Myanmar

Shona

Genesis

23

1စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ ၏။ ထိုမျှလောက် အသက်ကြီးသော်၊
1Zvino upenyu hwaSara hwaiva makore zana nemakumi maviri nema­nomwe; ndiwo makore eupenyu hwaSara.
2ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယ သာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ၏။
2Sara akafa paKiriyati-Abha ndiro Hebhuroni panyika yeKanani. Abhurahamu ndokuuya ndokuchema Sara nekumuririra.
3အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ၍၊ ဟေသအမျိုးသားတို့အား၊
3Zvino Abhurahamu wakasimuka pachiso che­wakafa wake, akataura kuvana vaHeti, achiti:
4ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို၏။
4Ndiri mutorwa nemweni kwamuri, ndipei nzvimbo yangu yekuviga pakati penyu, ive nzvimbo yangu, kuti ndivige wakafa wangu abve pachiso changu.
5ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နား ထောင်ပါ။
5Zvino vana vaHeti vakapindura Abhura­hamu, vachiti kwaari:
6ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများ တွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ ၏။
6Tinzwei, ishe wedu, muri muchinda waMwari pa­kati pedu; vigai wakafa wenyu paguva rakanaka pakati pemakuva edu; hakuna pakati pedu ungakunyimai guva rake kuti muvige wakafa we­nyu.
7အာဗြဟံသည် ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
7Zvino Abhurahamu wakasimuka ndokukotamira vanhu ve­nyika iyo, ivo vana vaHeti,
8ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင်၊ ငါ့စကားကို နား ထောင်ကြပါလော့။
8ndokutaurirana navo achiti: Kana chiri chido chenyu kuti ndivige wakafa wangu abve pachiso changu, ndinzwei, mundikumbirire kuna Efu­roni mwanakomana waZohari,
9သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။
9kuti andipe bako reMakapera raanaro, riri pamagumo emunda wake, andipe iroro nemutengo wose, ive nzvimbo yangu yekuviga pakati penyu.
10ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။
10Zvino Efuroni wakange agere pa­kati pevana vaHeti, uye Efuroni muHeti wakapindura Abhurahamu munzeve dzevana vaHeti, nedzevose vaipinda pasuwo reguta rake, achiti:
11အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင် ပါ။ ထိုလယ်ပြင်ကို၎င်း၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ်အမျိုးသားများ ရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
11Kwete, ishe wangu, ndinzwei; munda ndinokupai, nebako riri mauri ndinoripa kwamuri; pamberi pemeso evana vevanhu vangu ndinoripa kwamuri; vigai wakafa wenyu.
12အာဗြဟံသည်လည်း၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။
12Abhurahamu ndokukotamira pasi pamberi peva­nhu venyika iyo.
13ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ၊ ဧဖရုန် အား ပြောဆို၏။
13Zvino wakataura kuna Efuroni munzeve dzevanhu venyika iyo achiti: Asi kana uri iwe, donditeerera hako; ndi­chakupa mari yemunda; ugamu­chire kwandiri, kuti ndivige wakafa wangupo.
14ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။
14Efuroni ndokupindura Abhurahamu achiti kwaari:
15ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။
15Ishe wangu, nditeererei; mu­nda ndewe mashekeri esirivha mazana mana, chii ichocho pakati pangu nemwi? Naizvozvo vigai wakafa we­nyu.
16အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။
16Abhurahamu ndokuteerera Efuroni. Zvino Abhurahamu wakayerera Efuroni mashe­keri esirivha aakareva munzeve dzevana vaHeti, mashekeri esirivha mazana mana, anoshandiswa kutenga kuvatengesi.
17ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊
17Naizvozvo munda waEfuroni, wakange uri paMakapera pakatarisana neMamure, munda nebako rakange ririmo, nemiti yose yakange iri mumunda neyakange iri pamiganhu yose yakapoteredza zvikasimbiswa,
18ဟေသအမျိုးသားပရိတ်သတ်၌၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ၏။
18kuna Abhurahamu kuva zvake pamberi pemeso evana vaHeti, pamberi pavose vaipinda pasuwo reguta rake.
19ထိုနောက်မှ အာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင် မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း။
19Zvino shure kweizvi Abhurahamu wakaviga Sara mukadzi wake mubako remunda weMakapera pakatarisana neMamure, ndiro Hebhuroni panyika yeKanani.
20ထိုလယ်ပြင်နှင့်မြေတွင်းကို၊ အာဗြဟံပိုင်ထိုက် သော သင်္ချိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ၏။
20Zvino munda nebako raivamo zvakasimbisiwa kuna Abhurahamu kuva zvake zvekuvoga vakafa kubva kuvanakomana vaHeti