1ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည် ၌နေ၏။
1Zvino Jakove akagara munyika youtorwa hwababa vake, munyika yeKanani.
2ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ ဟူမူကား၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ၏။ အဘ ၏မယား ဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူ နေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။
2Marudzi aJakove ndiwo: Josefa akanga ana makore ane gumi namanomwe, akafudza makwai pamwechete navakoma vake; akanga achiri mukomana pamwechete navanakomana vaBhiriha, navanakomana vaZiripa, vakadzi vababa vake; Josefa akasivaudzira kuna baba vavo.
3ဣသရေလသည် အသက်ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့်၊ အခြားသော သားအပေါင်း တို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကို ချုပ်၍ ပေး၏။
3Zvino Isiraeri akanga achida Josefa kupfuura vana vake vose, nekuti aiva mwanakomana woutana hwake; akamuitira nguvo yakanga yakareba ina maoko.
4အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သော အခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ။
4Vakoma vake vakaona kuti baba vavo vanomuda kupfuura vakoma vake vose; vakamuvenga, vakasagona kutaura naye nomufaro.
5ယောသပ်သည် အိပ်မက်ကို မြင်၍၊ အစ်ကို တို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။
5Zvino Josefa akarota hope, akaudza vakoma vake, ipapo vakanyanya kumuvenga.
6အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူ ကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါ လော့။
6Akati kwavari, Inzwaiwo hope dzangu dzandarota.
7ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။
7Tarirai, takanga tichisunga zvisote mumunda, onei chisote changu chikasimuka, chikaramba chimire; ndikaona zvisote zvenyu zvichikomba changu, zvikakotama pamberi pechisote changu.
8အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌ မင်းပြု ရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို ၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။
8Vakoma vake vakati kwaari, Ko iwe uchabata ushe pamusoro pedu kanhi? Ko iwe uchava nesimba pamusoro pedu kanhi? Vakanyanya kumuvenga nokuda kokurota kwake nokwamashoko ake.
9တဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြား ပြောလေ၏။
9Akapamha kurotazve, akaudza vakoma vake, akati, Tarirai, ndarotazve dzimwe hope; ndakaona zuva, nomwedzi, nenyeredzi dzine gumi neimwe, dzichikotamira pamberi pangu.
10ထိုသို့အဘနှင့် အစ်ကိုတို့အား ကြားပြောသော အခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့်သင်၏အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံ သို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကို ဆုံးမ လေ၏။
10Akaudza baba vake navakoma vake izvozvo; baba vake vakamutuka, vakati kwaari, Kurota kwako uku kwawarota kurota kunyi? Ini namai vako navakoma vako tichauya tikakotama pasi pamberi pako kanhi?
11အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကို မှတ်လေ၏။
11Vakoma vake vakamugodora; asi baba vake vakachengeta shoko iro.
12အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်းခြင်းငှါ သွားကြ၏။
12Zvino vakoma vake vakandofudza makwai ababa vavo paShekemu.
13ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြ သည် မဟုတ်လော။ လာပါ။ သင့်ကို သူတို့ရှိရာသို့ ငါ စေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊
13Isiraeri akati kuna Josefa, Vakoma vako havafudzi makwai paShekemu here? Uya ndikutumire kwavari. Iye akati, Ndiri pano hangu.
14အဘကသွားပါ၊ အစ်ကိုတို့သည် ချမ်းသာ သလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလော ဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှ စေလွှတ်သဖြင့်၊သူသည် ရှေခင်မြို့သို့ ရောက်လေ၏။
14Akati kwaari, Zvino chienda undotarira kana vakoma vako vakafara, namakwai kana akafarawo; ugodzoka kuzondiudza. Naizvozvo akamutuma, ari pamupata weHebhuroni, akandosvika Shekemu.
15တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက် သောသူနှင့်တွေ့၍ ထိုသူက၊ သင်သည် ဘာကိုရှာသနည်း ဟု မေးလျှင်၊
15Zvino mumwe murume akamuwana achidzungaira musango; murume akamubvunza, akati, Unotsvakeiko?
16အစ်ကိုများကို ရှာ၏။ အဘယ်မှာထိန်းကြသည် ကို ပြောပါဟုဆိုသော်၊
16Iye akati, Ndinotsvaka vakoma vangu; dondiudza hako kwavanofudza makwai.
17ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန် မြို့မှာ တွေ့လေ၏။
17Murume akati, Vabva pano, nokuti ndakavanzwa vachiti, Ngatiende Dhotani. Josefa akatevera vakoma vake, akandovawana paDhotani.
18အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်ပင်၊ အစ်ကို တို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊
18Ivo vakamuona achiri kure; zvino asati asvika kwavari, vakarangana kuti vamuuraye.
19ကြည့်လော့။ အိပ်မက်ဆရာလာပြီ။
19Vakataurirana, vachiti, Hoyo muroti uya wauya.
20ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသော တွင်းထဲ သို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။
20Uyai zvino timuuraye, timukandire mune rimwe ramakomba aya, tigoti, Wadyiwa nechikara; tigoona kuti kurota kwake kuchazoitwa seiko.
21ထိုစကားကို ရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲ နေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကို နှုတ် လေ၏။
21Rubheni akazvinzwa, akamurwira mumaoko avo, akati, Ngatirege kumuuraya.
22တဖတ် ရုဗင်က၊ သူ၏အသွေးကို မသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။
22Rubheni akati kwavari, Musadurura ropa; mukandirei mugomba iri riri musango, asi regai kutambanudza maoko enyu kwaari; kuti amurwire pamaoko avo, agomudzosera kuna baba vake.
23ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သော အခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်း ထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ၊
23Zvino Josefa akati asvika kuvakoma vake, vakabvisira Josefa nguvo yake, nguvo iya yakanga yakareba ina maoko, yaakanga akafuka;
24သူ့ကိုကိုင်ယူ၍ တွင်းထဲသို့ ချကြ၏။ထိုတွင်း၌ ရေမရှိ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း။
24vakamutora, vakamukandira mugomba; gomba rakanga risina chinhu, makanga musina mvura.
25ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများ ကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊
25Vakagara pasi, vakadya zvokudya; zvino vakasimudza meso avo, vakatarira, vakaona boka ravaIshimaeri vachifamba, vachibva Giriyadhi, makamera avo akatakura zvinhu zvinonhuhwira, nebarisami, nemura, vachindozviisa Egipita.
26ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။
26Zvino Judha akati kuvana vababa vake, Tingawaneiko kana tikauraya munin'ina wedu tichivanza ropa rake?
27ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့ သည် ဝန်ခံကြ၏။
27Uyai timutengese kuvaIshimaeri; maoko edu arege kuva kwaari; nekuti munun una wedu, nyama imwe nesu. Vana vababa vake vakamuteerera.
28ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
28Zvino vatengesi vavaMidhiani vakapfuurapo, vakakwidza Josefa vachimubudisa mugomba, vakatengesa Josefa kuvaIshimaeri namashekeri ana makumi maviri; ivo vakaisa Josefa Egipita.
29ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်၊ မိမိအဝတ်ကို ဆွဲဆုတ် လျက်၊
29Zvino Rubheni akadzokera kugomba, akawana Josefa asisimo mugomba; akabvarura nguvo dzake.
30ညီတို့ရှိရာသို့ သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့ သွားရပါ မည်နည်းဟု ဆိုလေ၏။
30Akadzokera kuvanin'ina vake, akati, Mwana haachipo; ini zvino ndichaendepiko?
31သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကို သတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌ နှစ်လေ၏။
31Zvino vakatora nguvo yaJosefa, vakauraya nhongo yembudzi, vakanyika nguvo muropa;
32ထိုနောက်မှ၊ အဆင်းထူးခြားသော ထိုအင်္ကျီကို ပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကို အကျွန်ုပ်တို့ တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည် မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင်၊
32vakatumira nguvo iyo yakareba ina maoko kuna baba vavo, vakati, Tanonga chinhu ichi; fananidzai zvakanaka kana iri nguvo yomwanakomana wenyu, kana isati iri iyo.
33ထိုအင်္ကျီကို အဘမှတ်မိ၍၊ ငါ့သား၏ အင်္ကျီ မှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊
33Ivo vakafananidza vakati, Inguvo yomwanakomana wangu; wadyiwa nechikara; Josefa zvirokwazvo waparadzwa.
34မိမိအဝတ်ကို ဆွဲဆုတ်၍၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာ ညည်းတွားလျက် နေလေ၏။
34Jakove akabvarura nguvo dzake, akasimira madhumbu pachiuno chake, akachema mwanakomana wake mazuva mazhinji.
35သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။
35Vanakomana vake vose navakunda vake vose vakasimuka vakamunyaradza; asi akaramba kunyaradzwa, akati, Ndichaburukira kuguva kumwanakomana wangu, ndichichema. Baba vake vakamuwungudzira.
36ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား၍၊ ဖါရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖါထံမှာ ရောင်းကြ၏။
36Zvino vaMidhiani vakandomutengesa Egipita kuna Potifari, muranda waFarao, mukuru wavarindi.