Myanmar

Shona

Genesis

15

1ထိုနောက်မှ ဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏ အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည် အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊
1Shure kwezvinhu izvi shoko raJe­hovha rakauya kuna Abhuramu pachiratidzo richiti: Usatya Abhuramu, ndiri nhovo yako, nemu­bayiro wako mukuru-kuru.
2အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲ သွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာ သည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။
2Abhuramu ndokuti: Ishe Jehovha, muchandipei? zvandoenda ndisina mwana; uchava mudyi wenhaka yeimba yangu ndiEriezeri weDhamasiko?
3တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ ဘွားသောသူသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
3Abhuramu ndokuti: Tarira, kwandiri hamuna kupa mbeu; uye tarira, uyo wakaponerwa mumba mangu ndiye achava mudyi we­nhaka yangu.
4တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံ မဖြစ်ရ။ သင်၏ ကိုယ်ထဲက ထွက်သောသူသည် သင်၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊
4Zvino tarira, shoko raJehovha kwaari rakati: Uyu haangavi mudyi we­nhaka wako; asi uyo uchabuda paura hwako, ndiye achava mudyi wenhaka wako.
5အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက် နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
5Zvino wakamubudisa panze akati: Zvino tarira kumatenga, ugoverenga nyere­dzi, kana ungagona kudziverenga. Ndokuti kwaari: Ndizvo zvichaita mbeu yako.
6အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည် ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
6Iye ndokutenda kuna Jehovha. Zvino akamuverengera izvi kuva kururama.
7တဖန်၊ငါသည် ဤပြည်ကို သင်အမွေခံစရာဘို့၊ သင်အားပေးလိုသောငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ သင့်ကို ထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
7Zvino wakati kwaari: Ndini Jehovha wa­kakubudisa paUri yevaKaradhea, ndikupe nyika iyi ive nhaka yako.
8အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ် အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။
8Ndokubva akati: Ishe Jehovha, ndichaziva sei kuti ichava nhaka yangu?
9ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသော နွားမတကောင်၊ သုံးနှစ်အသက်ရှိသော ဆိတ်တကောင်၊ သုံးနှစ်အသက်ရှိသော သိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကို ငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊
9Zvino akati kwaari: Nditorere tsiru remakore matatu, nesheche yembudzi yemakore matatu, negondohwe remakore matatu, nenjiva, nemwana wehangaiwa.
10ထိုတိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊ တကောင် တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို အဘက်တချက်၌ ထားလေ၏။ ငှက်ကောင်တို့ကို မခွဲ။
10Akamutorera zvose izvi, akazvipamura nepakati, akagadzika rwumwe rutivi rwakatarisana nerwumwe; asi shiri haana kudzipamura.
11ငှက်ရဲတို့သည် အသေကောင်တို့ အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည် နှင်လေ၏။
11Zvino magora aka­burukira kuzvitunha, asi Abhuramu wakaa­dzinga.
12နေဝင်သောအခါ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့် ခြင်းသို့ ရောက်လေ၏။
12Zvino zuva rakati rovira, hope huru dzakawira pana Abhuramu; zvino tarira, kutya nerima guru zvakawira pamusoro pake.
13ထာဝရဘုရားကလည်း၊ သင်၏ အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
13Zvino wakati kuna Abhuramu: Uzive kwazvo kuti mbeu yako ichava mutorwa munyika isiri yavo, uye vachavashandira, uye vachatambudzwa makore mazana mana.
14သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။
14Asi rudzi rwavachashandira ndicharwutonga, uye pashure vachabuda nenhumbi zhinji.
15သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာ သွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့် မည်။
15Asi iwe uchaenda kuna madzibaba ako nerugare, uchavigwa paku­kwegura kwakanaka.
16လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။ အာမောရိ အမျိုးသား တို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။
16Zvino rudzi rwechina ru­chadzoka pano; nekuti kuipa kwevaAmori kuchigere kuzara.
17တဖန် နေဝင်၍ မိုက်သောအခါ၊ ခွဲထားသော အသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်း သော မီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ၏။
17Zvino zvakaitika kuti zuva ravira, uye kwa­sviba, zvino tarira, choto chinopfungaira nemwenje unopfuta zvinopfuura pakati penhindi idzodzo.
18ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့် ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တု မြစ်မှစ၍ မြစ်ကြီး တည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကို ၎င်း၊
18Nezuva iroro Jehovha wakaita sungano naAbhu­ramu achiti: Kumbeu yako ndapa nyika iyi, kubva parwizi rweEgipita kusvikira kurwizi rukuru, rwizi Yufuratesi.
19ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊
19VaKeni nevaKenizi nevaKadhimoni
20ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊
20nevaHeti nevaPerezi nevaRefaimi,
21သင်၏ အမျိုးအနွယ်အား ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
21nevaAmori nevaKanani nevaGiriga­shi nevaJebhusi.