1ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
1Zvino pamazuva ake Nebhukadhinezari mambo weBhabhironi akasvika, Jehoyakimu akaitwa muranda wake makore matatu; ipapo akamuramba akamumukira.
2ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ၏။
2Jehovha akatuma kwaari hondo dzavaKaradhea, nehondo dzavaSiria, nehondo dzavaMoabhu, nehondo dzavana vaAmoni, kuzorwa naye; akadzituma kuzoparadza Judha, sezvakarehwa neshoko raJehovha, raakataura nemiromo yavaranda vake vaporofita.
3မနောရှမင်းပြုမိသမျှသောအပြစ်၊
3Zvirokwazvo izvi zvakaitirwa Judha nokuraira kwaJehovha, kuti avabvise pamberi pake, nokuda kwezvivi zvaManase zvose zvaakaita;
4အသေမခံထိုက်သော သူတို့ကို သတ်၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
4uye nokuda kweropa risine mhosva raakateura; nekuti wakazadza Jerusaremu neropa risine mhosva; Jehovha akaramba kuvakangamwira.
5ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
5Zvino mamwe mabasa aJehoyakimu, nezvose zvaakaita, hazvina kunyorwa here mubhuku yaMakoronike amadzimambo aJudha?
6ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
6Jehoyakimu akavata namadzibaba ake, mwanakomana wake Jehoyakini akamutevera paushe.
7အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သောကြောင့်၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
7Mambo weEgipita haana kuzobudazve munyika yake, nekuti mambo weBhabhironi wakange akunda zvose zvaiva zvamambo weEgipita, kubva parukova rweEgipita kusvikira parwizi Yufuratesi.
8ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာ သန်၏သမီး နဟုတ္တအမည်ရှိ၏။
8Jehoyakini wakatanga kubata ushe ava namakore gumi namasere, akabata ushe paJerusaremu mwedzi mitatu. Zita ramai vake rakanga riri Nehushuta mukunda waErinatani weJerusaremu.
9ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ဒုစရိုက်ကိုပြု၏။
9Akaita zvakaipa pamberi paJehovha, sezvakaita madzibaba ake pazvose.
10ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။
10Nenguva iyo varanda vaNebhukadhinezari mambo weBhabhironi, vakasvika Jerusaremu, vakakomba guta.
11ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ၊
11Nebhukadhinezari mambo weBhabhironi, akasvika paguta, varanda vake vakarikomba.
12ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
12Zvino Jehoyakini mambo waJudha akabudira kuna mambo weBhabhironi, iye namai vake, navaranda vake, namachinda ake, navatariri vake; mambo weBhabhironi akamubata negore rorusere rokubata kwake ushe.
13ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား၍၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
13Akaenda nefuma yose yeimba yaJehovha, nefuma yeimba yamambo, akatema-tema nhumbi dzose dzendarama dzakanga dzaitwa naSoromoni mambo welsiraeri mutemberi yaJehovha, sezvakanga zvataurwa naJehovha.
14ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတသောင်း၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ။
14Akatapa vose veJerusaremu, namachinda ose, nemhare dzose, vatapwa zvuru zvine gumi, nemhizha dzose navapfuri vose; hakuna vakasara, asi vanhu vapasi venyika.
15ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ၊ အရာရှိများ၊ အားကြီးသော ပြည်သားများ အပေါင်း၊
15Akatapawo Jehoyakini, akamuisa Bhabhironi; namai vamambo, navakadzi vamambo, navatariri vake, navakuru venyika, akavatapa paJerusaremu akavaisa Bhabhironi.
16စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြား အပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
16Varume vose vaiva nesimba vane zviuru zvinomwe, nemhizha, navapfuri vane gumi ramazana, ava vose vaiva nesimba vaigona kurwa, mambo weBhabhironi wakavatapa, akavaisa Bhabhironi.
17ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိ အရာ၌ နန်းတင်၏။
17Mambo weBhabhironi akaita Matania babamunini vaJehoyakimu, mambo panzvimbo yake, akashandura zita rake, akamutumidza Zedhekia. Zedhekia mambo wokupedzisira waJudha
18ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမု ဘာလအမည်ရှိ၏။
18Zedhekia wakatanga kubata ushe ava namakore makumi maviri nerimwe; akabata ushe paJerusaremu makore gumi nerimwe. Zita ramai vake rakanga riri Hamitari mukunda waJeremiya weRibhina.
19ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
19Akaita zvakaipa pamberi paJehovha sezvakaita Jehoyakini pazvose.
20ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။
20Nekuti izvozvo zvakaitirwa Jerusaremu naJudha nokuda kokutsamwa kwaJehovha, kusvikira avarashira kure kwaari; Zedhekia akamukira mambo weBhabhironi.