1ရှောလုသည်လည်း ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာသောအခါ၊ ဒါဝိဒ်သည် အင်္ဂေဒိတော၌ ရှိပါ၏ဟု ကြားလျှောက်ကြလျှင်၊
1Zvino Sauro wakati adzoka pakutevera vaFirisitia, akaudzwa zvichinzi, Tarirai, Dhavhidhi uri murenje reEnigedhi.
2ဣသရေလအမျိုးသားအပေါင်းတို့တွင် ရွေးကောက်သော လူသုံးထောင်တို့ကို ခေါ်၍၊ တောဆိတ်နေရာ ကျောက်တောင်တို့အပေါ်မှာ ဒါဝိဒ်နှင့် သူ၏လူတို့ကို ရှာအံ့သောငှါ သွားလေ၏။
2Ipapo Sauro akatora varume vane zviuru zvitatu vakanga vatsaurwa kuvaIsiraeri vose, akandotsvaka Dhavhidhi navanhu vake pamatombo engururu.
3လမ်းနားမှာ သိုးခြံရှိရာသို့ရောက်၍ ဥမင်ကို တွေ့သဖြင့်၊ ရှောလုသည် အိပ်မည်ဟု ဝင်လေ၏။ ဒါဝိဒ်နှင့်သူ၏လူတို့သည် ထိုဥမင်နံဖေး တဘက်တချက်၌ နေကြ၏။
3Akasvika pamatanga amakwai panzira pakanga pane bako, Sauro akapindamo kuti afukidze tsoka dzake. Zvino Dhavhidhi navanhu vake vakanga vagere mukati-kati mebako.
4ဒါဝိဒ်၏လူတို့ကလည်း၊ ထာဝရဘုရားက၊ သင်၏ရန်သူကို သင့်လက်၌ ငါအပ်မည်။ သူ၌ သင်ပြုချင်တိုင်းပြုရသော အခွင့်ရှိလိမ့်မည်ဟု ကိုယ်တော်အား အမိန့်ပေးတော်မူသော နေ့ရက် ရောက်ပါပြီဟု ဆိုကြလျှင်၊ ဒါဝိဒ်သည် ထ၍ ရှောလု ဝတ်လျက်ရှိသော အင်္ကျီအောက်ပိုင်းကို တိတ်ဆိတ်စွာ လှီးဖြတ်လေ၏။
4Vanhu vaDhavhidhi vakati kwaari, Iri ndiro zuva ramakaudzwa naJehovha, achiti, Tarira, ndichaisa muvengi wako muruoko rwako, umuitire sezvaunoda. Ipapo Dhavhidhi akasimuka, akagura mupendero wenguvo yaSauro iye asingazivi.
5ထိုသို့ ရှောလု၏ အင်္ကျီကို လှီးဖြတ် မိသောကြောင့်၊ ဒါဝိဒ်သည် နောက်တဖန် နောင်တရ၍၊
5Asi pashure hana yaDhavhidhi yakamutambudza, nemhaka yokuti wakange agura nguvo yaSauro.
6ထာဝရဘုရားပေးတော်မူသော ဘိသိက်ကိုခံရသော ငါအရှင်သည်၊ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါလက်ဆန့်သော အမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု မိမိလူတို့အားဆိုသဖြင့်၊
6Akati kuvanhu vake, Jehovha ngaandidzivise, ndirege kuitira ishe wangu, muzodzwa waJehovha, chinhu chakadai, nditambanudzire ruoko rwangu kwaari, nekuti ndiye muzodzwa waJehovha.
7ရှောလုကို ထိခိုက်စေခြင်းငှါ အခွင့်မပေး မြစ်တားလေ၏။ ရှောလုသည်လည်း ထ၍ ဥမင်ထဲက ထွက်သွားလေ၏။
7Naizvozvo Dhavhidhi akadzivisa vanhu vake namashoko iwayo, akasavatendera kumukira Sauro. Sauro akasimuka, akabuda mubako, akaenda hake.
8ထိုနောက် ဒါဝိဒ်သည် ထ၍ ဥမင်ထဲက ထွက်လျက်၊ ကျွန်တော်၏ သခင်အရှင်းမင်းကြီးဟု ရှောလု နောက်၌ ဟစ်သဖြင့်၊ ရှောလုသည် နောက်သို့ကြည့်သောအခါ၊ ဒါဝိဒ်သည် မြေပေါ်၌ ဦးချ၍ ပြပ်ဝပ်လျက်၊
8NaDhavhidhi wakasimukawo, akabuda mubako, akadanidzira kuna Sauro akati, Ishe wangu, mambo! Zvino Sauro wakati achicheuka, Dhavhidhi akakotamira pasi nechiso, akapfugama.
9ဒါဝိဒ်သည် ကိုယ်တော်၏အကျိုးကို ဖျက်ခြင်းငှါ ရှာကြံသည်ဟု လူအချို့ပြောသောစကားကို အဘယ်ကြောင့် နားထောင်တော်မူသနည်း။
9Dhavhidhi akati kuna Sauro, Munoteerereiko mashoko avanhu, vanoti, Tarira, Dhavhidhi unotsvaka kukukuvadzai?
10ယနေ့ ထာဝရဘုရားသည် ဥမင်ထဲမှာ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူကြောင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို သတ်စေခြင်းငှါ အချို့တို့သည် တိုက်တွန်းသော်လည်း၊ ကျွန်တော်သည် နှမြောသော စိတ်ရှိ၍၊ ငါ့အရှင်သည် ထာဝရဘုရား၏ ဘိသိက်ခံသူ ဖြစ်တော်မူ သောကြောင့်၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါ ငါသည် လက်ကို မဆန့်ဟု အကြံရှိပါ၏။
10Tarirai, zuva rino meso enyu akaona kuti Jehovha wakakuisai nhasi mumaoko angu mubako; vamwe vakati ndikuurayei, asi ndakakuregai ndikati, Handingatambanudzi ruoko rwangu kuna ishe wangu, nekuti ndiye muzodzwa waJehovha.
11ထိုမှတပါး ကျွန်တော်အဘကြည့်ရှုတော်မူပါ။ ကျွန်တော်လက်၌ အင်္ကျီတော်အောက်ပိုင်းကို ကြည့်ရှုတော်မူပါ။ အသက်တော်ကို မသတ်၊ အင်္ကျီတော်အောက်ပိုင်းကို လှီးဖြတ်ရုံမျှသာပြုသောကြောင့်၊ ကျွန်တော်၌ ဒုစရိုက်အပြစ်မရှိ၊ လွန်ကျူးခြင်းအပြစ်မရှိကြောင်းကို သိမြင်တော်မူပါ။ ကိုယ်တော်ကို မပြစ်မှားပါ။ သို့သော်လည်း ကျွန်တော်အသက်ကို သတ်အံ့သောငှါ လိုက်၍ ရှာတော်မူပါသည်တကား။
11Zvino baba vangu, tarirai, hoyo mupendero wenguvo yenyu, muruoko rwangu; nekuti zvandakagura mupendero wenguvo yenyu, ndikasakuurayai, muzive, muwone, kuti hakuna chakaipa kana kudarika kwandiri; handina kukutadzirai, kunyange makandivhima kuti munditorere upenyu hwangu.
12ထာဝရဘုရားသည် ကျွန်တော်နှင့် ကိုယ်တော်စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကျွန်တော်အား ပြစ်မှားသောအပြစ်ကို ထာဝရဘုရား ဆပ်ပေးတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
12Jehovha ngaatonge pakati pangu nemi, Jehovha ngaanditsive kwamuri; asi ruoko rwangu harungarwi nemi.
13ရှေးပုံစကားလာသည်အတိုင်း၊ ဆိုးသောသူလက်မှ ဆိုးသောအမှုထွက်တတ်၏။ သို့ရာတွင် ကျွန်တော်လက်သည် ကိုယ်တော်အပေါ်သို့ မရောက်ပါစေနှင့်။
13Sezvinoreva tsumo yavekare, Kune wakaipa kunobuda zvakaipa; asi ruoko rwangu harungarwi nemi.
14ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကို လိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။
14Ko mambo waIsiraeri wakabuda achitsvaka aniko? Munodzingana naniko? Imbwa yakafa, rutata harwo.
15သို့ဖြစ်၍ ထာဝရဘုရားသည် တရားသူကြီးလုပ်တော်မူပါစေသော။ ကျွန်တော်နှင့် ကိုယ်တော် စပ်ကြားမှာ စီရင်တော်မူပါစေသော။ ကြည့်ရှု၍ ကျွန်တော်အမှုကို စောင့်သဖြင့်၊ ကျွန်တော်ကို ကိုယ်တော်လက်မှ ကယ်လွှတ်တော်မူပါစေသောဟု ရှောလုအား လျှောက်ဆို၏။
15Naizvozvo Jehovha ngaave mutongi, ngaatonge pakati pangu nemi, awone, andireverere pamhosva yangu, andirwire paruoko rwenyu.
16ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင် လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကို လွှင့်၍ ငိုကြွေးလေ၏။
16Dhavhidhi wakati apedza kutaura mashoko iwayo kuna Sauro, Sauro akati, inzwi rako here, mwana wangu; Dhavhidhi? Sauro akachema kwazvo.
17တဖန်လည်း၊ သင်သည် ငါ့ထက်သာ၍ တရားစောင့်၏။ သင့်အကျိုးကို ငါဖျက်သော်လည်း၊ သင်သည် ငါ၌ အကျိုးကျေးဇူးပြုပြီ။
17Akati kuna Dhavhidhi, Iwe unondikunda pakururama, nekuti iwe wakandiitira zvakanaka, asi ini ndakakuitira zvakaipa.
18ငါ၌ အဘယ်သို့ကျေးဇူးပြုသည်ကို သင်သည် ယနေ့ပြပြီ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ့ကို သင့်လက်၌ အပ်တော်မူသော်လည်း၊ သင်သည် မသတ်ဘဲနေပါသည်တကား။
18Warondedzera nhasi pawakandiitira zvakanaka, nekuti hauna kundiuraya, kunyange Jehovha akandiisa muruoko rwako.
19လူသည် ရန်သူကို တွေ့လျှင် ချမ်းသာစွာ လွှတ်လိမ့်မည်လော။ သို့ဖြစ်၍ သင်သည် ငါ၌ယနေ့ပြုသော ကျေးဇူးကို ထာဝရဘုရား ဆပ်တော်မူပါစေသော။
19Nekuti kana munhu achinge awana muvengi wake, ungamurege akaenda hake here? Naizvozvo Jehovha ngaakuripire zvakanaka nokuda kwezvawakandiitira nhasi.
20ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်လိမ့်မည်ဟူ၍၎င်း၊ ဣသရေလ နိုင်ငံသည် သင့်လက်၌ တည်လိမ့်မည်ဟူ၍၎င်း၊ ငါအမှန်သိ၏။
20Zvino tarira, ndinoziva kuti iwe uchazova mambo zvirokwazvo, uye kuti ushe hwaIsiraeri huchasimbiswa muruoko rwako.
21သို့ဖြစ်၍ သင်သည် ငါ၏သားစဉ်မြေးဆက်တို့ကို မသုတ်သင်၊ ငါ့အဆွေအမျိုးထဲက ငါ၏နာမကို မပယ်ရှင်းမည်အကြောင်း ထာဝရဘုရားကို တိုင်တည်၍ ငါ့အားကျိန်ဆိုခြင်းကို ပြုလော့ဟု ဒါဝိဒ်အားဆိုပြီးမှ၊
21Naizvozvo pika zvino kwandiri naJehovha kuti haungaparadzi vana vangu vanonditevera, uye kuti haungaparadzi zita rangu mumba mababa vangu.
22ဒါဝိဒ်သည် ရှောလုအား ကျိန်ဆိုခြင်းကိုပြု၍ ရှောလုသည် မိမိနေရာသို့ သွား၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည်လည်း ခိုင်ခံ့သောအရပ်သို့ သွားကြ၏။
22Ipapo Dhavhidhi akapika kuna Sauro. Sauro akaenda kumusha kwake, asi Dhavhidhi navanhu vake vakaenda kunhare yavo.