Myanmar

Shona

Exodus

31

1တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊
1Zvino Jehovha wakataura naMozisi akati,
2နားထောင်လော့၊ ငါသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။
2Tarira, ndadana Bhezareri, mwanakomana, waUri, mwanakomana waHuri, worudzi rwaJudha, nezita rake,
3သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊
3ndikamuzadza noMweya waMwari, nouchenjeri, nokunzwisisa, nokuziva kose, nokugona marudzi ose amabasa,
4သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊
4kuti afunge mano oumhizha, nokubata nendarama, nesirivha, nendarira,
5ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။
5nokuveza mabwe anoiswa mukati, nokuveza matanda, nokugona marudzi ose amabasa.
6သူနှင့်အတူ ဒန်အမျိုးသား အဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ။
6Uye ini, tarira ndakagadza pamwechete naye Ohoriabhu, mwanakomana waAhisamaki, worudzi rwaDhani; nomumoyo yavose vane moyo yakangwara ndakaisa uchenjeri, kuti, vaite, zvose zvandakakuraira,
7ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကို၎င်း၊
7zvinoti: Tende rokusangana, neareka yechipupuriro, nechifunhiro chokuyananisa chiri pamusoro payo, nenhumbi dzose dzetabhenakeri,
8စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်း ရှို့သော ပလ္လင်၊
8netafura nenhumbi dzayo, nechigadziko chemwenje chakaisvonaka nenhumbi dzacho dzose, nearitari yezvinonhuhwira,
9မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို၎င်း၊
9nearitari yezvipiriso zvinopiswa nenhumbi dzayo dzose, nomudziyo wokushambidzira nechigadziko chawo,
10အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ၏သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊
10nenguvo dzakarukwa zvakanaka, nenguvo tsvene dzaAroni mupristi, nenguvo dzavanakomana vake dzokubata basa roupristi nadzo,
11လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ၏။
11namafuta okuzodza nawo, nezvinonhuhwira zvemiti inonaka zvapanzvimbo tsvene; vanofanira kuita zvose sezvandakakuraira.
12တဖန်ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
12Zvino Jehovha wakataura naMozisi akati,
13ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည်။
13Taura navana vaIsiraeri, uti, Zvirokwazvo munofanira kuchengeta masabata angu; nekuti chiratidzo pakati pangu nemwi kusvikira kumarudzi enyu ose, muzive kuti ndini Jehovha unokutsaurai.
14ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
14Naizvozvo chengetai sabata, nekuti idzvene kwamuri; ani naani unorizvidza ngaaurawe zvirokwazvo; nekuti ani naani unobata basa ripi neripi naro, munhu uyo ngaabviswe pakati porudzi rwake.
15ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန် အသေခံရမည်။
15Mabasa ose ngaabatwe namazuva matanhatu, asi zuva rechinomwe isabata rokuzorora kwazvo, idzvene kuna Jehovha; ani naani unobata basa ripi neripi nezuva resabata, ngaaurawe zvirokwazvo.
16သို့ဖြစ်၍ ဣသရေလအမျိုးသားအစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။
16Naizvozvo vana vaIsiraeri vanofanira kuchengeta sabata, varangarire sabata kusvikira kumarudzi avo ose; ive sungano isingaperi.
17ထိုသို့ စောင့်လျှင်၊ ငါနှင့် ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို၊ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
17Chiratidzo pakati pangu navana vaIsiraeri nokusingaperi; nekuti Jehovha wakaita denga nenyika namazuva matanhatu, akazorora nezuva rechinomwe, akasimbiswa.
18ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။
18Zvino wakati apedza kutaura naMozisi pagomo reSinai, akamupa mabwendefa maviri echipupuriro, mabwendefa amabwe akanga akanyorwa nomumwe waMwari.