1အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့် တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှ ထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။
1Zvino Abhuramu wakakwira kubva Egipita, iye nemukadzi wake nezvose zvaakange anazvo, naRoti anaye, vakaenda kuchamhembe.
2ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း အလွန်ရတတ်၏။
2Zvino Abhuramu wakange akafuma kwazvo pazvipfuwo, pasirivha, nepandarama.
3တဖန်တောင်ပိုင်းမှ ခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်က တဲကိုဆောက်၍၊
3Zvino wakafamba nzendo dzake kubva kuchamhembe kusvikira paBheteri, panzvimbo paiva netende rake pakutanga, pakati peBheteri neAi;
4ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသော အရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏။
4kunzvimbo yearitari yaakange aitapo pakutanga; Abhuramu ndokudana zita raJehovha ipapo.
5အာဗြံနှင့်အတူ လိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
5NaRotiwo, waifamba naAbhuramu, wakange ane makwai, nenzombe, nematende.
6ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေ မဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်း မနေနိုင်ကြ။
6Nyika ikakonewa kuvatakura kuti vagare pamwe; nekuti fuma yavo yakange iri zhinji; zvekuti vakange vasingagoni kugara pamwe.
7အာဗြံ၏ နွား ကျောင်းသား၊ လောတ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌ နေကြသတည်း။
7Zvino pakava nemakakatamwa pakati pevafudzi vezvipfuwo zvaAbhuramu nevafudzi vezvipfuwo zvaRoti. Zvino nenguva iyo vaKanani nevaPerezi vaigara panyika iyo.
8အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။
8Abhuramu ndokuti kuna Roti: Makakatamwa ngaarege kuvapo, ndinokukumbira, pakati pangu newe, nepakati pevafudzi vangu nevafudzi vako, nekuti tiri hama.
9မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့။ ငါနှင့် ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို၏။
9Nyika yose haizi pamberi pako here? Paradzana hako neni; kana ukaenda kuruboshwe, ndichaenda kurudyi; kana ukaenda kurudyi ini ndichaenda kuruboshwe.
10ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့ သွားသောလမ်း၊ ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည် ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍ မြင်လျှင်၊
10Roti ndokusimudza meso ake, akaona rose bani reJoridhani kuti rakadiridzwa zvakanaka rose, Jehovha asati aparadza Sodhoma neGomora; rakaita semunda waJehovha, senyika yeEgipita, kana achiinda Zoari.
11ယော်ဒန်ချိုင့် တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့် တဦး ကွဲပြားကြ၏။
11Roti akazvisarudzira bani rose reJoridhani; Roti ndokuenda kumabvazuva; ndokuzviparadzanisa umwe kubva kune umwe.
12အာဗြံသည် ခါနာန်ပြည်၌ နေလေ၏။ လောတ မူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့ နားမှာ တဲကို ဆောက်လေ၏။
12Abhuramu wakagara munyika yeKanani, Roti ndokugara pamaguta emapani, akadzika tende pedo neSodhoma.
13သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။
13Asi vanhu veSodhoma vaiva vakaipa, uye vatadzi pamberi paJehovha zvikuru.
14လောတသည် အာဗြံနှင့်ခွါ၍ သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မြော်ကြည့်လော့။
14Jehovha ndokuti kuna Abhuramu Roti aparadzana naye: Simudza hako meso ako ipapo paugere, utarire kumaodzanyemba nekuchamhembe, nekumabvazuva, nekumavirira;
15သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့်သင်၏ အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။
15nekuti nyika yose yaunoona ndichaipa kwauri nekumbeu yako kusvikira rinhi narinhi.
16သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။
16Uye ndichaita mbeu yako seguruva renyika, kuti kana kune munhu anogona kuverenga guruva renyika, nembeu yako ingaverengwawo.
17သင်ထ၍မြေကို အလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အား ငါပေးမည်ဟု မိန့်တော်မူ၏။
17Simuka, famba uchigura nyika paurefu hwayo, nepaupamhi hwayo, nekuti ndichaipa kwauri.
18တဖန်အာဗြံသည် တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍ ထာဝရဘုရား အဘို့ ယဇ်ပလ္လင်ကို တည်လေ၏။
18Abhuramu ndokubvisa tende, akasvika ndokugara pamiti yemiouki* yeMamure, iri muHebhuroni, akavakirapo Jehovha aritari.