1ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော် ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
1Joashi akanga asvika makore manomwe pakutanga kwake kubata ushe; akabata ushe paJerusaremu makore makumi mana; zita ramai vake rakanga riri Zibhia weBheerishebha.
2ယဇ်ပုရောဟိတ်ယောယဒလက်ထက် ကာလပတ် လုံး၊ ယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသော အမှုကို ပြု၏။
2Joashi akaita zvakanaka pamberi paJehovha mazuva ose omupristi Jehoyadha.
3ယောယဒပေးစားသော မိန်းမနှစ်ယောက်နှင့် စုံဘက်၍ သားသမီးတို့ကို မြင်ရ၏။
3Jehoyadha akamutsvakira vakadzi vaviri; akabereka vanakomana navanasikana .
4ထိုနောက်မှ၊ ယောရှသည် ဗိမာန်တော်ကို ပြုပြင်မည် အကြံရှိလျက်၊
4Zvino shure kwaizvozvi Joashi akarangarira kuvandudza imba yaJehovha.
5ယဇ်ပုရောဟိတ် လေဝိသားတို့ကို စုဝေးစေ၍၊ သင်တို့ဘုရား သခင်၏အိမ်တော်ကို ပြုပြင်ခြင်းငှါ၊ ယုဒမြို့ တို့ကို လှည့်လည်သဖြင့်၊ နှစ်တိုင်းအစဉ် ဣသရေလ လူအပေါင်းတို့မှ ငွေကိုခံယူ၍၊ အမှုပြီးအောင် ကြိုးစား အားထုတ်ကြလော့ဟုမိန့်တော်မူ၏။ သို့သော်လည်း၊ လေဝိသားတို့သည် မကြိုးစားဘဲနေကြ၏။
5Akakokera vapristi navaRevhi, akati kwavari, Budirai kumaguta aJudha, muunganidze kuvalsiraeri vose mari yokugadzirisa nayo imba yaMwari wenyu gore rimwe nerimwe; uye mubve machimbidzikira chinhu ichi! Asi vaRevhi havana kuchimbidzika.
6တဖန်ရင်သည် ယဇ်ပုရောဟိတ်အကြီး ယောဒ ကို ခေါ်၍၊ သက်သေခံတော်မူချက် တဲတော်အဘို့၊ ထာဝရဘုရား၏ကျွန် မောရှေနှင့် စည်းဝေးရာ ဣသ ရေလပရိတ်သတ်ပြုသည်နည်းတူ၊ လေဝိသားတို့သည် ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်တို့မှ ငွေကို ခံယူ၍ဆောင်ခဲ့မည်အကြောင်း၊ အဘယ်ကြောင့် မမှာ ထားဘဲနေသနည်းဟု မေးတော်မူ၏။
6Zvino mambo akadana mukuru Jehoyadha, akati kwaari, Makaregereiko kuraira vaRevhi kundounganidza mutero waMozisi muranda waJehovha paJudha napaJerusaremu napaungano yaIsiraeri, zviiswe patende rechipupuriro?
7အဓမ္မမိန်းမအာသလိ၏သားတို့သည် ဗိမာန် တော်ကို ဖြိုဖျက်၍၊ ဗိမာန်တော်၌ ပူဇော်သော ဘဏ္ဍာ ရှိသမျှတို့ကိုလည်း ဗာလဘုရားတို့အား ပူဇော်ကြ၏။
7nekuti vanakomana vaAtaria, mukadzi uya wakaipa, vakanga vaputsa imba yaMwari; nezvinhu zvose zveimba yaJehovha, zvakanga zvakatsaurirwa Mwari, vakazvipa vaBhaari.
8ရှင်ဘုရင်အမိန့်တော်အတိုင်း သေတ္တာကိုလုပ်၍၊ ဗိမာန်တော်ပြင်၊ တံခါးနားမှာ ထားကြ၏။
8Naizvozvo mambo akaraira, vakaveza bhokisi, vakariisa kunze kwesuwo reimba yaJehovha.
9ဘုရားသခင်၏ကျွန် မောရှေသည်တောမှာ ဣသရေလအမျိုး၌ ငွေခွဲသည်အတိုင်း၊ ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်ဟု ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ ကြော်ငြာကြ၏။
9Zvino vakatuma shoko pakati paJudha neJerusaremu, kuti vanhu vavigire Jehovha mutero wakarairwa vaIsiraeri murenje naMozisi muranda waMwari.
10မင်းများနှင့်ပြည်သူပြည်သားများ အပေါင်းတို့ သည်၊ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့၍၊ လက် စသတ်သည်တိုင်အောင် သေတ္တာထဲသို့ သွင်းထားကြ၏။
10Machinda ose navanhu vose vakafara, vakauya nazvo, vakazvikanda mubhokisi, kusvikira vapedza.
11ထိုသေတ္တာကို လေဝိသားတို့သည် ဘဏ္ဍာတော် တိုက်ထဲသို့သွင်း၍၊ ငွေများသည်ကို သိမြင်လျှင်၊ ရှင်ဘုရင် ၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်း၏စာရေး သည်လာ၍၊ ငွေကိုထုတ်ယူပြီးမှ၊ သေတ္တာကို သူ့နေရာ၌ ထားပြန်၏။ ထိုသို့နေ့တိုင်းပြု၍ များစွာသောငွေကို စုထားကြ၏။
11Zvino nguva dzose kana bhokisi richiiswa paimba yamambo namaoko avaRevhi, kana vakaona kuti mari zhinji yavamo, munyori wamambo nomutariri womupristi mukuru vakauya vakadurura zviri mubhokisi, vakaritora ndokuridzoserazve panzvimbo yaro. Vakaita kudaro zuva rimwe nerimwe, vakaunganidza mari zhinji.
12ရှင်ဘုရင်နှင့်ယောယဒသည် ဗိမာန်တော်၏ အမှုတော်စောင့်တို့၌ ထိုငွေကိုအပ်၍ ဗိမာန်တော်ကို ပြုပြင်စေခြင်းငှါ၊ ပန်းရန်သမား၊ လက်သမား၊ ပန်းပဲသမား၊ ပန်းတဉ်းသမား တို့အား ပေးဝေကြ၏။
12Zvino mambo naJehoyadha vakaipa vaibata mabasa paimba yaJehovha; vakaripira vavezi vamabwe namatanda, kuti vavandudze imba yaJehovha, navapfuri vamatare nendarira, kuti vagadzire imba yaJehovha.
13အလုပ်လုပ်သော သူတို့သည် ကြိုးစား၍ ပြုပြင် သဖြင့်၊ ဗိမာန်တော်ကို ပကတိအဖြစ်၌ ခိုင်ခံ့စေကြ၏။
13Naizvozvo vabati vakabata, basa rikapedzwa navo; vakamutsiridza imba yaMwari sezvayakanga yakaita kare, vakaisimbisa.
14လက်စသတ်သောအခါ၊ ကျန်ကြွင်းသောငွေကို ရှင်ဘုရင်နှင့် ယောယဒထံသို့ ယူခဲ့၍၊ ထိုငွေနှင့် ဗိမာန် တော်၌ အမှုတော်ကို ဆောင်ရွက်ပူဇော်ရန် တန်ဆာ၊ ရွှေဖလား၊ ငွေဖလား၊ ဇွန်းများကိုလုပ်ကြ၏။ ယောယဒ လက်ထက်ကာလပတ်လုံး၊ ဗိမာန်တော်၌ မီးရှို့ရာယဇ်ကို အစဉ်ပူဇော်ကြ၏။
14Zvino vakati vapedza, vakauya nemari yakasara kuna mambo naJehoyadha, vakaita nayo midziyo yeimba yaJehovha, iri midziyo yokubata nayo, nokubayira nayo, nezvirongo nemidziyo yendarama nesirivha. Vaibayira zvipiriso zvinopiswa mumba maJehovha mazuva ose aJehoyadha.
15ယောယဒသည် အို၍ကာလပြည့်စုံရာရောက် လျက်၊ အသက်တရာသုံးဆယ်ရှိသော်သေ၍၊
15Asi Jehoyadha akazokwegura, akava namazuva mazhinji ndokufa; akanga ana makore ane zana namakumi matatu pakufa kwake.
16ဒါဝိဒ်မြို့မှာ ရှင်ဘုရင်တို့တွင် သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ အကြောင်းမူကား၊ ဣသရေလအမျိုးတွင် ဘုရားသခင်၌၎င်း၊ အိမ်တော်၌၎င်း၊ ကျေးဇူးပြုသောသူ ဖြစ်သတည်း။
16Vakamuviga paguta raDhavhidhi pakati pamadzimambo; nekuti akanga aitira Mwari neimba yake zvakanaka pakati paIsiraeri.
17ယောယဒသေသောနောက်၊ ယုဒမင်းတို့သည် ရှင်ဘုရင်ထံတော်သို့ လာ၍ရှိခိုးကြ၏။ သူတို့စကားကို ရှင်ဘုရင်နားထောင်သဖြင့်၊
17Zvino Jehoyadha akati afa, machinda aJudha akasvika, akanamata mambo. Ipapo mambo akavateerera.
18သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကိုစွန့်၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို ဝတ်ပြုကြ၏။ ထိုအပြစ်ကြောင့် အမျက်တော် သည် ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်မှာ သက်ရောက် လေ၏။
18Vakasiya imba yaJehovha Mwari wamadzibaba avo, vakashumira matanda okunamata nawo nezvifananidzo; Mwari akatsamwira Judha neJerusaremu pamusoro pemhaka iyi.
19သူတို့ကို ထာဝရဘုရားထံတော်သို့ သွေးဆောင် စေခြင်းငှါ၊ ပရောဖက်တို့ကို စေလွှတ်တော်မူ၍၊ ပရော ဖက်တို့သည် သက်သေခံသော်လည်း၊ သူတို့သည် နားမထောင်ကြ။
19Kunyange zvakadaro akavatumira vaporofita kuzovadzoserazve kuna Jehovha; ivo vakavapupurira, asi vakaramba kunzwa.
20တဖန်ဘုရားသခင်၏ ဝိညာဉ်တော်သည် ယဇ် ပုရောဟိတ်ယောယဒသား ဇာခရိအပေါ်မှာ သက် ရောက်၍၊ သူသည် ပရိသတ်အလယ်၊ မြင့်သောအရပ်၌ ရပ်လျက်၊ ဘုရားသခင်မိန့်တော်မူသည်ကား၊ သင်တို့ သည် ကိုယ်အကျိုးကို ပျက်ဆီးစေခြင်းငှါ၊ ထာဝရ ဘုရား၏ပညတ်တော်တို့ကို အဘယ်ကြောင့် လွန်ကျုးကြ သနည်း။ သင်တို့သည် ထာဝရဘုရားကို စွန့်သောကြောင့်၊ သင်တို့ကိုလည်း စွန့်တော်မူပြီဟု မြွက်ဆို၏။
20Ipapo Mweya waMwari wakauya pamusoro paZekariya, mwanakomana womupristi Jehoyadha, akamira pakakwirira pamberi pavanhu, akati kwavari, Zvanzi naMwari, Munodarikireiko mirairo yaJehovha, muchiramba kufara? Zvamasiya Jehovha, naiye wakakusiyayiwo.,
21လူများတို့သည် သူ့ကိုမကောင်းသော အကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း ၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။
21Ipapo vakarangana, vakamutaka namabwe paruvazhe rweimba yaJehovha, varairwa namambo.
22ထိုသို့သောရှမင်းကြီးသည် ဇာခရိအဘ ယော ယဒပြုသော ကျေးဇူးကို မအောက်မေ့၊ သားကို သတ်လေ သည်တကား။ ဖာခရိသေသောအခါ၊ ဤအမှုကို ထာဝရ ဘုရားသည် ကြည့်ရှုစစ်ကြောတော်မူမည်ဟုဆို၏။
22Nokudaro mambo Joashi haana kurangarira zvakanaka zvaakanga aitirwa naJehoyadha baba vake, asi akauraya mwanakomana wake. Zvino wakati achifa, akati, Jehovha ngaatarire chinhu ichi, achitsive.
23ထိုနှစ်အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ရောက်မှ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင် ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။
23Zvino gore rakati ropera, hondo yavaSiria ikasvika kuzorwa naye; vakasvika paJudha napaJerusaremu vakaparadza machinda ose avanhu pakati pavanhu, vakatuma zvose zvavakapamba kuna mambo weDhamasiko.
24ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်သောကြောင့်၊ များပြားသော အလုံး အရင်းဖြစ်သော်လည်း၊ နည်းသောရှုရိတပ် အလုံးအရင်လက်သို့ ထာဝရဘုရား အပ်တော်မူ၍၊ ရှုရိလူတို့သည် ယောရှကို တရားစီရင်ကြ၏။
24Nekuti hondo yavaSiria yakauya neboka duku ravanhu; Jehovha akaisa pfumo guru-guru mumaoko avo, nekuti vakanga vasiya Jehovha Mwari wamadzibaba avo. Nokudaro vakaitira Joashi zvakanga zvatongwa naMwari.
25ရန်သူထွက်သွားသောအခါ၊ ယောရှသည် ကြီး စွာသော ဒုက္ခကို ခံရလျက်နေရစ်သည်ဖြစ်၍၊ ယဇ်ပုရော ဟိတ်ယောယဒသားတို့ကို သတ်သောအပြစ်ကြောင့်၊ မိမိကျွန်တို့သည် သင်းဖွဲ့၍၊ သာလွန်ပေါ်မှာ သေအောင် လုပ်ကြံကြ၏။ ထိုမင်းကို ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့တွင် မသင်္ဂြိုဟ်။
25Zvino vakati vabva kwaari (nokuti vakamusiya achirwara kwazvo), varanda vake vakarangana pamusoro pake nemhaka yeropa ravanakomana vomupristi Jehoyadha, vakamuurayira panhovo yake, akafa; vakamuviga muguta raDhavhidhi, asi havana kumuviga kumarinda amadzimambo.
26လုပ်ကြံသောသူကား၊ အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်နှင့် မောဘအမျိုးသမီးရှိမရိတ်သား ယဟောဇဗဒ်တည်း။
26Vakarangana pamusoro pake ndivava: Zabhadhi mwanakomana waShimeati, mukadzi muAmoni, naJehozabhadhi mwanakomana waShimiriti mukadzi muMoabhu.
27ယောရှသည် သားရိခြင်းအရာ လေးသောအမှု ကို ထမ်းခြင်းအရာ၊ ဗိမာန်တော်ကို ပြုပြင်ခြင်း အရာတို့ သည် ရာဇဝင်နှင့်ဆက်သောစာ၌ ရေးထားလျက်ရှိ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
27Zvino kana zviri zvavanakomana vake, namashoko makuru avaporofita akarehwa pamusoro pake, nokumutsiridzwa kweimba yaMwari, tarirai zvakanyorwa padudziro yebhuku yamadzimambo. Amazia mwanakomana wake akamutevera paushe.