Myanmar

Shona

Hosea

4

1အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။
1Inzwai shoko raJehovha, Imi vana vaIsiraeri, nekuti Jehovha ane gakava navanhu vagere munyika ino, nekuti hakune zvokwadi, kana unyoro, kana kuziva Mwari munyika ino.
2ကျိန်ဆဲခြင်း၊ မုသာစကားကို ပြောခြင်း၊ လူ အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကို ပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ၏။
2Hakune zvimwe asi kupika, nokunyengera, nokuuraya, nokuba, nokuita upombwe; vanopaza dzimba, kuteura ropa kunoramba kuchitevera kuteura ropa.
3ထိုကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည် သားအပေါင်းတို့နှင့်တကွ၊ တောသားရဲ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည်။
3Saka nyika ichachema, mumwe nomumwe ageremo achapera simba, pamwechete nemhuka dzesango neshiri dzokudenga; naidzo hove dzegungwa dzichabviswa.
4သို့ရာတွင်၊ အဘယ်သူမျှ မဆီးတားစေနှင့်။ အဘယ်သူမျှ မဆုံးမစေနှင့်။ အကြောင်းမူကား၊ သင်၏ အမျိုးသားချင်းတို့သည် ယဇ်ပုရောဟိတ်နှင့် ဆန့်ကျင် ဘက်ပြုသော သူကဲ့သို့ဖြစ်ကြ၏။
4Ngakurege kuva nomunhu anokakavara kana munhu anotuka; nekuti vanhu vako vakaita savanokakavara nomupristi.
5ထိုကြောင့်၊ နေ့အချိန်၌ သင်သည်လဲရလိမ့်မည်။ ညဉ့်အချိန်၌ သင်နှင့်အတူ ပရောဖက်သည်လည်း လဲရ လိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
5Iwe uchagumburwa masikati, nomuporofita achagumburwawo pamwechete newe usiku; ndichaparadza mai vako.
6ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ် ပုရောဟိတ် အဖြစ်သို့ မရောက်စေခြင်းငှါ သင့်ကို ငါပယ်မည်။ သင်၏ ဘုရားသခင့်တရားကို သင်မေ့လျော့ သောကြောင့်၊ သင်၏ သားသမီးတို့ကို ငါ့မေ့လျော့မည်။
6Vanhu vangu vaparadzwa nokushaiwa zivo; zvawaramba zivo, neni ndichakurambawo, kuti urege kuva mupristi wangu; zvawakangamwa murayiro waMwari wako, neniwo ndichakangamwa vana vako.
7သူတို့သည် ဘုန်းတိုးပွားသည်အတိုင်း ငါ့ကို ပြစ်မှားကြပြီ။ သို့ဖြစ်၍၊ သူတို့၏ ဘုန်းကို ငါအရှက်ကွဲ စေမည်။
7Vakati vachiwanda, kunditadzira kwavo kukawandawo, ndichashandura kukudzwa kwavo ndikuite kunyadziswa.
8ငါ့လူတို့၏ အပြစ်ဖြေရာ ယဇ်တို့ကို စားလျက် နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။
8Vakaguta nezvinobva pazvivi zvavanhu vangu, vanopanga nemwoyo yavo zvakaipa zvavo.
9ထိုကြောင့်၊ လူတို့၌ ဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ် ၌ ဖြစ်လိမ့်မည်။ သူတို့အကျင့်များကို ငါစစ်ကြော၍၊ အသီး အသီးပြုမူသမျှအတိုင်းအကျိုး အပြစ်ကိုပေးမည်။
9Saka zvakaita vanhu, ndizvo zvichaita mupristiwo; ndichavarova pamusoro penzira dzavo, ndichavaripidzira zvavanobata.
10သူတို့သည် စား၍မဝရကြ။ မတရားသော မေထုန်ကိုပြု၍ သားသမီးကို မဘွားမြင်ရကြ။
10Vachadya, asi havangaguti; vachapata, asi havangawandi, nekuti vakarega kuva nehanya naJehovha.
11အကြောင်းမူကား စိတ်နှလုံးကို ယစ်မူး၊ စေတတ် သော ကာမဂုဏ်၌ ပျောမွေ့ခြင်း၊ စပျစ်ရည်နှင့် သေရည် သေရက်ကို သောက်ခြင်း၌ မှီဝှဲသောကြောင့် ထာဝရ ဘုရားကို စွန့်ပစ်ကြပြီ။
11Kufeva newaini newaini, itsva, zvinobvisa njere.
12ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ၏။ သူတို့၏တောင်ဝေးသည် အကြံပေးတတ်၏။ ကိလေသာ စိတ်အားကြီးသောကြောင့်၊ သူတို့သည် လမ်းလွှဲ၍ မိမိတို့ ဘုရားသခင့်ထံမှာ မနေ၊ မှားယွင်းတတ်ကြ၏။
12Vanhu vangu vanobvunza mano padanda ravo, vanoziviswa netsvimbo yavo; nekuti mweya wokufeva wakavatadzisa, vakapata, ndokurasa Mwari wavo.
13တောင်ထိပ်ပေါ် ကုန်း ပေါ်မှာ၎င်း အရိပ်ကောင်းသောသပိတ်ပင်မျိုး၊ လိဗနော ပင် အောက်မှာ၎င်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျား နှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။
13Vanobayira pamusoro pamakomo, vanopisira zvinonhuhwira pazvikomo, napasi pemioki, nemipopirari, nemiterebhini, nekuti mimvuri yayo yakanaka, naizvozvo vakunda venyu vanopata, mwenga yenyu inofeva.
14သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော၊ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ်၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ၏။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တက်ကြ၏။ သို့ဖြစ်၍ ပညာမရှိသော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
14Handingarovi vakunda venyu kana vachipata, nemwenga yenyu kana ichifeva; nekuti varume vanoenda vari voga nezvifeve, vanobayira navakadzi vanofeva; vanhu vasinganzwisisi vachaparadzwa.
15အိုဣသရေလအမျိုး၊ ဥင်သည် ပြည်တန်ဆာလုပ်သော်လည်း၊ ယုဒ အမျိုးကို မမှားယွင်းပါစေနှင့်။ ဂီလဂါလမြို့သို့ မချဉ်းကပ် ကြနှင့်။ ဗေသဝင်မြို့သို့ မသွားကြနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်းဟူ၍ မကျိန်ဆိုကြနှင့်။
15Kunyange imi, Isiraeri, muchipata, Judha ngavarege kupara mhaka; musasvika Girigari, musakwira Bhetiavheni, uye musapika, muchiti, NaJehovha mupenyu!
16ဣသရေလ အမျိုးသည် ရုန်းတတ်သော နွားမပျိုကဲ့သို့ဆန့်ကျင်ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရား သည် ကျယ်သောအရပ်၌ သိုးသငယ်ကိုထိန်းသကဲ့သို့၊ ဣသရေလ အမျိုးကို ပြုတော်မူမည်။
16nekuti Isiraeri vanakomana, setsiru rinokoma; zvino Jehovha achavafudza segwayana panzvimbo mhamhi.
17ဧဖရိမ်သည်ရုပ်တုတို့၌စွဲကပ်လျက်ရှိ၏။ သူ့ကိုတတ်တိုင်းရှိစေလော့။
17Efuremu anonamatirana nezvifananidzo, muregei.
18သူတို့စားသောက်ပွဲခံချိန်လွန်ပြီ။ မင်းလုပ်သောသူတို့သည် အထပ်ထပ်မတရားသော မေထုန်ကိုပြုကြပြီ။ ရှက်ဘွယ်သောအမှုကိုတပ်မက်ကြပြီ။
18Zvavanomwa zvinovava; vanoramba vachipata; vabati vavo vanofarira zvikuru zvinonyadzisa.
19လေသည် မိမိ အတောင်တို့နှင့်တိုက်၍ ပါသွားမည်။ သူတို့သည် မိမိတို့ ပူဇော်သောယဇ်များကြောင့် ရှက်ကြလိမ့်မည်။
19Mhepo yakavaputira namapapiro ayo; vachanyadziswa nokuda kwezvibayiro zvavo.