Myanmar

Shona

Ezekiel

43

1ထိုနောက်မှ အရှေ့ဘက်သို့ မျက်နှာပြုသော တံခါးဝသို့ တဖန်ခေါ်သွား၏။
1Pashure akandiisa kusuwo, iro suwo rakatarira kurutivi rwamabvazuva.
2ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော် သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာ သကဲ့သို့ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတပြင်လုံး လင်း၏။
2Zvino tarira, kubwinya kwaMwari waIsiraeri kwakabva kurutivi rwamabvazuva; inzwi rake rakanga rakaita somubvumo wemvura zhinji; pasi pakapenya nokubwinya kwake.
3ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်း ငှါ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှား သောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဘူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပြပ်ဝပ်လျက်နေ၏။
3Zvakanga zvakafanana nezvandakaona, izvo zvandakaona nguva yandakauya kuzoparadza guta; zvandakaona zvino zvakanga zvakafanana nezvandakaona parwizi rwaKebhari; ini ndikawira pasi nechiso changu.
4ထာဝရဘုရား၏ ဘုန်းတော်သည် အရှေ့ဘက် သို့ မျက်နှာပြုသော တံခါးလမ်းဖြင့် အိမ်တော်ထဲသို့ ဝင်တော်မူ၏။
4Kubwinya kwaJehovha kukapinda mumba nenzira yesuwo rakatarira kurutivi rwamabvazuva.
5ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်း တန်တိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တအိမ်လုံးကို ဖြည့်တော်မူ၏။
5Mweya ukandisimudza, ukandiisa muruvanze rwomukati; zvino tarira, kubwinya kwaJehovha kwakazadza imba.
6အရင်လူသည် ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲက ငါ့အား မိန့်တော်မူသောအသံကို ငါကြား သည်ကား၊
6Zvino ndikanzwa mumwe achitaura neni ari mumba; mumwe murume akamira neni.
7အချင်းလူသား၊ ဤအရပ်သည် ငါ့ပလ္လင်တည်ရာ အရပ်၊ ငါ့ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသား တို့တွင် အစဉ်အမြဲငါ့နေရာအရပ် ဖြစ်၏။ ဣသရေလ ရှင်ဘုရင်များနှင့် အမျိုးသားတို့သည် မှားယွင်းခြင်းအား ဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာ အရပ်တို့၌ငါ၏နာမတော်မြတ်ကို နောက်တဖန် မရှုတ်ချရကြ။
7Akati kwandiri, Mwanakomana womunhu, iyi ndiyo nzvimbo yechigaro changu chovushe, nenzvimbo inotsika tsoka dzangu, pandichagara pakati pavana vaIsiraeri nokusingaperi. Imba yaIsiraeri haingazosvibisi zita rangu dzvene, kunyange ivo, kunyange madzimambo avo, nokufeva kwavo uye nezvitunha zvamadzimambo avo panzvimbo dzavo dzakakwirira;
8သူတို့တံခါးခုံကိုလည်း ငါ့တံခါးခုံအနားမှာ၎င်း၊ သူတို့တိုင်ကို လည်း ငါ့တိုင်အနားမှာ၎င်း တည်စိုက်လျက်၊ ငါနှင့်သူတို့စပ်ကြားမှာ နံရံတခတည်းသာရှိလျက်၊ သူတို့ ပြုမိသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ဖြင့်၊ ငါ၏နာမတော် မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍ သူတို့ကို ဖျက်ဆီးပြီ။
8nokuisa chikumbaridzo chavo pachikumbaridzo changu, nembiru dzemikova yavo parutivi rwembiru dzemikova yangu, kukangova nechidziro pakati pangu naivo; vakasvibisa zita rangu nezvinonyangadza zvavo zvavakaita; naizvozvo ndakavapedza nokutsamwa kwangu.
9ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့် ရှင်ဘုရင်၏အသေကောင်များကို ငါမှဝေးစွာ ပယ်ရှား ကြစေ။ ငါသည်လည်း သူတို့တွင် အစဉ်အမြဲနေမည်။
9Zvino ngavarashe kufeva kwavo, nezvitunha zvamadzimambo avo, zvive kure neni, ndigogara pakati pavo nokusingaperi.
10အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ဒုစရိုက်အပြစ်ကြောင့် ရှက်ကြောက်စေခြင်းငှါ အိမ်တော်ကိုပြလော့။ အိမ်တော်ပုံကို သူတို့ တိုင်းကြ စေလော့။
10Zvino iwe, Mwanakomana womunhu, ratidza imba yaIsiraeri imba ino, kuti vanyare pamusoro pezvakaipa zvavo; ngavayere maitirwo ayo.
11သူတို့သည် ကိုယ်ပြုမိသောအမှုများကြောင့် အမှန်ရှက်ကြောက်လျှင်၊ အိမ်ပုံသဏ္ဌာန်နှင့် ထွက်ရာ ဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသော ထုံးစံများ၊ စီရင် ထုံးဖွဲ့ချက်တရား အလုံးစုံတို့ကိုပြလော့။ သူတို့သည် ထုံးစံ များနှင့် စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကို ကျင့်စောင့်စေခြင်း ငှါ သူတို့ရှေ့မှာ ရေးထားလော့။
11Zvino kana vachinyara pamusoro pezvose zvavakaita, uvazivise chimiro cheimba, nokurongerwa kwayo, napanobudiwa napo, napanopindwa napo, nezvimiro zvayo zvose, nemitemo yayo yose, nezvimiro zvayo zvose, nemirayiro yayo yose; uzvinyore vachizviona, kuti vachengete chimiro chayo chose, nemitemo yayo yose, vazviite.
12တောင်ထိပ်ပေါ်မှာတည်သော အိမ်တော်၏ ကရားဟူမူကား၊ အိမ်တော်နယ်နိမိတ်ရှိသမျှတို့သည် အလွန်သန့်ရှင်းရကြမည်။ ဤရွေ့ကား၊ အိမ်တော်၏ တရားပေတည်း။
12Uyu ndiwo murayiro weimba: Pamusoro pegomo kumuganhu waro wose kumativi ose pachava patsvene kwazvo. Tarirai, ndiwo murayiro weimba.
13ယဇ်ပလ္လင်အတိုင်းအရှည်ကား၊ သံတောင်ဖြင့် တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနားပတ် အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင် ပြင်ဘက်၌ တည်ရ၏။
13Uhwu ndihwo ukuru bwearitari zvichiyerwa namamita (mita ndiro mita rimwe noupamhi bwechanza): Chigadziko chinofanira kuita mita rimwe, noupamhi mita rimwe; chitenderedzo chayo panhivi dzayo chinofanira kuita upamhi bwechanza, ndipo pasi pearitari.
14အောက်အထစ်သည် မြေနှင့်နှစ်တောင်ကွာ၍ အကျယ်တတောင်ရှိရမည်။ ငယ်သောအထစ်နှင့် ကြီး သောအထစ်သည် လေးတောင်ကွာ၍ အကျယ်တတောင် ရှိရမည်။
14Kubva pachigadziko pasi kusvikira pamusara wapanyasi zvinofanira kuita mamita maviri, noupamhi mita rimwe; kubva pamusara muduku kusvikira pamusara mukuru zvinofanira kuita mamita mana, nohupamhi mita rimwe.
15ယဇ်ပလ္လင်အမြင့်သည်လည်း လေးတောင်ရှိရ မည်။ ဦးချိုလေးချောင်းလည်း တက်ရမည်။
15Aritari yokumusoro inofanira kuita mamita mana; kubva pachoto chearitari zvichienda kumusoro kunofanira kuva nenyanga ina.
16ယဇ်ပလ္လင်သည် စတုရန်းဖြစ်၍၊ အလျား တဆယ်နှစ်တောင်၊ အနံလည်း တဆယ်နှစ်တောင် ရှိရမည်။
16Choto chearitari chinofanira kuita mamita ane gumi namaviri pakureba, naane gumi namaviri paupamhi, mativi aro mana akaenzana.
17အောက်အထစ်သည်လည်း စတုရန်းဖြစ်၍ အလျား တဆယ်လေးတောင်၊ အနံလည်းတဆယ် လေးတောင်ရှိရမည်။ အနားပတ်သည်လည်း အကျယ် တထွာရှိရမည်။ ဘိနပ်သည်ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍၊ တက်ရာလမ်းသည် အရှေ့သို့ မျက်နှာ ပြုရမည်။
17Musara unofanira kuita mamita ane gumi namana pakureba, uye ane gumi namana paupamhi kumativi aro mana; chitenderedzo chinopoteredza chinofanira kuita hafu yemita; chigadziko chayo chinofanira kuita mita rimwe kumativi ose; zvikwiriso zvayo zvinofanira kutarira kurutivi rwamabvazuva.
18တဖန်အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန် ဘို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရား ဟူမူကား၊
18Zvino akati kwandiri, Mwanakomana womunhu, zvanzi naIshe Jehovha, Iyi ndiyo mitemo yearitari nezuva ravanoriita, kuzopisirapo zvibayiro zvinopiswa, nokusasirapo ropa.
19အမှုတော်ကိုဆောင်၍ ငါ့ထံသို့ ချဉ်းကပ်သော လေဝိအမျိုး၊ ဇာဒုတ်သားယဇ်ပုရောဟိတ်တို့အား အပြစ် ဖြေရာယဇ်ဘို့၊ ပျိုသောနွားထီးတကောင်ကို အပ်ရမည်။
19Unofanira kupa vapristi vaRevhi verudzi rwaZadhoki, vanoswedera kwandiri kuzondishumira, nzombe duku chive chipiriso chezvivi, ndizvo zvinotaura Jehovha.
20နွားအသွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ဦးချို လေးချောင်း၊ အထစ်လေးထောင့်၊ အနားပတ်ကိုလူးသော အားဖြင့် သန့်ရှင်းစင်ကြယ်စေရမည်။
20Zvino unofanira kutora rimwe ropa rayo, ndokuriisa panyanga dzaro ina, nepamakona mana emusara, nepachitenderedzo chakapoteredza; saizvozvo unofanira kurinatsa nekuriyananisira.
21အပြစ်ဖြေရာ ယဇ်ဘို့နွားကောင်ကို ယူ၍ သန့်ရှင်းရာဌာနပြင်၊ ဗိမာန်တော်အတွင်းတွင် ခန့်ထားသော အရပ်၌မီးရှို့ရမည်။
21Unofanira kutorawo nzombe yechipiriso chezvivi, ipiswe panzvimbo yakatarwa yeimba kunze kwenzvimbo tsvene.
22ဒုတိယနေ့၌လည်း အပြစ်မရှိသော ဆိတ်သငယ် ကို ယူ၍၊ အပြစ်ဖြေရာ ယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင် ကို နွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ ဆိတ်အသွေး နှင့် သန့်ရှင်းစေရမည်။
22Nezuva repiri unofanira kubayira nhongo isina mhosva, chive chipiriso chezvivi; zvino vanofanira kunatsa aritari, sezvavakarinatsa nenzombe.
23ထိုသို့ယဇ်ပလ္လင်ကို သန့်ရှင်းစေပြီးသည်နောက်၊ အပြစ်မရှိ၊ ပျိုသောနွားထီးနှင့် အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရား ရှေ့တော်၌ပူဇော်ရမည်။
23Kana wapedza kurinatsa, unofanira kubayira nzombe duku isina mhosva, nehondobwe rakatorwa kumakwai.
24ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့ မီးရှို့၍ ပူဇော် ရမည်။
24Unofanira kuzviswededza pamberi paJehovha, vapristi vagokushira munyu pamusoro pazvo, ndokuzvibayira chive chipiriso chinopisirwa Jehovha.
25ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင်၊ ဆိတ်တ ကောင်ကို အပြစ်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အပြစ် မရှိ၊ ပျိုသောနွားထီးတကောင်နှင့် သိုးထီးတကောင်ကို လည်း ပူဇော်ရမည်။
25Uite mazuva mana uchigadzira nhongo zuva rimwe nerimwe chive chibayiro chezvivi; vanofanirawo kugadzira nzombe duku nehondobwe rinotorwa kumakwai zvisina mhosva.
26ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို သန့်ရှင်း စင်ကြယ်စေ၍၊ ကိုယ်ကိုလည်း ယဇ်ပုရာဟိတ်အရာ၌ ခန့်ထားရကြမည်။
26Vanofanira kuita mazuva manomwe vachiyananisira aritari nokurinatsa, nokuritsaurira Jehovha.
27ခုနစ်ရက်စေ့သောနောက် အဋ္ဌမနေ့၌၎င်း၊ ထိုနေ့မှစ၍၎င်း၊ ယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင် ပေါ်မှာ သင်တို့မီးရှို့ရာယဇ်များနှင့် မိဿဟာယယဇ်များ ကို ပူဇော်ရကြမည်။ ငါသည်လည်း၊ သင်တို့လက်ခံ မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
27Zvino kana vapedza mazuva, nezuva rorusere, naanotevera, vapristi vanofanira kuuya nezvipiriso zvenyu zvinopiswa paaritari, nezvipiriso zvenyu zvokuyananisa, ipapo ndichakugamuchirai, ndizvo zvinotaura Jehovha.