Myanmar

Shona

Isaiah

12

1ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ မည်။အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန် အမျက်တော်ငြိမ်း၍၊အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။
1Nezuva iro uchati, Ndinokuvongai Jehovha; makanga makanditsamwira, asi kutsamwa kwenyu kwakadzorwa, munondinyaradza.
2ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏။
2Tarirai, Mwari ndiye ruponeso rwangu; ndichavimba ndisingatyi; nekuti Jehovha, iye Jehovha, ndiye simba rangu norwiyo rwangu; iye wava ruponeso rwangu.
3သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ကယ် တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်။
3Saka muchachera mvura nomufaro pamatsime oruponeso.
4ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော် ကိုချီးမွမ်းကြလော့။ နာမတော်ကို ပဋ္ဌနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့်ချီးမွမ်းကြလော့။
4Zvino nezuva iro muchati, Vongai Jehovha, paridzai zita rake, zivisai mabasa ake pakati pavanhu, muudze vanhu kuti zita rake rinokudziwa.
5ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ။ အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘု ရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။
5Imbirai Jehovha; nekuti akaita zvinhu zvakaisvonaka-naka; izvi ngazvizikamwe panyika yose.
6Danidzira upururudze, iwe ugere paZiyoni; nekuti Mutsvene waIsiraeri mukuru pakati penyu.