Myanmar

Shona

2 Chronicles

28

1အာခတ်သည် အသက်နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်ခြောက်နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရ ဘုရားရှေ့တော်၌ တရားသောအမှုကို မပြု။
1Ahazi akanga ana makore makumi maviri pakutanga kwake kubata ushe; akabata ushe paJerusaremu makore gumi namatanhatu; asi haana kuita zvakarurama pamberi paJehovha, sababa vake Dhavhidhi;
2ဣသရေလရှင်ဘုရင်တို့လိုက်သော လမ်းသို့ လိုက်၍၊ ဗာလဘုရားတို့အဘို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။
2asi wakafamba nenzira dzamadzibaba aIsiraeri, akaitira vaBhaariwo zvifananidzo zvendarira yakanyauswa.
3ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။
3Uye akapisawo zvinonhuhwira pamupata womwanakomana waHinomi, akapisa vana vake mumoto, sezvainyangadza zvavahedheni, vakanga vadzingwa naJehovha pamberi pavana vaIsiraeri.
4မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။
4Akabayira nokupisa zvinonhuhwira pamatunhu akakwirira, napazvikomo, napasi pemiti yose mitema.
5ထိုကြောင့်၊ သူ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသော လူတို့ကို ဘမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။
5Saka Jehovha Mwari wake akamuisa muruoko rwamambo weSiria; vakamukunda, vakaenda navanhu vake vazhinji vakatapwa, vakandovaisa Dhamasiko. Naiye amene akaiswa muruoko rwamambo waIsiraeri, akamukunda, akauraya vazhinji-zhinji.
6တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူ ကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားကို စွန့်ကြသတည်း။
6nekuti Peka mwanakomana waRemaria akauraya paJudha vanhu vane zviuru zvine zana namakumi maviri pazuva rimwe; vose vari varume voumhare; nekuti vakanga vasiya Jehovha Mwari wamadzibaba avo.
7ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သားမာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်နောက်ဒုတိယမင်း ဧလကာနကို သတ်၏။
7Zikiri murume waEfuremu, akanga ane simba, akauraya Maaseya mwanakomana wamambo, naAzirikami mutariri weimba, naErikana mukuru kutevera mambo.
8ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာသော ဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။
8Vana valsiraeri vakatapa pakati pehama dzavo vanhu vane zviuru zvina mazana maviri, vakadzi, vanakomana, navanasikana, vakapambawo zvizhinji kwavari; vakandoisa Samaria izvo zvakapambwa.
9ဩဒက်အမည်ရှိသော ထာဝရဘုရား၏ ပရော ဖက်တပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြို လျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကို အမျက်တော်ထွက်သောကြောင့်၊ သင်တို့ လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုဃ်းကောင်း ကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား။
9Asi kwakanga kuno muporofita waJehovha, wainzi Obhedhi; iye akaenda kundosangana nehondo yakanga youya Samaria, akati kwavari, Jehovha Mwari wamadzibaba enyu akanga atsamwira vaJudha, saka akavaisa mumaoko enyu, makavauraya nehasha dzakasvikira kudenga.
10ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင် မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော။
10Zvino munoti muchamanikidza vana vaJudha naveJerusaremu, vave vatapwa venyu varanda navarandakadzi; ko imwi hamune mhosvawo mumene pamberi paJehovha Mwari wenyu here?
11ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ယခုဘမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ ညီအစ်ကို များကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
11Naizvozvo zvino chindinzwai, mudzose vatapwa vamakatapa pakati pehama dzenyu; nekuti Jehovha akutsamwirai kwazvo.
12ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟ နန်သားအာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှ လာသော သူတို့ကို ဆီးတား၍၊
12Ipapo vamwe vakuru vavana vaEfuremu, vaiti: Azaria mwanakomana waJohwanani, naBherekia mwanakomana waMeshiremoti, naJehizikia mwanakomana waSharumi, naAmasa mwanakomana waHadhirai, vakadzivisa avo vabva pakurwa,
13သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊
13vakati kwavari, Hamungapindi pano navatapwa, nekuti munovavarira kuita chinhu chichatiparisa mhaka pana Jehovha, mugowedzera pazvivi zvedu nemhosva yedu; nekuti mhosva yedu ihuru, vaIsiraeri vatsamwirwa kwazvo naJehovha.
14စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။
14Ipapo varwi vakasiya vatapwa nezvakapambwa kumachinda neungano yose.
15အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေ ကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်း စေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာ တင်၍၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ၊ ရှမာရိမြို့သို့ ပြန်သွား ကြ၏။
15Zvino ava varume varehwa mazita avo, vakasimuka, vakatora vatapwa, vakafukidza vose vakanga vakashama pakati pavo nezvakapambwa, vakavapfekedza nokuvaisa shangu, ndokuvapa zvokudya nezvokumwa, vakavazodza, vakatasvisa vose vakanga vasine simba pambongoro, vakavaisa Jeriko, guta remichindwe, kuhama dzavo; ipapo vakadzokera Samaria.
16ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။
16Panguva iyo mambo Ahazi akatuma shoko kumadzibaba aAsiria, kuti vamubatsire.
17အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန် သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကိုဘမ်းဆီး သိမ်း သွားကြပြီ။
17Nekuti vaEdhomu vakanga vasvikazve, vakakunda vaJudha vakatapa vatapwa.
18ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေ မက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။
18NavaFirisitiawo vakanga vavamba maguta amapani, naaiva kurutivi rwezasi rwaJudha, vakakunda Bhetishemeshi, neAijaroni, neGedheroti, neSoko, nemisha yawo, neTimina, nemisha yaro, neGimizo nemisha yaro; vakagarapo.
19ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရား သည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒ ပြည်၏အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်း တမ်းစွာ ပြစ်မှား၏။
19Nekuti Jehovha akaninipisa vaJudha nokuda kwaAhazi mambo waIsiraeri; nekuti akanga aita zvakaipa paJudha, akatadzira Jehovha kwazvo.
20အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော် လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။
20Zvino Tirigatipirineseri mambo weAsiria akauya kuzorwa naye, akamumanikidza, asi haana kumukunda.
21အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
21Nekuti Ahazi akatora mugove wefuma paimba yaJehovha, napaimba yamambo, neyamachinda, akazvipa mambo weAsiria; asi hazvina kumubatsira.
22အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
22Asi panguva yokutambudzika kwake, akanyanya kutadzira Jehovha, iye mambo Ahazi.
23ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း။
23nekuti akabayira vamwari veDhamasiko, vakanga vamukunda, akati, Vamwari vamadzimambo aSiria zvavanovabatsira, ini ndichavabayirawo, kuti vandibatsirewo. Asi ivo vakamuparadza iye navalsiraeri vose pamwechete naye.
24တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကို လည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ် ပလ္လင်တို့ကို တည်၏။
24Zvino Ahazi akaunganidza midziyo yeimba yaMwari akaputsanya midziyo yeimba yaMwari, akapfiga mikova yeimba yaJehovha; akazviitira aritari pose-pose paJerusaremu.
25အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်း ကို မီးရှို့စရာဘို့။ ယုဒမြို့အသီးသီးတို့၌ မြင့်သောအရပ် တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရား၏ အမျက်တော်ကို နှိုးဆော်လေ၏။
25Akaitawo matunhu akakwirira paguta rimwe nerimwe raJudha kuzopisira vamwe vamwari zvinonhuhwira ipapo, akatsamwisa Jehovha Mwari wamadzibaba ake.
26အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေ မျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
26Zvino mamwe mabasa ake, netsika dzake dzose, dzokutanga nedzokupedzisira, tarirai zvakanyorwa mubhuku yamadzimambo aJudha naIsiraeri.
27အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ယေရုရှလင်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ ဣသ ရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ သားတော် ဟေဗကိသည် ခမည်းတော်အရ၌ နန်းထိုင်၏။
27Ahazi akavata namadzibaba ake, vakamuviga muguta, imo muJerusaremu; nekuti havana kumuisa pamarinda amadzimambo aIsiraeri; Hezekia mwanakomana wake akamutevera paushe.