1ထိုသို့ ရှောလမုန်သည်ပဌနာပြု၍ ပြီးသော အခါ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား ၏ ဘုန်းတော်နှင့်ပြည့်၏။
1Zvino Soromoni akati apedza kunyengetera, moto ndokuburuka kudenga, ukapedza chipiriso chinopiswa nezvimwe zvibayiro; kubwinya kwaJehovha kukazadza imba.
2ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။
2Vapristi vakakoniwa kupinda muimba yaJehovha, nekuti kubwinya kwaJehovha kwakanga kwazadza imba yaJehovha.
3ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏။
3Vana vaIsiraeri vose vakatarira moto uchiburuka kudenga nokubwinya kwaJehovha kuchigara pamusoro peimba; vakakotamira pasi nezviso zvavo pakarongwa namabwe, vakanamata nokuvonga Jehovha, vachiti, nekuti akanaka. Nekuti nyasha dzake dzinogara nokusingaperi.
4ထိုအခါ ရှောလမုန် မင်းကြီးနှင့်တကွ လူ အပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော် ကြ၏။
4Ipapo mambo navanhu vose vakabayira zvibayiro pamberi paJehovha.
5နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။
5Mambo Soromoni akabayira chibayiro chenzombe dzine zviuru zvina makumi maviri nezviviri, namakwai ane zviuru zvine zana namakumi maviri. Saizvozvo mambo navanhu vose vakatsaurira Mwari imba iyo.
6ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင် ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းစရာဘို့ ဒါဝိဒ်မင်းကြီး စီရင်သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။
6Vapristi vakamirapo, sezvavakagoverwa mabasa avo; navaRevhivo vane zvokuridzira Jehovha, zvakaitwa namambo Dhavhidhi, zvokuvonga Jehovha nazvo, nekuti nyasha dzake dzinogara nokusingaperi, panguva iya Dhavhidhi yaakakudza Jehovha nazvo; vapristi vakaridza hwamanda pamberi pavo, vaIsiraeri vose vakamira.
7ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ် တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်း စေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ကောင်ဆီဥကိုပူဇော်၏။ အကြောင်းမူကား၊ အရင် လုပ်သောကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။
7Soromoni akatsaurawo nzvimbo yapakati yoruvazhe rwakanga ruri pamberi peimba yaJehovha; nekuti ndipo paakabayira zvipiriso zvinopiswa, namafuta ezvipiriso zvokuyananisa; nekuti aritari yendarira yakaitwa naSoromoni yakanga isingagoni kuringana chipiriso chinopiswa, nechipiriso choupfu, namafuta.
8ထိုအခါရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှ စ၍အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက် ပတ်လုံး ပွဲခံတော်မူ၏။
8Naizvozvo Soromoni akatamba mutambo panguva iyo mazuva manomwe, navaIsiraeri vose pamwechete naye, ikaita ungano huru-huru, kubva pavanopinda paHamati, kusvikira parukova rweEgipita.
9အဋ္ဌမ နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ၏။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကိုအနုမောဒနာပြုပြီးမှ၊ နောက်တဖန်ခုနစ်ရက်ပတ်လုံး ပွဲခံကြ၏။
9Zvino pazuva rorusere vakatamba mutambo wokupedzisira; nekuti vakatsaura aritari mazuva manomwe, vakaita mutambo mazuva manomwe.
10ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှ စသော မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှ သော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမလ နှစ်ဆယ်သုံးရက်နေ့တွင် လွှတ် လိုက်တော်မူ၏။
10Zvino pazuva ramakumi maviri namatatu romwedzi wechinomwe akaendisa vanhu kumatende avo nemoyo yakanga ichifara, ichifarira zvakanaka zvose zvakaitira Jehovha Dhavhidhi, naSoromoni, navanhu vake vaIsiraeri.
11ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင် မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊
11Saizvozvo Soromoni akapedza imba yaJehovha, neimba yamambo; zvose zvakanga zviri mumoyo waSoromoni kuita muimba yaJehovha, nomumba make, wakazviita kwazvo.
12ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက်၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ။
12Ipapo Jehovha akazviratidza kuna Soromoni usiku, akati kwaari, Ndanzwa kunyengetera kwako, ndazvitsaurira nzvimbo iyi, ive imba yokubayira zvibayiro.
13မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော်၎င်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော်၎င်း၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော်၎င်း၊
13Kana ndichinge ndadzivira kudenga, kuti mvura irege kunaya, kana zvimwe ndichinge ndaraira mhashu, kuti dzipedze nyika, kana zvimwe ndichinge ndatuma denda pakati pavanhu vangu;
14ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။
14kana vanhu vangu, vakatumidzwa nezita rangu, vakazvininipisa, vakanyengetera nokutsvaka chiso changu, nokurega nzira dzavo dzakaipa; ipapo ndichanzwa kudenga ndichavakangamwira zvivi zvavo, nokupodza nyika yavo.
15ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်း သော စကားကို ငါနားထောင်မည်။
15Zvino meso angu achasvinura, nzeve dzangu dzichateerera ndinzwe munyengetero unoitwa panzvimbo iyi.
16ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။
16Nekuti zvino ndatsaura imba ino nokuiita tsvene, zita rangu rivepo nokusingaperi; meso angu nomoyo wangu zvichavapo nokusingaperi.
17သင်သည် ငါမှာထားသမျှကို ပြု၍ ငါစီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သင့်အဘဒါဝိဒ် ကဲ့သို့ ငါ့ရှေ့မှာ ကျင့်နေလျှင်၊
17Kana uriwe, kana ukafamba pamberi pangu sababa vako, Dhavhidhi, ukaita zvose zvandakakuraira, ukachengeta zvandatema nezvandatonga,
18ဣသရေလနိုင်ငံကို အုပ်စိုးရသောသင်၏အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည် အတိုင်း၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည် စေမည်။
18ipapo ini ndichasimbisa chigaro chako choushe, sezvandakapikira baba vako Dhavhidhi, ndichiti, Haungashaiwi munhu achabata ushe hwaIsiraeri.
19သို့မဟုတ်သင်တို့သည် လမ်းလွဲ၍ ငါမှာထား သော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြား တပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျင်၊
19Asi kana mukatsauka, mukasiya zvandatema nezvandaraira zvandakaisa pamberi penyu, mukandoshumira vamwe vamwari, mukavanamata;
20ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနှုတ်ပစ်မည်။ ငါ့နာမအဘို့ ငါသန့်ရှင်းစေသော ဤအိမ် တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တပါးအမျိုးသား တို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။
20ipapo ndichavadzura nemidzi panyika yangu yandakavapa, neimba iyi yandakatsaurira zita rangu, ndichairashira kure ndirege kuiona, ndiite shumo nechiseko pakati pavanhu vose.
21အရပ်မြင့်သော ဤအိမ်တော်ကိုလည်းလမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တယောက်မေးမြန်းသော်၊
21Neimba iyi kunyange yakakwirira ikadai, vose vanopfuura nayo vachakanuka, vachiti, Jehovha wakaitireiko kudai nenyika ino, uye neimba iyi?
22တယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောဘုရားသခင်ထာဝရဘုရားကို သူတို့သည် စွန့်၍ အခြားတပါးသော ဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
22Vachapindura, vachiti: Nekuti vakasiya Jehovha, Mwari wamadzibaba avo, wakavabudisa panyika yeEgipita, vakanamatira vamwe vamwari, vakavanamata, nokuvashumira; saka Jehovha akavapinza panjodzi idzi dzose.