34ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွား လေ၏။
34Zvino Samueri akaenda Rama, naSaurowo akakwira kumba kwake paGibhiya kwaSauro.
35ရှောလု အနိစ္စမရောက်မှီတိုင်အောင်၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရတော်မူ၏။
35Samueri akasazouyazve kuona Sauro kusvikira pazuva rokufa kwake; asi Samueri wakachema Sauro, naJehovhawo akazvidemba nekuti wakange aita Sauro mambo waIsiraeri.