1ထိုရုန်ရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့သွား လေ၏။
1Mhirizhonga yakati yamira, Pauro akadanira kwaari vadzidzi, akavambundikira, ndokubuda kuti aende Makedhonia.
2ထိုအရပ်များကိုရှောင်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။
2Zvino wakati agura nemativi iwawo, avakurudzira zvikuru nemashoko mazhinji, akasvika Girisi.
3သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့်၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။
3Akati agara mwedzi mitatu, zano raitwa nevaJudha pamusoro pake, ava kuda kuenda Siria nechikepe, akazvipira kudzokera nepaMakedhonia.
4ပေါလုနှင့်အတူအာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု၏သား သောပ တရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေ ကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သား၊ တုခိတ်နှင့် တရောဖိမ်တည်း။
4Akaperekedzwa naSopatro weBheriya, neveTesaronika, Arisitako naSekundo, naGayo weDhebhe, naTimotio; uye Tikiko naTrofimo veAsia.
5ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။
5Ivo vakatungamira vakatimirira paTroasi.
6အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့် လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ ရောက်၍ခုနစ်ရက် နေကြ၏။
6Asi isu takabva Firipi nechikepe mushure memazuva ezvingwa zvisina mbiriso; tikasvika kwavari paTroasi mumazuva mashanu; patakagara mazuva manomwe.
7ခုနစ်ရက်တွင် ပဌမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
7Zvino nemusi wekutanga wevhiki, vadzidzi vaungana kumedura chingwa, Pauro akaparidza kwavari, akagadzirira kuenda chifume; akaredzva mharidzo kusvikira pakati peusiku.
8စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။
8Kwakange kune mwenje mizhinji muimba yekumusoro mavakange vakaungana.
9ဥတုခုအမည်ရှိသော လုလင်တယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော် ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည်ချီ ကြွကြ၏။
9Zvino pahwindo pakange pagere rimwe jaya rainzi Yutiko, rikabatwa nehope kwazvo, zvino Pauro wakati achiramba achiparidza, iro rikakundwa nehope, rikawira pasi, kubva panhurikwa yechitatu, rikasimudzwa rafa.
10ပေါလုသည်လည်းအောက်သို့ ဆင်း၍သူ၏ အပေါ်သို့ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ် သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ ဟုဆို၍ တက်ပြန် လေ၏။
10Ipapo Pauro akaburuka akawira pamusoro paro, akarimbundikira akati: Musazvinetsa, nekuti mweya waro uri mariri.
11မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည် တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။
11Zvino wakati akwirazve kumusoro, akamedura chingwa akadya, akataura nguva refu kusvikira kuchiedza, saizvozvo wakaenda.
12အသက်ရှင်လျက်ရှိသောထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။
12Vakauya nemukomana ari mupenyu, vakanyaradzwa zvisati zviri zvishoma.
13ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကို ခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။
13Asi isu takatungamira kuchikepe, tikaenda nechikepe Aso, takananga kukwidza Pauro ipapo, nekuti wakange araira saizvozvo, iye achida kufamba netsoka.
14အဿုမြို့၌ သူသည်ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။
14Zvino wakati asangana nesu paAso, tikamukwidza, tikandosvika Mitirene;
15ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာရှောက်သွား၍ နောက်တနေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တနေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။
15tikabva ipapo nechikepe, fume tikasvika pakatarisana neKiyo; fume tikasvika paSamo; ndokugara paTrogiriamu chifume tikasvika Mireto.
16ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မှီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှါ ကြိုးစား သည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာ မနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်း လျက်ရှိနှင့်သတည်း။
16Nekuti Pauro wakange akazvipira kupfuura Efeso nechikepe, nekuti wakange asingadi kupedza nguva paAsia; nekuti waimhanya kuti kana zvichibvira ave paJerusarema nezuva rePendekosita.
17မိလက်မြို့သို့ရောက်မှ ပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။
17Zvino ari paMireto akatumira Efeso akadana vakuru vekereke.
18သူတို့သည် ရောက်ကြသောအခါ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ရောက်သော နေ့မှစ၍ ယခုတိုင် အောင် သင်တို့ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့သိကြ၏။
18Zvino vakati vasvika kwaari, akati kwavari: Munoziva kubva pazuva rekutanga randakasvika paAsia, mugariro wandakaita pakati penyu nguva dzose,
19အလွန်နှိမ့်ချသောစိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသောအကြံအားဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကိုခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။
19ndichibatira Ishe nekuzvininipisa kose, nemisodzi mizhinji, nemiedzo yakandiwira nerangano dzakaipa dzevaJudha;
20သင်တို့အကျိုးတစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌၎င်း၊ သင်တို့အားဟောပြော ၍ ဆုံးမဩဝါဒ ပေးသဖြင့်၊
20kuti handina sei kuvanza zvingakubatsirai asi ndakakuratidzai nekukudzidzisai pachena dzimba nedzimba;
21ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကို၎င်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့ သိကြ၏။
21ndichipupura kwazvo zvose kuvaJudha nekuvaGiriki, kutendeukira kuna Mwari, nerutendo kuna Ishe wedu Jesu Kristu.
22ယခုမှာငါသည် ဝိညာဉ်တော်အားဖြင့် ချည်နှောင်ခြင်းကိုခံ၍၊ ယေရုရှလင်မြို့သို့သွားရ၏။ ထိုမြို့၌ အဘယ်အမှုရောက်မည်ကိုမသိ။
22Zvino tarirai, ndinoenda kuJerusarema ndakasungwa mumweya, ndisingazivi zvichandiwira ikoko,
23သို့သော်လည်းချည်နှောင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းအမှုတို့သည် ငါ့ကိုဆိုင်းလင့်သည်ဟု သန့်ရှင်းသော ဝိညာဉ်တော်သည် ခပ်သိမ်းသောမြို့တို့၌ ငါ့အား သက်သေခံတော်မူ၏။
23asi kuti Mweya Mutsvene unondipupurira kwazvo muguta rimwe nerimwe, kuti zvisungo nenhamo zvakandigarira.
24သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသောဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက် စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်းအမှု တစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ၊
24Asi handirangariri chinhu pane izvi, uye handiverengi kuti upenyu hwangu hunokosha kwandiri kuti ndipedze rwendo rwangu nemufaro nebasa randakagamuchira kuna Ishe Jesu rekupupura kwazvo evhangeri yenyasha dzaMwari.
25ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာကို မမြင်ရကြဟုငါသိ၏။
25Zvino tarirai, ndinoziva kuti imwi mose vandakafamba pakati penyu ndichiparidza ushe hwaMwari, hamuchazooni chiso changuzve.
26ထိုကြောင့်၊ လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ် သည်ဟု ယနေ့၌ သင်တို့အား ငါသက်သေခံ ၏။
26Naizvozvo ndinokupupurirai nhasi kuti ndakachena paropa revanhu vose;
27ဘုရားသခင်၏အလိုတော်ကိုသင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည်မလွှဲ မရှောင်ဘဲပြုခဲ့ပြီ။
27nekuti handina kuvanza kukuparidzirai zano rose raMwari.
28ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
28Naizvozvo zvichenjererei imwi, neboka rose pamusoro paro Mweya Mutsene pawakakuitai vatariri, kuti mufudze kereke yaMwari, yaakatenga neropa rake.
29အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊
29Nekuti ndinoziva izvi kuti kana ndaenda mapumhi anorura achapinda pakati penyu asingaregi boka.
30တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း ငါသိ၏။
30Uye pakati penyu pachamuka varume vachataura zvinhu zvinotsausa, kuti vakwezve vadzidzi vavatevere.
31ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြ လော့။
31Naizvozvo rindai, murangarire kuti munguva yemakore matatu handina kurega siku nesikati kuyambira umwe neumwe nemisodzi.
32ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။
32Uye ikozvino hama ndinokukumikidzai kuna Ishe, nekushoko renyasha dzake, iro rinogona kukuvakai, nekukupai nhaka pakati pevakaitwa vatsvene vose.
33သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။
33Handina kuchiva sirivheri kana ndarama kana nguvo yemunhu.
34ဤလက်တို့သည် ငါ့ကို၎င်း၊ ငါ့အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။
34Imwi mumene munoziva kuti maoko awa akabatira kushaiwa kwangu nekwevanhu vandaiva navo.
35ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊
35Pazvinhu zvose ndakakuratidzai, kuti muchibata saizvozvi munofanira kubatsira vasina simba, nekurangarira mashoko aIshe Jesu, kuti iye wakati: Kwakaropafadzwa kupa kupfuura kugamuchira.
36ပေါလုဆိုပြီးလျှင်၊ ဒူးထောက်၍ ထိုသူအပေါင်း တို့နှင့်တကွ ဆုတောင်းလေ၏။
36Zvino wakati ataura saizvozvi, akafugama, akanyengetera navo vose.
37ထိုသူအပေါင်းတို့သည် အလွန်ငိုကြွေး၍၊ ပေါလု၏ လည်ပင်းကို ဘက်ယမ်းလျက် သူ့ကိုနမ်းကြ၏။
37Vakachema zvikuru vose; vakawira pamutsipa waPauro vakamutsvoda,
38နောက်တဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့် သာ၍ ကြေကွဲသောစိတ်နှင့် ပေါလုကို သင်္ဘောသို့ ပို့လိုက်ကြ၏။
38vachishungurudzika kwazvo neshoko raakataura, kuti havachazooni chiso chakezve. Ipapo vakamuperekedza kuchikepe.