1ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ်လွန်သောအခါ၊ မေဖိဗောရှက်၏ ကျွန်ဇိဘသည် ကုန်းနှီး တင်သောမြည်းနှစ်စီးနှင့်တကွ၊ မုန့်လုံးနှစ်ရာ၊ စပျစ်သီး ခြောက်အပြွတ်တရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားတရာ စပျစ်ရည်ဘူတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သောငှါ လာ၏။
1Zvino Dhavhidhi wakati apfuura musoro wegomo zvishoma akaona Zibha, muranda waMefibhosheti osangana naye, ane mbongoro mbiri dzakanga dzatakudzwa zvingwa zvina mazana maviri, namasumbu amazambiringa akawomeswa ane zana, nemichero yezhezha ine zana, nehomo yewaini.
2ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှါ ဤဥစ္စာ ကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်း တို့သည် နန်းတော်သားများ စီးဘို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့၊ စပျစ်ရည်သည်လည်း တော၌မော သောသူများသောက်ဘို့ ဖြစ်ပါသည်ဟု လျှောက်၏။
2Mambo akati kuna Zibha, Unodiniko nezvizvi? Zibha akati, Mbongoro ndinopa veimba yamambo kuti vatasve; zvingwa nemichero yezhezha ndizvo zvokudya zvamajaya, newaini kuti vanoziya murenje vamwe.
3ရှင်ဘုရင်ကလည်း၊ သင့်သခင်၏ သားသည် အဘယ်မှာရှိသနည်းဟုမေးလျှင် ဇိဘက၊ ယေရုရှလင်မြို့ ၌ နေရစ်ပါ၏။ ယနေ့မှာ ဣသရေလအမျိုးသည် ငါ့အဘ၏ နိုင်ငံကိုငါ့အား ပြန်ပေးလိမ့်မည်ဟု ဆိုကြောင်းကို လျှောက်လေသော်၊
3Mambo akati, Mwanakomana washe wako uripiko? Zibha akati kuna mambo, Tarirai, wakasara Jerusaremu, nekuti wakati, Nhasi imba yaIsiraeri vachandidzosera ushe hwababa vangu.
4ရှင်ဘုရင်က၊ မေဖိဗောရှက်နှင့် ဆိုင်သမျှသော ဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအား မိန့်တော်မူ၏။ ဇိဘကလည်း၊ အရှင်မင်းကြီး ကျွန်တော်သည်ရှေ့တော်၌ မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော် ခံပါသည်ဟု ပြန်လျှောက်လေ၏။
4Ipapo mambo akati kuna Zibha, Tarira, zvose zvaMefibhosheti ndezvako. Zibha akati, Ndinokotamira pasi; ndinzwirei nyasha, ishe wangu mambo.
5ဒါဝိဒ်မင်းကြီးသည် ဗာဟုရိမ်မြို့သို့ ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသား ရှိမိအမည်ရှိသောသူသည် ကျိန်ဆဲလျက် ထွက်လာ၏။
5Zvino mambo Dhavhidhi wakati asvika paBhahurimu, mumwe munhu weimba yaSauro, wainzi Shimei, mwanakomana waGera, akabudapo;
6ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်းတို့ကို ကျောက်ခဲနှင့် ပစ်လေ၏။ လူများအပေါင်းနှင့် မှူးတော် မတ်တော်အပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရှိကြ၏။
6akabuda, akafamba achingotuka, akaposhera Dhavhidhi namabwe, navaranda vose vamambo Dhavhidhi; zvino vanhu vose navarume vose vesimba vakanga vari kurudyi rwake no kuruboshwe rwake.
7ရှိမိကျိန်ဆဲသောစကားဟူမူကား၊ သွားဟဲ့၊ သွားဟဲ့။ လူ့အသက်ကို သတ်သောအဓမ္မလူ၊
7Shimei akatuka akati, Chibva, chibva, iwe munhu weropa, iwe munhu wakaisvoipa;
8ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကို သတ်သောအပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရ သက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သား အဗရှလုံလက်၌အပ်တော်မူပြီ။ သင်သည်လူအသက်ကို သတ် သောသူဖြစ်သောကြောင့်ကြည့်ပါ။ အမှုကြီးရောက်လေပြီဟုဆို၏။
8Jehovha wakadzosera pamusoro pako ropa rose reimba yaSauro, wawakanga wakabata ushe panzvimbo yake. Jehovha wakapa ushe muruoko rwaAbhusaromu mwanakomana wako; tarira, wabatwa nezvakaipa zvako, nekuti uri munhu weropa.
9ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊
9Ipapo Abhishai mwanakomana waZeruya akati kuna mambo, Imbwa iyi yakafa ingatuka seiko ishe wangu mambo? Nditenderei henyu ndiyambukire mhiri, ndimugure musoro.
10ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည်ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေ စေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ ပြုသနည်းဟု အဘယ်သူဆိုရမည်နည်းဟူ၍၎င်း၊
10Mambo akati, Ndine mhosva yeiko nemi, imwi vana vaZeruya; ngaatuke hake, kana Jehovha achinge ati kwaari, Tuka Dhavhidhi, ndianiko ungati, Waitireiko kudai?
11ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက်သော ငါ့သားရင်းသည် ငါ့အသက်ကို ရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကို ရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရားမှာထားတော်မူပြီ။
11Dhavhidhi akati kuna Abhishai, nokuvaranda vake vose, Tarirai, iye mwanakomana wangu wandakabereka, unotsvaka kundiuraya; ndoda zvino muBhenjamini uyu! Muregei, ngaatuke hake, nekuti Jehovha wakamuraira.
12ထာဝရဘုရားသည် ငါ၏ဒုက္ခကို ကြည့်ရှု၍ ယနေ့ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုး ကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။
12Zvimwe Jehovha uchaona zvakaipa zvandakaitirwa, zvimwe Jehovha uchandiitira zvakanaka pamusoro pokundituka kwake nhasi.
13ဒါဝိဒ်သည် နောက်တော်လိုက်သူတို့နှင့်တကွ လမ်း၌သွားစဉ်တွင်၊ ရှိမိသည် ဒါဝိဒ်တဘက်တချက်၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့် ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။
13Naizvozvo Dhavhidhi navanhu vake vakaramba vachifamba havo nenzira, Shimei akaramba achifamba nomujinga megomo pakatarisana naDhavhidhi, akafamba achingotuka nokumuposhera namabwe, nokumupfumburira guruva.
14ရှင်ဘုရင်မှစ၍ နောက်တော်သို့ လိုက်သောသူအပေါင်းတို့သည် မောလျက်၊ ဗာဟုရိမ်မြို့သို့ရောက်၍ အမောအပန်းဖြေကြ၏။
14Mambo navanhu vose vakanga vanaye vakasvika vaneta, vakazororapo.
15အဗရှလုံနှင့် လူအပေါင်းတို့သည် ယေရုရှလင်မြို့သို့ ရောက်၍ အဟိသောဖေလလည်း ပါ၏။
15Abhusaromu navanhu vose, ivo varume vaIsiraeri, vakasvika Jerusaremu, Ahitoferi anayewo.
16ဒါဝိဒ်၏ အဆွေခင်ပွန်းအာခိလူဟုရှဲသည်လည်း အဗရှလုံထံသို့ ရောက်လာ၍၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်း၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး၏။
16Zvino Hushai muAriki, shamwari yaDhavhidhi, wakati asvika kuna Abhusaromu, Hushai akati kuna Abhusaromu, Mambo ngaararame, mambo ngaararame!
17အဗရှလုံကလည်း၊ သင်၏အဆွေခင်ပွန်း၌ ဤသို့ကျေးဇူးပြုသလော။ သင်၏အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် မလိုက်သနည်းဟု ဟုရှဲအားဆိုလျှင်၊
17Abhusaromu akati kuna Hushai, Ndizvo zvakanaka zvaunoitira shamwari yako? Wakaregereiko kuenda neshamwari yako?
18ဟုရှဲက၊ ထိုသို့မိန့်တော်မမူပါနှင့်။ ထာဝရဘုရားမှစ၍ ဤလူများနှင့် ဣသရေလလူများအပေါင်းတို့သည် ရွေးချယ်သောသူထံမှာ ကျွန်တော်ကျွန်ခံပါမည်။ ထိုသူထံမှာ နေပါမည်ဟူ၍၎င်း၊
18Hushai akati kuna Abhusaromu, Kwete, asi wakatsaurwa naJehovha uye vanhu ava, uye navarume vose vaIsiraeri, ndiye wandichava wake, ndiye wandichagara naye.
19တဖန်အကြင်သူထံ၌ ကျွန်ခံရ၏။ ထိုသူ၏သားထံ၌ ကျွန်ခံရသည် မဟုတ်ပါလော။ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံရတူနည်းတူ ကိုယ်တော်ထံ၌လည်း ကျွန်ခံပါမည်ဟု၍၎င်း၊ အဗရှလုံအား လျှောက်ဆို၏။
19Uye ndingafanira kushumira aniko? Handifaniri kushumira mwanakomana wake here? Sezvandakashumira baba venyu, ndichakushumiraiwo imwi saizvozvo.
20အဗရှလုံကလည်း၊ ငါတို့သည်အဘယ်သို့ပြုရမည်ကို အကြံပေးပါဟု အဟိသောဖေလအား ဆိုလျှင်၊
20Ipapo Abhusaromu akati kuna Ahitoferi, Tipei zano rako, tinofanira kuiteiko?
21အဟိသောဖေလက၊ နန်းတော်ကို စောင့်စေခြင်းငှါ ခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို့ရှိရာသို့ ဝင်တော်မူပါ။ ခမည်းတော်သည်ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသားအပေါင်း တို့သည်ကြား၍၊ ကိုယ်တော်ဘက်၌နေသော သူအပေါင်းတို့သည် လက်အားကြီးကြပါလိမ့်မည်ဟု လျှောက်သည် အတိုင်း၊
21Ahitoferi akati kuna Abhusaromu, Pindai kuvarongo vababa venyu vavakasiya, kuti vachengete imba; ipapo vaIsiraeri vose vachanzwa kuti mosemwa nababa venyu; ipapo maoko avose vamunavo achasimbiswa.
22နန်းတော်ပေါ်မှာ အဗရှလုံအဘို့ မျက်နှာကြက်ကိုမိုး၍၊ သူသည် ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့မှာ ခမည်းတော်၏ ကိုယ်လုပ်တော်တို့ ရှိရာသို့ ဝင်လေ၏။
22Naizvozvo vakadzikira Abhusaromu tende pamusoro peimba, Abhusaromu akapinda kuvarongo vababa vake vaIsiraeri vose vachizviona.
23ထိုကာလ၌ အဟိသောဖေလ ပေးသောအကြံသည် ဘုရားသခင့်ထံတော်၌ မေးလျှောက်၍ခံရသော ဗျာဒိတ်တော်ကဲ့သို့ ဖြစ်၏။ သူပေးသမျှသောအကြံကို ဒါဝိဒ်နှင့် အဗရှလုံသည် ဗျာဒိတ်တော်ကဲ့သို့ မှတ်တတ် သတည်း။
23Zvino mano aAhitoferi aakapa mazuva iwayo, akanga akaita samashoko akabvunzwa kuna Mwari; ndizvo zvakanga zvakaita mano aAhitoferi aakapa Dhavhidhi naAbhusaromu vose.