1ကြည့်ရှုလော့။ တရားသဖြင့် အုပ်စိုးသောရှင်ဘု ရင်တပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှုးမတ်တို့ သည် တရားသဖြင့် စီရင်ကြလိမ့်မည်။
1Tarirai, mambo achabata ushe nokururama, machinda achabata achiruramisira.
2ထိုမင်းတို့သည် လေလုံ၍ မိုဃ်းသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့၎င်း၊ နေပူသော အရပ်၌ ကျောက်လုံးကြီးအ ရိပ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
2Munhu mumwe nomumwe achava seutiziro pamhepo, sechivando pakunaya kukuru kwemvura, senzizi dzemvura panzvimbo yakaoma, somumvuri wedombo guru panyika yafa nenyota.
3မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြ လိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့် မည်။
3Meso avanoona haangatsinzini, nzeve dzavanonzwa dzichateerera.
4သတိမရှိသောသူ၏ စိတ်နှလုံးသည် ဆင်ခြင်၍ ပညာရှိလိမ့်မည်။ စကားအသောသူ၏လျှာသည်လည်း စ ကားပြီအောင်ပြောတတ်လိမ့်မည်။
4moyo yavanotaura vasingarangariri zvakanaka ichanzwisisa ruzivo, marimi avanokakamira achaziva kutaura zvakanaka.
5ယုတ်သောသူကို နောက်တဖန်အမြတ်ဟူ၍၎င်း၊ စေးနှဲသောသူကိုလည်း နောက်တဖန် စွန့်ကြဲတတ်သော သူဟူ၍၎င်း မခေါ်ရ။
5Benzi harichazonzi munhu akakudzwa, munyengeri haanganzi mukomboreri.
6အကြောင်းမူကား၊ ယုတ်သောသူသည် လျို့ဝှက် လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ် သောသူကို သာ၍ ဆင်းရဲစေခြင်းငှါ၎င်း၊ ရေငတ်သောသူ ကိုရေမသောက်စေခြင်းငှါ၎င်း၊ ယုတ်သောစကားကို ပြော ၍ မကောင်းသောအကြံကိုကြံလေဦးမည်။
6nekuti benzi rinotaura zvohupenzi, moyo waro unoita zvakaipa, zvaanoita zvinomhura Mwari, nokureva zvingarasha vanhu pamusoro paJehovha, zvaanorega kugutisa mweya wavane nzara, nokushaisa vane nyota chinomwiwa.
7စေးနှဲသောသူ သုံးဆောင်ရာ တန်ဆာသည် လည်း ဆိုးလှ၏။ ဆင်းရဲငတ်မွတ်သောသူ၏ အမှုသည် မှန်သောလည်း၊ ထိုသို့သောသူကို မုသာစကားအားဖြင့် ဖျက်ဆီးခြင်းငှါ၊ မကောင်းသောအကြံကိုသာ ကြံတတ်၏။
7Mitoo yomunyengeri yakaipa; anofunga mano akaipa, kuti aparadze vanyoro namashoko enhema, kunyange anoshaiwa achitaura zvakanaka.
8စေတနာရှိသောသူမူကား၊ စေတနာနှင့်ဆိုင် သော အကြံတို့ကိုကြံစည်တတ်၏။ စေတနာနှင့်ဆိုင်သော အရာအားဖြင့် တည်ရလိမ့်မည်။
8Asi akarurama anofunga zvinhu zvakarurama; anorambira panzira yezvakarurama.
9ငြိမ်သက်စွာနေသော မိန်းမတို့ထကြ။ ငါပြော သံကို ကြားကြလော့။ သတိမရှိသော သတို့သမီးတို့၊ ငါစ ကားကို နားထောင်ကြလော့။
9Simukai, imwi vakadzi vagere zvakanaka, munzwe inzwi rangu; imwi vakunda vasine hanya, teererai kutaura kwangu.
10သတိမရှိသောမိန်းမတို့၊သင်တို့သည် တနှစ်လွန် မှပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်း ခြင်းအမှုပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာ လ မရောက်ရ။
10nekuti kana kwapfuura gore namazuva, muchatambudzika, imwi vasine hanya; nekuti kukohwiwa kwamazambiringa kuchakona, nguva yokuunganidza haingasviki.
11ငြိမ်သက်စွာ နေသောမိန်းမတို့၊ တုန်လှုပ်ကြ လော့။ သတိမရှိသောသူတို့၊ ပူပန်ခြင်းရှိကြလော့။ အဝတ် တန်ဆာရှိသမျှတို့ကို ပယ်ချွတ်ပြီးမှ၊ ခါး၌လျှော်တေအဝတ်ကို စည်းကြလော့။
11Dederai, imwi vakadzi vagere zvakanaka; tambudzikai, imwi vasine hanya; zvifukurei, mubvise nguvo dzenyu, muzvisunge zviuno namakudza.
12ရင်ပတ်ကိုခတ်ခြင်း၊ သာယာသော လယ်ယာ နှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွား ခြင်းရှိလိမ့်မည်။
12Vachazvirova zvipfuva nokuda kweminda yaifadza, nomuzambiringa waibereka zvakanaka.
13ငါ့လူတို့၏မြေကို၎င်း၊ ဝမ်းမြောက်သော အိမ်နှင့် ရွှင်လန်းသော မြို့ကို၎င်း၊ ဆူးပင်အမျိုးမျိုးတို့သည် တက် ၍ လွှမ်းမိုးကြလိမ့်မည်။
13Panyika yavanhu vangu pachamera mhinzwa norukato; zvirokwazvo, pamusoro pedzimba dzose dzomufaro muguta romufaro.
14ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေ တွင်းနှင့် ပြည်စုံ၍၊ ရိုင်းသောမြည်းပျော်မွေ့ရာ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည်။
14nekuti imba yamambo ichasiiwa, guta rina vanhu vazhinji richaita dongo; chikomo nenhare zvichashanduka mapako nokusingaperi, panofara mbizi, namafuro ezvipfuwo;
15ဝိညာဉ်တော်သည် ကောင်းကင်မှ ငါတို့အပေါ် သို့သွန်းလောင်း၍၊ တောသည် အသီးအနှံများသော လယ်ဖြစ်၍၊ အသီးအနှံများသော လယ်သည် တောအုပ် ကဲ့သို့ မှတ်ရသော ကာလမရောက်မှီတိုင်အောင်၊ ထိုသို့ ဖြစ်ကြလိမ့်မည်။
15kusvikira mweya uchidururwa pamusoro pedu uchibva kumusoro, renje rikaita munda unobereka zvakanaka, nomunda unobereka zvakanaka uchinzi idondo.
16ထိုအခါ တော၌ကား၊ တရားသဖြင့် စီရင်ခြင်း တည်၍၊ အသီးအနှံများသော လယ်၌ကား၊ ဖြောင့်မတ် ခြင်းပါရမီသည် အမြဲနေရလိမ့်မည်။
16Ipapo kururamisira kuchagara murenje, kururama kuchagara mumunda unobereka zvakanaka.
17ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက် ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်း အကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။
17Basa rokururama richava rugare, zvibereko zvokururama zvichava kunyarara nokutenda nokusingaperi.
18ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့ ၌ နေရကြလိမ့်မည်။
18Vanhu vangu vachagara paugaro vane rugare, napadzimba dzakasimba, napanzvimbo dzokuzorora dzakadzikama.
19သို့ရာတွင်၊ မိုဃ်းသီးကျသဖြင့် တောအုပ်ကို လှဲ ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။
19Asi chimvuramabwe chichavapo kana dondo richiwa, neguta richaparadzwa chose.
20ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေ နှင့် မြည်းခြေတို့ကို လွှတ်တတ်သောသင်တို့သည် မင်္ဂလာ ရှိကြ၏။
20Makaropafadzwa imwi munokusha pose panemvura, munosundira makumbo enzombe neembongoro.