Myanmar

Shona

Genesis

42

1အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု၍ နေကြသနည်း။
1Zvino Jakove akaona kuti zviyo zvaiveko kuEgipita, Jakove akati kuvanakomana vake, Munotari­rana neiko?
2အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ငါကြားရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊
2Akati, Ndanzwa kuti zviyo zviriko kuEgipita; burukiraiko, mu­ndotitengerako, tipone, tirege kufa.
3ယောသပ်၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။
3Ipapo vakoma vaJosefa vane gumi va­kaburuka kundotenga zviyo Egipita.
4ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။
4Asi Bhenjamini, munin'ina waJosefa, Jakove haana kumutuma navakoma vake; nekuti akati, Zvimwe angawirwa nenjodzi.
5ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသော ကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။
5Zvino vanakomana vaIsiraeri vakauya kuzotenga pakati pavamwe vaiuya, no­kuti nzara yakanga iripo panyika yeKe­nani.
6ယောသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယော သပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။
6Zvino Josefa aiva mubati wenyika; ndiye aitengesera vanhu vose venyika; vakoma vaJosefa vakauya, va­kamupfugamira, zviso zvavo zvakatarira pasi.
7ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာ ပြော လျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ၏။
7Josefa akaona vakoma vake, aka­vaziva, asi akaita saasingavazivi, aka­taura nehasha navo, akati kwavari, Ma­bvepiko? Ivo vakati, Tabva kunyika yeKanani kuzotenga zvokudya.
8ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကို မသိကြ။
8Josefa akaziva vakoma vake, asi ivo havana kumuziva.
9ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည် သူလျှို ဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင်၊
9Ipapo Josefa akara­ngarira kurota kwake kwaakadeya kurota pamusoro pavo, akati kwavari, Muri vashori, mauya kuzoona kuti nyika yaka­shama papi.
10သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ၏။
10Ivo vakati kwaari, Kwete, ishe wedu, asi varanda venyu vauya kuzote­nga zvokudya.
11ကျွန်တော်တို့သည် တယောက်တည်းသောသူ၏ သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ၏။
11Tiri vanakomana vomu­nhu mumwe chete tose; tiri vanhu vaka­tendeka, varanda venyu havazi vashori;
12ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန်၏။
12iye akati kwavari, Kwete, mauya ku­zoona nyika kuti yakashama papi.
13သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊
13Ivo vakati, Isu varanda venyu, tiri vanakomana vane gumi navaviri vomu­nhu mumwe chete panyika yeKanani; zvino worugotwe ari kuna baba vedu nhasi; mumwe haachisipo.
14ယောသပ်က၊သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊
14Josefa akati kwavari, Ndizvo zva­ndanga ndichitaura kwamuri, ndichiti muri vashori;
15သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။
15hechi chinhu chamuchae­dzwa nacho. Noupenyu hwaFarao, hamu­ngabudi pano kana munin'ina wenyu wo­rugotwe asina kuuya pano.
16သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
16Tumai mumwe wenyu kuti andotora munin'ina wenyu, asi imwi muchafanira kugara ma­kasungwa, kuti mashoko enyu aedzwe, kana makatendeka; kana zvisina kudaro, zvirokwazvo, noupenyu hwaFarao muri vashori.
17အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။
17Ipapo akavaisa pamwechete vose mutirongo, kuti vachengetwe ma­zuva matatu.
18သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊
18Josefa akati kwavari nezuva retatu, Itai chinhu ichi, mupone; ini ndinotya Mwari;
19သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။
19kana muri vanhu vakatendeka, mumwe wavanin'ina venyu ngaagare akasungwa mutirongo yenyu; asi imwi endai makatakura zviyo kundopa mhuri dzenyu dzine nzara.
20အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
20Mugouya nomunu­nuna wenyu worugotwe kwandiri; nai­zvozvo mashoko enyu achasimbiswa, murege kufa. Vakaita saizvozvo.
21ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
21Va­kataurirana vachiti, Zvirokwazvo tine mhosva nokuda komunin'ina wedu, no­kuti takaona kutambudzika komweya wake musi uya waakatinyengetera, tika­ramba kumuteerera; naizvozvo tawirwa nokutainbudzika.
22ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
22Ipapo Rubheni akapindura, akati, Handina kukuudzai here, ndichiti, Re­gai kutadzira mwana, mukaramba kundi­teerera? Naizvozvo tarirai, ropa rake rotsvakwa.
23ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။
23Zvino vakanga vasingazivi kuti Josefa anonzwisisa, nekuti kwanga kuine mupinduri pakati pavo.
24ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။
24Ipapo Josefa akabva kwavari, akachema; aka­dzokerazve kwavari, akataura navo, aka­tora Simioni pakati pavo, akamusunga vachizviona.
25ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
25Josefa akaraira kuti mi­dziyo yavo izadzwe nezviyo, uye kuti mumwe nomumwe adzoserwe mari yake muhomwe yake, uye kuti vapiwewo mbuva yokufamba nayo; vakaitirwa sai­zvozvo.
26သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။
26Ipapo vakatakudza madhongi avo zviyo zvavo, vakaenda.
27စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။
27Zvino mumwe wavo akati achisunungura ho­mwe yake, kuti ape dhongi rake zvokudya pavakavata usiku, akawana mari yake; heyo yakanga iri mumuromo wehomwe yake.
28ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။
28Akati kuhama dzake, Mari yangu yadzoswa; heyi iri muho­mwe yangu; ipapo vakaora moyo, va­katarirana, vachibvunda, vakati, Chi­nyiko ichi chataitirwa naMwari?
29ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊
29Vakasvika kuna baba vavo pa­nyika yeKanani, vakavaudza zvose zva­kanga zvavawira;
30ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။
30vakati, Murume uya, ishe wenyika iyoyo, akataura nesu nehasha, akati, tiri vashori venyika.
31ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
31Tikati kwaari, Tiri vanhu vakate­ndeka, hatizi vashori;
32တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
32tiri vanakomana vane gumi navaviri vomunhu mumwe chete, vanakomana vababa vedu; mu­mwe haachipo, worugotwe ari kuna baba vedu nhasi panyika yeKanani.
33ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊
33Zvino murume uya, ishe wenyika, akati kwatiri, Hechi chinhu chandicha­ziva nacho kuti muri vakatendeka, Si­yai mumwe wenyu kwandiri, mutore zviyo, mundopa mhuri dzenyu dzine nzara, muende.
34အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
34Mugouyazve kwa­ndiri nomunin'ina wenyu worugotwe; ipapo ndichaziva kuti hamuzi vashori, asi kuti muri vanhu vakatendeka; ipapo ndichakupai munin'ina wenyu, mugote­nga panyika ino.
35မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။
35Zvino vakati vachidurura homwe dzavo, tarira chiputu chemari yomumwe nomumwe chakanga chiri muhomwe yake; vakati vachiona zviputu zvemari yavo, vakatya ivo nababa vavo.
36အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို၏။
36Zvino Jakove akati kwavari, Manditorera vana; Josefa haachipo, naSimioni haa­chipo, zvino moda kutora naBhenjami­niwo; zvinhu zvose izvi zvandiwira.
37ရုဗင်ကလည်း၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန်၍ မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။သူ့ကိုကျွန်ုပ် လက်၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို၏။
37Ipapo Rubheni akataura nababa vake, akati, Mungauraya henyu vanako­mana vangu vaviri, kana ndisingadzoki naye kwamuri; chimuisai henyu mu­maoko angu, ini ndichauya nayezve kwa­muri.
38အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။
38Vakati, Mwanakomana wangu haangaburuki nemi, nekuti mukoma wake wakafa, iye asiiwa ari oga; kana akawirwa nenjodzi parwendo rwamuno­famba, muchaburutsira vhudzi rangu jena kuguva nokuchema.