Myanmar

Shona

Daniel

1

1ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။
1Negore rechitatu rokubata ushe kwaJehoyakimu mambo waJudha, Nebhukadhinezari mambo weBhabhironi, akasvika Jerusaremu, akarikomba.
2ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာ လက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ် နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်း သို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။
2Ishe akaisa Jehoyakimu mambo waJudha muruoko rwake, pamwechete nedzimwe nhumbi dzeimba yaMwari, iye akaenda nadzo kunyika yeShinari, kuimba yamwari wake, akaisa nhumbi muimba yokuchengeta fuma yamwari wake.
3ထိုအခါရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှ ပေနတ်ကို ခေါ်တော်မူ၍၊
3Mambo akaudza Ashipenazi, mutariri wavaranda vake, kuti auye navamwe vana vaIsiraeri, vorudzi rwamambo norwamachinda;
4မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့်ပြည့်စုံ၍၊ ကောင်းသောဥာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှါ တတ်စွမ်း နိုင်သောလူပျိုတို့ကို ဣသရေလမင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကို သင်စေဟု အမိန့်တော်ရှိ၏။
4majaya akanga asina mhosva, asi akanga akanaka pameso, akachenjera panjere dzose, akangwara pakuziva, nokunzwisisa uchenjeri hwose, akanga akakwana kumira mumba mamambo; uye kuti avadzidzise magwaro norurimi rwavaKaradhea.
5ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူ သော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်ကျွေးမွေးပြီးမှ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ၏။
5Mambo akarayira kuti vapiwe mumwe mugove wezvokudya zvamambo zuva rimwe nerimwe, nowewaini yaaimwa, uye kuti vachengetwe makore matatu, kuti kana apera vagomira pamberi pamambo.
6ထိုသူတို့တွင် ယုဒအမျိုးသားဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။
6Zvino pakati pavo pakanga pana Dhanyeri naHanania naMishaeri naAzaria, vari vana vaJudha.
7မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလ ကိုမေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကို ပေး၏။
7Muchinda wavaranda akavatumidza mazita, Dhanyeri akamutumidza zita rinonzi Bheteshazari, naHanania rinonzi Shadhireki, naMishaeri rinonzi Misheki, naAzaria rinonzi Abhedhinego.
8ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံရှိ၍၊ မိမိကို မညစ်ညူး စေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။
8Asi Dhanyeri akatsunga mumwoyo make kuti haangazvinorese nezvokudya zvamambo kana newaini yaaimwa; saka akakumbira kune muchinda wavaranda kuti arege kuzvinoresa.
9ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမ စိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊
9Zvino Mwari akanzwisa Dhanyeri unyoro netsitsi pamberi pomuchinda wavaranda.
10ငါ့သခင်ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထား သော စားတော်ကဲကို ငါကြောက်၏။ သင်တို့အစား အသောက်ကို စီရင်တော်မူပြီ။ သင်တို့ မျက်နှာသည် အရွယ်တူ လူပျိုတို့၏ မျက်နှာလောက် အဆင်းမလှ သည်ကို မြင်တော်မူလျှင်၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။
10Muchinda wavaranda akati kuna Dhanyeri, Ndinotya ishe wangu mambo, akarayira zvamunofanira kudya nokumwa; nekuti achaonereiko zviso zvenyu zvakasuruvara kupfuura zvamajaya ezero renyu? Kana zvakadaro muchapinza musoro wangu munjodzi kuna mambo.
11ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊
11Ipapo Dhanyeri akati kumutariri akanga arairwa nomuchinda wavaranda kuchengeta Dhanyeri naHanania naMishaeri naAzari,
12အကျွန်ုပ်တို့ စားသောက်စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။
12Doedzai henyu varanda venyu mazuva ane gumi; ngavatipe miriwo yeminyemba tidye, nemvura timwe.
13ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာကို စားသောလူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟုပြောလျှင်၊
13Ipapo mungacherekedza zviso zvedu nezviso zvamajaya anodya zvokudya zvamambo, mugoita navaranda venyu sezvamunoona.
14စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်း လေ၏။
14Naizvozvo akatenda shoko ravo pamusoro pechinhu ichi, akavaedza mazuva ane gumi.
15ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။
15Mazuva ane gumi akati apera zviso zvavo zvikaonekwa zvakanaka, nemiviri yavo yakakura, vachipfuura majaya ose aidya zvokudya zvamambo.
16ထိုအခါစားတော်ကဲသည် သူတို့အစာကို၎င်း၊ သူတို့သောက်ဘို့ စပျစ်ရည်ကို၎င်း ရုပ်သိမ်း၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး၏။
16Naizvozvo mutariri wakabvisa zvokudya zvavo zvamambo, newaini yavakanzi vamwe, akavapa mirivo.
17ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့ အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်း ငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဥာဏ်သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဥာဏ်ပညာနှင့်ပြည့်စုံ၏။
17Zvino kana ari majaya awa mana, Mwari wakavapa zivo nokungwara pamagwaro ose nouchenjeri hwose; asi Dhanyeri wakange achigona kunzwisisa zvose zvairatidzwa naMwari nezvairotwa.
18နန်းတော်သို့ သွင်းစေခြင်းငှါ ချိန်းချက်တော်မူ သော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်းလေ၏။
18Zvino mazuva akati apera akanga atarwa namambo okuti vauyiswe nawo, muchinda wavaranda akapinda navo pamberi paNebhukadhinezari.
19ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင်၊ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့် တူသောသူတယောက်မျှမရှိသောကြောင့်၊ သူတို့သည် အထံတော်၌ ခံစားရသော အခွင့်အရာကို ရကြ၏။
19Mambo akataurirana navo, pakati pavose kukasawanikwa vakanga vakafanana naDhanyeri naHanania naMishaeri naAzaria; saka ivo vakamira pamberi pamambo.
20ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ရှိသမျှသော မာဂု ပညာရှိ၊ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြ သည်ကို တွေ့မြင်တော်မူ၏။
20Pamashoko ose ouchenjeri nookunzwisisa, avaibvunzwa namambo, wakawana kuti ivo vaipfuura kagumi vachenjeri vose nen'anga dzose dzaiva paushe hwake.
21ဒံယေလသည် ကုရုမင်းကြီးနန်းစံပဌမနှစ်တိုင်အောင် ရှိနေသတည်း။
21Dhanyeri akaramba aripo kusvikira pagore rokutanga ramambo Koreshi.