Myanmar

Shona

Esther

4

1ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကိုဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။
1Zvino Modhekai akati achinzwa zvose zvaitwa, Modhekai ndokubvarura nguvo dzake, akafuka masaga nokuisa madota pamusoro wake, akapinda pakati peguta, akachema nokuchema kukuru kunorwadza moyo;
2လျှော်တေအဝတ်ကိုဝတ်လျက် နန်းတော်တံခါး ထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့်၊ နန်းတော်တံခါး ရှေ့မှာ ရပ်နေ၏။
2akasvikawo pamberi pesuwo ramambo; nekuti akafuka masaga haana kutenderwa kupinda pasuwo ramambo.
3ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကိုပြု၍၊ လူများ တို့သည် ပြာနှင့်လျှော်တေအဝတ်၌ အိပ်ကြ၏။
3Naparutivi rumwe norumwe rwenyika pose pakasvika murayiro wamambo nechirevo chake, pakanga panokuchema kukuru pakati pavaJudha, nokutsanya, nokuchema misodzi, nokuungudza; vazhinji vakavata pasi vakafuka masaga nokuzviisa madota pamisoro.
4မော်ဒကဲအမှုကို ဧသတာ၏ ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက်၊ မော်ဒကဲဝတ်သော လျှော်တေကို ပယ်၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှါ ပေးလိုက် သော်လည်း၊ မော်ဒကဲသည် မခံမယူဘဲနေ၏။
4Zvino vasikana vaEsiteri navaranda vake vakandomuudza izvozvo; vahosi vakabatwa neshungu kwazvo, vakatumira Modhekai nguvo, kuti adzifuke, abvise masaga; asi wakaramba kudzigamuchira.
5တဖန် ဧသတာသည် ရှင်ဘုရင် အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ်၍၊ အဘယ်အမှုရှိ သနည်း။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲ ကို မေးစေခြင်းငှါ စေလွှတ်သည်အတိုင်း၊
5Ipapo Esiteri akadana Hataki, mumwe wavaranda vamambo, waakanga araira kumubatira, akamuraira kuti aende kuna Modhekai kundonzwa kuti chinyi, uye mhaka yeiko.
6ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါး ရှေ့၊ မြို့တော်လမ်းသို့သွား၍၊
6Ipapo Hataki akaenda kuna Modhekai padare reguta, rakanga riri pamberi pesuwo ramambo.
7မော်ဒကဲသည် မိမိ၌ရောက်သော အမှုရှိသမျှကို၎င်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ငွေ မည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ဂတိ ထားကြောင်းကို၎င်း ကြားပြောလျက်၊
7Modhekai akamuudza zvose zvaakaitirwa, nokuwanda kwemari yakanzi naHamani kuti achaiisa muzvivigiro zvamambo kuti vaJudha vaparadzwe.
8ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ ရှုရှန်နန်းတော်၌ ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဘို့ ပေး၍၊ ဧသတာသည် မိမိလူမျိုး အဘို့တောင်းလျှောက် ခြင်းငှါ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက် လေ၏။
8Akamupawo mashoko orunyoro rwechirevo chakanga chatemwa paShushani chokuti vaparadzwe, kuti achiratidze Esiteri nokumuzivisa izvozvo; akamurairawo kuti apinde kuna mambo amunyengetere nokukumbirira vanhu vake kwaari.
9ဟာတက်သည်လည်းလာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏။
9Hataki akandoudza Esiteri mashoko aModhekai.
10တဖန်ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊
10Ipapo Esiteri akataura naHataki, akamupa shoko rokundoudza Modhekai, akati,
11ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည် အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော် မျိုးများနှင့် နိုင်ငံတော်ပြည်သူပြည်သားများအပေါင်းတို့ သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊
11Varanda vose vamambo navanhu vamativi enyika dzamambo vanoziva kuti ani naani, kunyange murume kana mukadzi, akapinda kuna mambo muruvanze rwomukati asina kudamwa, kunongova nomurau mumwe woga kwaari, kuti aurawe; asi kana mambo akamutambanudzira tsvimbo yendarama, achararama hake; asi ini handina kudamwa kuti ndipinde kuna mambo mazuva ano ana makumi matatu.
12ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသော အခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ် လျှင်၊
12Vakaudza Modhekai mashoko aEsiteri.
13နန်းတော်၌နေသော်လည်း သင့်အသက်လွတ် မည်ဟု မထင်နှင့်။
13Ipapo Modhekai akavaraira kuti vapindure Esiteri, vati, Usati iwe uchapukunyuka mumba mamambo kupfuura vamwe vaJudha vose.
14ယခုကာလသင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်း အကြောင်းတစုံတခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဘို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လော ဟု ဧသတာအား ပြန်ပြောစေခြင်းငှါ မှာလိုက်၏။
14Nekuti kana iwe ukanyarara chose nenguva ino, vaJudha vachabatsirwa nokurwirwa nomumwe mutowo, asi iwe neimba yababa vako muchaparadzwa; handiti, zvimwe wakasvika paushe nokuda kwenguva inenge seino here?
15ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။
15Ipapo Esiteri akaraira kuti vapindure Modhekai, vati,
16Endai mukokere vaJudha vose vari paShushani, muzvinyime zvokudya nokuda kwangu; regai kudya kana kumwa mazuva matatu, usiku namasikati; neniwo navasikana vangu tichatsanya saizvozvo; ipapo ndichapinda kuna mambo, kunyange zvisina kutenderwa nomurau; kana ndikaparara, ndaparara hangu.
17Naizvozvo Modhekai akaenda hake akandoita zvose zvaakarairwa naEsiteri.