Myanmar

Shona

Hebrews

7

1မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသော အာဗြဟံကို ခရီးဦးကြိုပြု၍ ကောင်းကြီးပေးပြီးလျှင်၊
1Nekuti Merikizedheki uyu, mambo weSaremi, mupristi waMwari Wekumusoro-soro, wakasangana naAbhurahamu achidzoka kubva kunoponda madzimambo, akamuropafadza,
2အာဗြဟံလှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့် ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှ တပါး၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊
2Abhurahamu wakapawo kwaari chegumi chezvose; iye pakutanga ari nekududzirwa mambo wekururama, uye shure kweizvozvo mambo weSaremi, ndokuti mambo werugare;
3အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့် တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။
3asina baba, asina mai, asina dzinza, asina mavambo amazuva, kana kuguma kweupenyu, asi wakafananidzwa neMwanakomana waMwari, unogara ari mupristi nekusingaperi.
4အမျိုး၏အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဘို့တဘို့လှူ၍ အလှူခံသောထိုမင်းသည် အဘယ်မျှ လောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။
4Zvino rangarirai kuti kukura kwakadini kweuyu, wakapiwa nateteguru Abhurahamu chegumi chezvaakapamba.
5ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သောသူတည်းဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့တဘို့ကို ခံရသော အခွင့်ရှိကြ၏။
5Zvino zvirokwazvo avo vari vanakomana vaRevhi, vakagamuchira basa reupristi, vane murairo wekutora chegumi kuvanhu, zvichienderana nemurairo, ndiko kuti kuhama dzavo, kunyange vakabva muchiuno chaAbhurahamu;
6သူတို့ အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှ ဆယ်ဘို့တဘို့ကို ခံလေ၏။ ဂတိတော် တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။
6asi iye dzinza rake risina kuverengerwa kwavari wakagamuchira chegumi kubva kuna Abhurahamu akamuropafadza iye wakange ane zvivimbiso.
7ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။
7Zvino pasina kupikisa kose, muduku unoropafadzwa nemukuru.
8ထိုမှတပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ကို ခံလေ့ရှိ၏။ ထိုအခါမူကား အသက်ရှင် သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့တဘို့ကိုခံရ၏။
8Uye pano vanhu vanofa vanogamuchira zvegumi; asi apo agamuchira uyo unopupurirwa kuti mupenyu.
9ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကို ပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။
9Zvino kunganzi, Revhiwo unogamuchira zvegumi iyewo wakapa zvegumi muna Abhurahamu;
10အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည် မိမိအဘ၏ ကိုယ်၌ရှိသတည်း။
10Nekuti wakange achiri muchiuno chababa vake, apo Merikizedheki akamuchingamidza.
11တနည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြား သော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဝေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။
11Naizvozvo, kana kupedzeredzwa kwaivapo neupristi hweRevhi (nokuti pasi pahwo vanhu vakapiwa murairo), ko umwe mupristi waifanira kuzomukirei wenhevedzo yerudzi rwaMerikizedheki, asingaidzwi wenhevedzo yerudzi rwaAroni?
12ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲမနေနိုင်ရာ။
12Nekuti kana upristi hwuchishandurwa, zvinofanirawo kuti kuve neshanduko yemurairo.
13ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှမပြုရသောအမျိုးနှင့် စပ်ဆိုင် ပေ၏။
13Nekuti iye unorehwa zvinhu izvi pamusoro pake wakange ari werumwe rudzi, rwakanga rusino munhu wakambobata basa paaritari.
14အကြောင်းမူကား၊ ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်ဟု ထင်ရှားလျက်ရှိ၏။ ထိုအမျိုး သည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်ဟုမောရှေသည် တခွန်းကိုမျှမပြော။
14Nekuti zvinoonekwa pachena kuti Ishe wedu wakabva kuna Judha; irwo rudzi Mozisi rwaasina kumbotaura chinhu pamusoro parwo maererano neupristi.
15ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ် ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ထင်ရှား၏။
15Izvi zvinoratidzwawo pachena kwazvo, kana kuchimuka mumwe mupristi wakafanana naMerikizedheki,
16ထိုယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရားအတိုင်း ခန့်ထားလျက်ရှိသည်မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသတည်း။
16wakaitwa, kwete nenzira yemurairo wekuraira kwenyama, asi nesimba reupenyu hwusingaperi.
17အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်ဟု သက်သေ ခံတော်မူသတည်း။
17Nekuti iye unopupura achiti: Iwe uri mupristi nekusingaperi wenhevedzo yeimba yaMerikizedheki.
18ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့ မပို့နိုင်သည် ဖြစ်၍၊
18Nekuti kuparadzwa kwemurairo wekutanga kwakaitwa nekuda kweutera hwawo, uye nekuti hauna maturo;
19ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက် ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။
19Nekuti murairo hauna kuperedzera chinhu, asi kuuyisa tariro inopfuura pakunaka, yatinoswedera nayo kuna Mwari.
20ထိုသူတို့သည် အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကို ရကြ၏။
20uye, zvaasina kuitwa pasina mhiko;
21ယေရှုမူကား၊ အကျိန်တော်မရှိဘဲ ယဇ်ပုရောဟိတ်အရာကိုမရ၊ ထာဝရဘုရားက၊ သင်သည် မေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တဖန် စိတ်ပြောင်းလဲခြင်းရှိတော် မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊
21(nekuti ivo vakaitwa vapristi pasina mhiko, asi uyu nemhiko, naiye wakati kwaari: Ishe wakapika, uye haangazvidembi achiti: Iwe uri mupristi nekusingaperi wenhevedzo yeimba yaMerikizedheki);
22သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။
22Saizvozvo Jesu wakaitwa rubatso rwesungano inopfuura pakunaka.
23ထိုသူတို့သည်လည်း သေရသောကြောင့် အစဉ်မတည်နိုင်သည် ဖြစ်၍ အများရှိရကြ၏။
23Ivo zvirokwazvo vaiva vapristi vazhinji, nekuti havana kutenderwa kugara nekusingaperi nechikonzero cherufu.
24ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား လျက်ရှိ၏။
24Asi uyu nekuti unogara nekusingaperi une upristi hwusingapfuuriri.
25ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်း ငှါ တတ်နိုင်တော်မူ၏။
25Naizvozvo une simbawo rekuponesa kwakaperedzerwa avo vanouya kuna Mwari naye, zvaanongoraramira kuvareverera nekusingaperi.
26ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။
26Nekuti mupristi mukuru wakadaro ndiye wakatifanira, mutsvene, usina chakaipa, usina kusvibiswa, wakaparadzaniswa nevatadzi, wakakwidzwa kupfuura matenga;
27အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးတော်မူပြီ။
27usingatsvaki zuva nezuva, sevaya vapristi vakuru kubayira pakutanga pamusoro pezvivi zvake, pashure zvevanhu; nekuti wakaita izvozvi kamwe, zvikapera, paakazvibayira iye.
28ပညတ်တရားသည် အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ် အရာ၌ခန့်ထား၏။ ပညတ်တရား နောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ရောက်သော သားတော်ကို ခန့်ထားသတည်း။
28Nekuti murairo unogadza vanhu kuva vapristi vakuru vane utera; asi shoko remhiko, rakatevera murairo, rinogadza Mwanakomana, wakapedzeredzwa nekusingaperi.