1တဖန် ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်လော့။ သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း နောက်ကျောက်ပြားပေါ်မှာ ငါရေးထားမည်။
1Zvino Jehovha akati kuna Mozisi, Zvivezere mabwendefa maviri amabwe akafanana nookutanga, kuti ndinyore pamabwendefa mashoko aya akanga ari pamabwendefa okutanga awaputsa.
2နက်ဖြန်နံနက်သင်သည် အသင့်နေလျက်၊ သိနာတောင်ပေါ်သို့ တက်၍ တောင်ထိပ်၌ ငါ့ရှေ့မှာကိုယ်ကို ပြလော့။
2Gara wazvigadzira mangwanani, ukwire mugomo reSinai mangwanani, umire pamberi pangu pamusoro pegomo.
3သင်နှင့်အတူ အဘယ်သူမျှ မတက်ရ။ တောင်တပြင်လုံး၌ လူကို မထင်ရှားစေနှင့်။ တောင်ခြေရင်း ၌ သိုးနွားတို့ကို ကျက်စားရာမပြုစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
3Asi mumwe munhu ngaarege kukwira newe, uye ngakurege kuonekwa munhu pagomo rose, namakwai nemombe ngazvirege kufura pamberi pegomo iri.
4ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အရင်ကျောက်ပြားနှင့်တူအောင် ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ မောရှေသည် နံနက်စောစောထ၍ ထိုကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်သို့ တက်လေ၏။
4Ipapo Mozisi akaveza mabwendefa maviri akafanana nookutanga, akamuka mangwanani, akakwira mugomo reSinai, sezvaakanga arairwa naJehovha, akabata mabwendefa maviri muruoko rwake.
5ထာဝရဘုရားသည် မိုဃ်းတိမ်ဖြင့် ဆင်းသက်၍၊ ထိုအရပ်၌ မောရှေအနားမှာရပ်လျက်၊ ထာဝရ ဘုရား၏နာမတော်ကို ကြွေးကြော်တော်မူ၏။
5Jehovha akaburuka ari mugomo, akamirapo naye, akadana zita raJehovha.
6ထာဝရဘုရားသည် မောရှေရှေ့၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနား ခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊
6Jehovha akapfuura pamberi pake, akadanidzira, achiti, Jehovha, Jehovha, Mwari azere nyasha netsitsi, anononoka kutsamwa, ane tsitsi huru nechokwadi,
7အထောင်အသောင်းများသောသူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီး သက်သက် ဖြေလွှတ်တော်မမူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကိုသားတို့၌ ဆပ်ပေးစီရင်တော်မူသော ဘုရားသခင်ဟု ကြွေးကြော်တော်မူ၏။
7anochengetera vane zviuru zvamazana nyasha dzake, anovakangamwira zvakaipa zvavo nokudarika kwavo nezvivi zvavo, asi asingapembedzi munhu ane mhosva, anorova vana nokuda kwezvakaipa zvamadzibaba avo, navana vavana vavo kusvikira kurudzi rwechitatu norwechina.
8မောရှေသည် အလျင်အမြန် ဦးညွှတ်ချ၍ ကိုးကွယ်လျက်။
8Ipapo Mozisi akakurumidza kukotamisa musoro wake pasi, akapfugama.
9အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင်၊
9Akati, Ishe, kana ndakawana nyasha kwamuri, Ishe ngaafambe pakati pedu, nekuti vanhu ava vane mitsipa mikukutu; tikangamwirei henyu zvakaipa zvedu nezvivi zvedu, mutigamuchirei, tive nhaka yenyu.
10ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာ လူမျိုး၌ မပြုစဖူးသော အံ့ဘွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်ကြောင်းကို သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
10Jehovha akati, Tarira, ndinoita sungano newe; ndichaita pamberi pavanhu vako zvinoshamisa, zvisina kumboitwa panyika yose, kana kundudzi dzose; kuti vanhu vose vauri pakati pavo vaone basa raJehovha, nekuti ndinoita chinhu chinotyisa newe.
11ယနေ့ငါမှာထားသော စကားကို မှတ်လော့။ သင့်ရှေ့မှာ အာမောရိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ကို ငါနှင်ထုတ်မည်။
11Rangarira zvandinokuraira nhasi: Tarira, ndodzinga pamberi pako vaAmori, navaKanani, navaHeti, navaPerezi, navaHivhi, navaJebhusi.
12သင်သည် ယခုသွားသော ပြည်သူပြည်သားတို့နှင့် မိဿဟာယဖွဲ့သဖြင့်၊ သင့်အလယ်၌ တိုက်မိ၍ လဲစရာအကြောင်းမဖြစ်စေခြင်းငှာ၊ ကိုယ်ကိုကိုယ်သတိပြုလော့။
12Chenjera kuti urege kuita sungano navanhu vagere munyika iyo kwaunoenda, kuti zvirege kuva musungo kwauri;
13သူတို့ယဇ်ပလ္လင်များကို ဖျက်ဆီးရမည်။ သူတို့ရုပ်တုဆင်းတုများကို ချိုးဖဲ့ရမည်။ သူတို့ အာရှရပင် များကို ခုတ်လှဲရမည်။
13asi munofanira kuputsa aritari dzavo, nokuputsanya mabwe emifananidzo yavo, nokutema matanda avo avanonamata nawo;
14အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိယုံလွယ်အမည်ရှိသော ထာဝရဘုရားသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။
14nekuti usapfugamira vamwe vamwari, nekuti Jehovha, ane zita rinonzi Anegodo, ndiMwari anegodo;
15သင်သည် ထိုပြည်သူပြည်သားတို့နှင့် မိဿဟာယ ဖွဲ့သဖြင့်၊ သူတို့သည် မိမိတို့ဘုရားနှင့် မှားယွင်းခြင်းကို ပြ၍၊ ထိုဘုရားတို့အား ယဇ်ပူဇော်သောအခါ၊ သင့်ကို ခေါ်၍သင်သည် ထိုယဇ်ကောင်ကို စားမည်ဟူ၍ ၎င်း၊
15kuti urege kuita sungano navanhu vagere munyika iyo, zvino kana ivo vopata vachitevera vamwari vavo, vachibayira vamwari vavo, mumwe akudane kuti udye nyama yezvibayiro zvake;
16သင်သည် သူတို့ သမီးများကိုယူ၍၊ ကိုယ်သားတို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီးတို့သည် မိမိတို့ ဘုရားနှင့် မှားယွင်းခြင်းကို ပြု၍ သင်၏သားတို့ကို ထိုဘုရားတို့နှင့် မှားယွင်းစေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
16iwe ukatorera vanakomana vako vakunda vavo, zvino kana vakunda vavo vopata vachitevera vamwari vavo, vapatise vanakomana vakowo vatevere vamwari vavo.
17သင်သည် ကိုယ်အဘို့ သွန်းသော ဘုရားတို့ကို မလုပ်ရ။
17Usazviitira vamwari vakaumbwa.
18သင်သည် အဗိဗလ၌ အဲဂုတ္တုပြည်မှ ထွက်သောကြောင့်၊ ငါပညတ်သည်အတိုင်း၊ အဗိဗလတွင် ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စား၍ အဇုမပွဲကို ခံရမည်။
18Uite mutambo wezvingwa zvisina kuviriswa. Unofanira kudya zvingwa zvisina kuviriswa mazuva manomwe, sezvandakakuraira nenguva yakatarwa pamwedzi weAbhibhi, nekuti wakabuda paEgipita pamwedzi weAbhibhi.
19သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သင်၏တိရစ္ဆာန်တို့တွင်လည်း၊ နွားဖြစ်စေ၊ သိုးဖြစ်စေ၊ သားဦးအပေါင်းတို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင်၊ မြည်းသားဦးကို သိုးသငယ်နှင့် ရွေးယူရမည်။
19Zvose zvinotanga kuzarura chizvaro ndezvangu, napazvipfuwo zvako zvikono zvose zvinotanga kuzarura chizvaro, kana pamombe kana pamakwai;
20မရွေးလိုလျှင်၊ မြည်းသငယ်၏လည်ပင်းကို ချိုးရမည်။ သင်၏သားဦးအပေါင်းတို့ကို ရွေးရမည်။ ငါ့ထံသို့ အဘယ်သူမျှ လက်ချည်းမပေါ်မလာရ။
20mwana wokutanga wedhongi unofanira kuudzikunura negwayana; kana usingadi kuudzikunura, unofanira kuvhuna mutsipa wawo. Matangwe ose pavanakomana vako unofanira kuvadzikunura. Kurege kuva nomunhu anouya pamberi pangu asina chinhu.
21ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေရမည်။ လယ်လုပ်ရာ ကာလ၊ အသီးအနှံသိမ်းရာကာဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေရမည်။
21Unofanira kubata mazuva matanhatu, asi nezuva rechinomwe uzorore, nenguva yokurima neyokukohwa uzorore.
22ဂျုံစပါးကို သိမ်းစရှိသည်ကာလခုနစ်သိတင်းပွဲကို၎င်း၊ နှစ်လဲသောအခါ သိုထားပွဲကို၎င်း ခံရမည်။
22Unofanira kurangarira mutambo wamavhiki, wezvitsva zvekoroni inokohwiwa, nomutambo wokuunganidza pakupera kwegore.
23သင်တို့ အမျိုးသား ယောက်ျားအပေါင်းတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရအရှင်ဘုရား သခင့်ရှေ့တော်၌ တနှစ်လျှင် သုံးကြိမ်မျက်နှာပြရကြမည်။
23Varume vako vose ngavauye pamberi paShe Mwari, iye Mwari waIsiraeri, katatu negore.
24တပါးအမျိုးသားများကို သင်တို့ရှေ့က ငါနှင်ထုတ်၍၊ သင်တို့နေရာနယ်ကို ငါ ကျယ်စေမည်။ သင်၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ တနှစ်တွင် သုံးကြိမ် မျက်နှာပြသွားသောအခါ၊ သင်၏မြေကို အဘယ်သူမျှ မတပ်မက်ရ။
24Nekuti ndichadzinga ndudzi pamberi pako, ndikurise miganhu yako; hakungavi nomunhu achachiva nyika yako, kana achikwira katatu pagore kuti azviratidze pamberi paJehovha, Mwari wako.
25ငါ့ယဇ်ကောင်အသွေးကို တဆေးနှင့် ရော၍ မပူဇော်ရ။ ပသခါပွဲယဇ်ကောင်ကို၊ နံနက်တိုင်အောင် မကြွင်းစေရ။
25Usauya neropa rechibayiro changu pamwechete nechingwa chakaviriswa, uye chibayiro chomutambo wePasika ngachirege kuvata usiku kusvikira mangwana.
26သင်၏မြေ၌ အဦးသီးသော အသီးအနှံအကောင်းဆုံးကို သင်၏ ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
26Zvokutanga zvezvitsva zvomunda wako unofanira kuuya nazvo kumba kwaJehovha Mwari wako. Usabika mbudzana mumukaka wamai vayo.
27ဤစကားများကို ရေးထားလော့။ ဤစကားများလာသည် အတိုင်း သင်မှစ၍ ဣသရေလအမျိုးနှင့် ငါပဋိညာဉ်ပြုသည်ဟု မောရှေအား မိန့်တော်မူ၏။
27Zvino Jehovha akati kuna Mozisi, Nyora mashoko iwaya, nekuti ndaita sungano newe navaIsiraeri sezvinoreva mashoko iwaya.
28ထိုအရပ်မှာ မောရှေသည် အစာကို မစား၊ ရေကို မသောက်ဘဲ။ အရက်လေးဆယ်ပတ်လုံး ထာဝရ ဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော် မူ၏။
28Akavako kuna Jehovha mazuva ana makumi mana nousiku unamakumi mana; wakange asingadyi zvokudya kana kumwa mvura. Akanyora pamabwendefa mashoko esungano, iyo mirairo ine gumi.
29မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင် နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေ ထွန်းပကြောင်းကို မိမိမသိ။
29Zvino Mozisi wakati achiburuka mugomo reSinai, Mozisi akabata mabwendefa maviri echipupuriro mumaoko ake, Mozisi wakange asingazivi, achiburuka mugomo, kuti ganda rechiso chake rakanga richibwinya zvaakanga ataura naye.
30အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကို မြင်သောအခါ၊ သူ၏မျက်နှာ အရေထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။
30Zvino Aroni navana vaIsiraeri vose vakati vachiona Mozisi, vakaona ganda rechiso chake richibwinya, vakatya kuswedera kwaari;
31မောရှေသည် သူတို့ကို ခေါ်၍၊ အာရုန်နှင့် ပရိသတ်သူကြီးတို့သည် ချဉ်းကပ်ကြလျှင်၊ မောရှေသည် နှုတ်ဆက်လေ၏။
31ipapo Mozisi akavadana, Aroni navakuru vose veungano vakadzokera kwaari, Mozisi akataura navo.
32ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် ချဉ်းကပ်ကြလျှင်၊ သိနာတောင်ပေါ်မှာ ထာဝရ ဘုရားမိန့်တော်မူသမျှတို့ကို သူတို့အား ဆင့်ဆိုလေ၏။
32Pashure vana vaIsiraeri vose vakaswedera, iye akavaraira zvose zvaakanga audzwa naJehovha pagomo reSinai.
33မောရှေသည် သူတို့အား ဟောပြော၍ မပြီးမှီ မိမိမျက်နှာကို ဖုံးအုပ်လေ၏။
33Zvino Mozisi wakati apedza kutaura navo akaisa chifukidzo pachiso chake.
34ထာဝရဘုရားရှေ့တော်သို့ ဝင်၍လျှောက်သောအခါ၊ မထွက်မှီတိုင်အောင် မျက်နှာဖုံးကို ချွတ်ထား၏။ တဖန် ထွက်၍ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို၏။
34Asi kana Mozisi opinda pamberi paJehovha kundotaura naye, waibvisa chifukidzo kusvikira achibuda; zvino wobuda, ndokuudza vana vaIsiraeri zvarairwa.
35သူ၏မျက်နှာအရေ ထွန်းပကြောင်းကို ဣသရေလအမျိုးသားတို့သည် မြင်ကြလျှင်၊ တဖန် အထဲသို့ ဝင်၍ မလျှောက်မှီတိုင်အောင် မိမိမျက်နှာကို ဖုံးအုပ်ပြန်၏။
35Vana vaIsiraeri vakaona chiso chaMozisi, kuti ganda rechiso chaMozisi raibwinya; zvino Mozisi wodzoserazve chifukidzo pachiso chake, kusvikira opinda kundotaura naye.