1ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
1Shure kwaizvozvo mambo wavana vaAmoni wakafa, Hanuni mwanakomana wake akabata ushe panzvimbo yake.
2ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။
2Zvino Dhavhidhi akati, Ndichaitira Hanuni mwanakomana waNahashi zvakanaka, sezvandakaitirwa zvakanaka nababa vake. Naizvozvo Dhavhidhi akatuma varanda vake kumubata ruoko pamusoro pababa vake. Varanda vaDhavhidhi vakasvika kunyika yavana vaAmoni.
3အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်း ငှာသာသူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော်။
3Asi machinda avana vaAmoni akati kuna Hanuni ishe wavo, Munofunga kuti Dhavhidhi unoda kukudza baba venyu zvaatuma vabati voruoko kwamuri here? Dhavhidhi haana kutuma varanda vake kwamuri kuti anzvere guta nokurishora, nokuriputsa here?
4ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
4Naizvozvo Hanuni akabata varanda vaDhavhidhi, akavewura rumwe rutivi rwendebvu dzavo, akagura nguvo dzavo napakati kusvikira pamagaro avo, akavadzinga.
5ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ၏။
5Zvino vakati vaudza Dhavhidhi izvozvo, akatuma vanhu kundosangana navo; nekuti varume vakanga vachinyara kwazvo. Mambo akati, Garai henyu Jeriko kusvikira ndebvu dzenyu dzamerazve, mugodzoka henyu.
6အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူကို စေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူ တထောင်၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ၏။
6Zvino vana vaAmoni vakati vachiona kuti vovengwa naDhavhidhi, vana vaAmoni vakatuma nhume vakaripira vaSiria veBhetirehobhu, navaSiria veZobha, vaifamba namakumbo vane zviuru zvina makumi maviri, namambo weMaaka ana varume vane chiuru chimwe, navarume veTobhi vane zviuru zvine gumi nezviviri.
7ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
7Dhavhidhi wakati azvinzwa, akatuma Joabhu nehondo yose yavarume vane simba.
8အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး၏ လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
8Vana vaAmoni vakabuda, vakagadzira hondo pavanopinda napo pasuwo; vaSiria veZobha, naveRehobhu, navarume veTobhi neMaaka vakanga vari pachavo voga pasango.
9ယွာဘသည်လည်း၊ ရှေ့၌၎င်း၊ နောက်၌၎င်း စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့ တဘက်၌စစ်ခင်းကျင်း၏။
9Zvino Joabhu wakati achiona kuti wovavarirwa mberi neshure, akatsaura vamwe kuna vakatsaurwa vose valsiraeri, akavagadzira kuti varwe navaSiria.
10ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊
10Vamwe vanhu, vakanga vasara, akavaisa kuna Abhishai, munin'ina wake, akavagadzira kuti varwe navana. vaAmoni.
11ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
11Akati, Kana vaSiria vakandikurira, iwe unofanira kundibatsira; asi kana vana vaAmoni vakakukurira iwe, ini ndichauya kukubatsira.
12ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည် အတိုင်းစီရင်တော် မူစေသတည်းဟု ဆိုပြီးမှ၊
12Tsunga moyo, tirwire vanhu vedu namaguta aMwari wedu savarume; naJehovha ngaaite sezvaanoda.
13သူ၌ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
13Naizvozvo Joabhu navanhu vaakanga anavo vakaswedera kuzorwa navaSiria, ivo vakatiza pamberi pake.
14ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှ ထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
14Zvino vana vaAmoni vakati vachiona kuti vaSiria vatiza, naivo vakatizawo saizvozvo pamberi paAbhishai, vakapinda muguta. Ipapo Joabhu akadzoka kuvana vaAmoni, akasvika Jerusaremu.
15ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တဖန်စည်းဝေးကြ၏။
15Zvino vaSiria vakati vachiona kuti vakundwa navaIsiraeri vakaungana,
16ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တဘက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
16Hadhadhezeri akatuma vanhu kundotora vaSiria vakanga vari mhiri koRwizi, vakasvika paHeramu, vakatungamirirwa naShobhaki mukuru wehondo yaHadhadhezeri.
17ထိုသိတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ် ကို ကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တဘက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊
17Dhavhidhi akaudzwa izvozvo; akaunganidza vaIsiraeri vose, vakayambuka Joridhani, vakasvika paHeramu. VaSiria vakazvigadzira, vakarwa naDhavhidhi.
18ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက် ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌ သေ၏။
18VaSiria vakatiza pamberi pavaIsiraeri; Dhavhidhi akauraya kuvaSiria varume vengoro dzina mazana manomwe, navatasvi vamabhiza vane zviuru zvina makumi mana, akaurayawo Shobhaki mukuru wehondo yavo, akafirapo.
19ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးနှင့် မိဿဟာယဖွဲ့၍ ကျွန်ခံ ကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။
19Zvino madzimambo ose akanga ari varanda vaHadhadhezeri, vakati vachiona kuti vakundwa navaIsiraeri, vakayanana navaIsiraeri, vakavashumira. Naizvozvo vaSiria vakatya kuzobatsira vana vaAmoni.