1မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရ ဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ၏။
1Zvino Mozisi akapindura akati, Asi tarirai, havanganditendi, kana kuteerera inzwi rangu, nekuti vachati, Jehovha haana kuzviratidza kwauri.
2ထာဝရဘုရားကလည်း၊ သင်၏လက်၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟု လျှောက်၏။
2Jehovha akati kwaari, Chiiko icho chiri muruoko rwako? Akati, Itsvimbo.
3မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ၏။
3Akati, Ikandire pasi. Akaikandira pasi, ikashanduka kuva nyoka, Mozisi akaitiza.
4ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကို ကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဘမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။
4Zvino Jehovha akati kuna Mozisi, Tambanudza ruoko rwako, uibate parumhinda; (iye akatambanudza ruoko rwake, akaibata, ikashanduka kuva tsvimbo muruoko rwake);
5သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။
5kuti vatende kuti ndini Jehovha, Mwari wamadzibaba avo, Mwari waAbhurahamu, naMwari waIsaka, naMwari waJakove, akazviratidza kwauri.
6တဖန် ထာဝရဘုရားက၊ သင်၏လက်ကိုသင်၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကို ရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။
6Jehovha akatiwo kwaari, Isa ruoko rwako muchipfuva chako. Akaisa ruoko rwake muchipfuva chake; zvino akati achirubvisa, onei ruoko rwake rwava namaperembudzi rwati mbembe sechando.
7တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကို ရင်ခွင် သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။
7Akati, Isa ruoko rwako muchipfuva chakozve. (Iye akaisa ruoko rwake muchipfuva chakezve; zvino akati achirubvisa muchipfuva chake, onei rwashandukazve senyama yake.)
8ထိုသူတို့သည် သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည်။
8Zvino kana vachiramba kukutenda, kana kuteerera inzwi rechiratidzo chokutanga, vachatenda inzwi rechiratidzo chechipiri.
9သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ၊ သင်၏ စကားကို နားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကို ယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။
9Zvino kana vachiramba kutenda zviratidzo izvo zviviri, kana kutenda inzwi rako, uchere mvura yomurwizi, uidururire pakaoma, ipapo mvura yawachera ichashanduka ropa ipapo pakaoma.
10မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
10Zvino Mozisi akati kuna Jehovha, Haiwa, Jehovha, handizi munhu anogona kutaura zvakanaka, kunyange zuro, kana zuro riya, kana kubva panguva yamakataura nomuranda wenyu; nekuti ndiri munhu anomuromo usingagoni norurimi rusingagoni.
11ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
11Jehovha akati kwaari, Ndianiko akaita muromo womunhu, ndianiko anoita mbeveve kana matsi, kana anoona, kana bofu? Ko handizi Jehovha here?
12သို့ဖြစ်၍ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။
12Naizvozvo zvino chienda, ini ndichava muromo wako, ndikudzidzise zvaunofanira kutaura.
13မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော်၊
13Iye akati, Haiwa, Ishe, tumai henyu wamunoda kutuma naye.
14ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။
14Zvino kutsamwa kwaJehovha kwakamukira Mozisi, akati, Ko Aroni, mukoma wako, muRevhi, haapo here? Ndinoziva kuti iye anogona kutaura kwazvo. Zvino tarira, wotobuda kusangana newe; kana achikuona achafara mumoyo make.
15သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။
15Utaure naye, ugoisa mashoko mumuromo make; ini ndichava nomuromo wako, uye nomuromo wake, ndikudzidzisei zvamunofanira kuita.
16သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည် လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။
16Iye achataura navanhu panzvimbo yako, agova muromo wako, iwe uchava saMwari kwaari.
17သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော် မူ၏။
17Zvino tora tsvimbo iyi muruoko rwako, ugoita zviratidzo nayo.
18မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။
18Zvino Mozisi akaenda, akadzokera kuna Jeturo, mukarabwe wake, akati kwaari, Donditenderai henyu kuenda, ndidzokere kuhama dzangu Egipita, ndindoona kana vachiri vapenyu. Jeturo akati kuna Mozisi, Enda hako norugare.
19ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည်၌ မောရှေအား မိန့်တော်မူ၏။
19Zvino Jehovha akati kuna Mozisi paMidhiani, Enda, udzokere Egipita, nekuti vanhu vose vaitsvaka kukuuraya vakafa.
20ထိုအခါ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
20Ipapo Mozisi akatora mukadzi wake nevana vake vavakomana, akavatasvisa pdhongi, akadzokera kunyika yeEgipita; Mozisi akatora tsvimbo yaMwari muruoko rwake.
21ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။
21Jehovha akati kuna Mozisi, Kana wodzokera Egipita, chenjera kuti uite pamberi paFarao zvishamiso zvose zvandaisa muruoko rwako; asi ndichaomesa moyo wake, kuti arege kutendera vanhu kuenda.
22ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။
22Zvino undoti kuna Farao, Zvanzi naJehovha, Isiraeri, mwanakomana wangu, idangwe rangu;
23ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ၏။
23ndakati kwauri, Tendera mwanakomana wangu kuenda andinamate; iwe ukaramba kumutendera; zvino tarira ndichauraya mwanakomana wako wedangwe.
24ခရီးသွားစဉ်တွင်၊ စားခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ၏။
24Zvino vachiri panzira, pavakanga vavata, Jehovha akasangana naye, akatsvaka kumuuraya.
25ထိုအခါ၊ ဇိပေါရသည် ထားကိုယူ၍ သား၏ အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပြပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို၏။
25Ipapo Zipora akatora ibwe rinopinza, akacheka rukanda rwapamberi rwomwanakomana wake, akarukanda patsoka dzake akati, Zvirokwazvo, uri chikomba cheropa kwandiri.
26ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီးမင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟု ဆိုသတည်း။
26Naizvozvo akamurega. Ipapo akati, Uri chikomba cheropa nokuda kokudzingiswa.
27ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။
27Zvino Jehovha akati kuna Aroni, Enda kurenje undosangana naMozisi. Iye akaenda, akandosangana naye pagomo raMwari, akamutsvoda.
28မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။
28Ipapo Mozisi akaudza Aroni mashoko ose aJehovha, aakanga amutuma nawo, nezviratidzo zvose zvaakanga amuraira.
29ထိုသူညီနောင်နှစ်ပါးတို့သည် သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင်၊
29Mozisi naAroni vakaenda, vakaunganidza vakuru vose vavana valsiraeri.
30အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော၍၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ၏။
30Aroni akataura mashoko ose akataurwa naJehovha kuna Mozisi, akaita zviratidzo pamberi pameso avanhu.
31ထိုလူများတို့သည် ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို၎င်း၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ် ကြ၏။
31Vanhu vakatenda; zvino vakati vanzwa kuti Jehovha washanyira vana vaIsiraeri, akaona kunetswa kwavo, vakakotamisa misoro yavo, vakanamata Jehovha.