1ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့။
1Zvino awa marudzi evanakomana vaNowa, Shemu, Hamu, naJafeti; ivo vakaberekerwa vana shure kwemvura zhinji.
2ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိုက်တည်း။
2Vanakomana vaJafeti: Gomeru, naMagogi, naMadhai naJavhani naTubhari naMisheki, naTirasi.
3ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ် တော်ဂမတည်း။
3Zvino vanakomana vaGomeru: Ashikenazi naRifati naTogarima.
4ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
4Nevanakomana vaJavhani: Erisha naTashisi naKitimi naDhodhanimu.
5ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။
5Nezviwi izvi zvechirudzi zvakagoverwa munyika dzavo umwe neumwe nerurimi rwake, nemhuri dzavo, nendudzi dzavo.
6ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။
6Nevanakomana vaHamu: Kushi naMiziraimu naPuti naKanani.
7ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။
7Uye vanakomana vaKushi: Sebha naHavhira naSabhata naRama naSabhuteka. Nevanakomana vaRama: Shebha naDhedhani.
8ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။
8Kushi akabereka Nimurodhi, ndiye akatanga kuva une simba panyika.
9ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။
9Waiva mudzinganisi une simba pamberi paJehovha; naizvozvo vanoti: SaNimurodhi, mudzinganisi une simba pamberi paJehovha.
10သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။
10Uye mavambo eushe hwake aiva paBhabheri neEreki neAkadhi neKarine panyika yeShinari.
11ထိုပြည်မှာအာရှရိပြည်သို့သွား၍ နိနေဝမြို့၊ ရဟောဘုတ်မြို့ ကာလမြို့ကို၎င်း၊
11Akabuda kunyika iyo, akaenda Asiria, ndokuvaka Ninivhe neRohobhoti-iri neKara,
12နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက် လေ၏။
12neReseni pakati peNinivhe neKara (iri iguta guru).
13မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊
13Zvino Miziraimu akabereka vaRudhi nevaAnami nevaRehabhi nevaNafituhimu,
14ပါသရူသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း။
14nevaPaturusi nevaKasiruhi (kwakabva kwaari vaFirisitia) nevaKafutori.
15ခါနာန်သား အကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။
15Zvino Kanani wakabereka Sidhoni, dangwe rake, naHeti;
16ထိုနောက် ယေဗုသိလူ၊ အာမောရိလူ။ ဂိရဂါရှိ လူ၊
16nevaJebhusi nevaAmori, nevaGirigashi;
17ဟိဝိ လူ၊ အာကိလူ၊ သိနိလူ၊
17nevaHivhi, nevaAriki, nevaSini,
18အာဝဒိ လူ၊ ဇေမရိလူ၊ ဟာမသိ လူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ၏။
18nevaArivhadhi, nevaZemari, nevaHamati. Shure kwaivava nemhuri dzevaKanani dzakapararira.
19ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။
19Zvino muganhu wavaKanani wakabva paSidhoni ukaenda Gerari kusvika Gaza, uchienda Sodhoma neGomora neAdhamu neZibhoimu kusvika paRasha.
20ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်အပြည် အတိုင်းတိုင်း၌ နေသော ဟာမသားများ ဖြစ်သတည်း။
20Ava vanakomana vaHamu, nemhuri dzavo, nendimi dzavo, munyika dzavo, nendudzi dzavo.
21ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။
21Naiye Shemu, baba vevana vose vaEbheru, mukuru waJafeti wakaberekerwa vana.
22ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။
22Vanakomana vaShemu: Eramu naAshuri, naAripakishadhi naRudhi naAramu.
23အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။
23Uye vanakomana vaAramu: Uzi naHuri naGeteri naMashi.
24အာဖာဇ်သားရှာလ၊ ရှာလသားဟေဗာတည်း။
24Zvino Aripakishadhi wakabereka Shera, Shera ndokubereka Ebheri.
25ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။
25Ebheru ndokuberekerwa vanakomana vaviri, zita reumwe raiva Peregi, nekuti pamazuva ake nyika yakakamurwa; uye zita remunin'ina wake raiva Jokitani.
26ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
26Jokitani ndokubereka Arimodhadhi naSherefi naHazarimavheti naJera
27ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊
27naHadhoramu naUsari naDhikira
28ဩဗလအဘိမေလ၊ ရှေဘ၊
28naObhari naAbhimaeri naShebha
29ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း။
29naOfiri naHavhira naJobhabhu; ava vose vaiva vanakomana vaJokitani.
30သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့ မျက်နှာ၌သေဖာတောင်တိုင်အောင် ရှိသတည်း။
30Ugaro hwavo hwaitangira paMesha kuenda Sefari, gomo rekumabvazuva.
31ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း တို့၌နေသော ရှေမသားများဖြစ်သတည်း။
31Ava vanakomana vaShemu, nemhuri dzavo nendimi dzavo munyika dzavo, nendudzi dzavo.
32ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။
32Ava imhuri dzevanakomana vaNowa, nemazera avo nendudzi dzavo; kwavari kwakaparadzaniswa ndudzi dzose shure kwemvura zhinji.