1ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိ မာန်တော်သို့ သွားလေ၏။
1Zvino mambo Hezekia akati achizvinzwa, akabvarura nguvo dzake, akafuka makudza, akapinda mumba maJehovha.
2လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်း တော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေ့ဗန၊ အသက် ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သားပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ၏။
2Akatuma Eriakimu aichengeta imba, naShebhina munyori, navakuru vavapristi, vakafuka makudza, kumuporofita Isaya mwanakomana waAmozi.
3ဟေဇကိမင်းမှာ ထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရ သောနေ့ဖြစ်၏။ သားဘွားချိန်ရောက်၍သားကို ဘွားနိုင် အောင်ခွန်အားမရှိ။
3Vakati kwaari, Zvanzi naHezekia, Nhasi izuva rokutambudzika, nerokutukwa, nerokuzvidzwa; nekuti vana vakasvika pakuzvarwa, asi hakuna simba rokuzvara naro.
4အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘု ရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော် မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အ ဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊
4Zvimwe Mwari wenyu achanzwa mashoko ose omukuru wavatariri, akatumwa namambo weAsiria tenzi wake, kuzvidza Mwari mupenyu, agovatuka pamusoro pamashoko aakanzwa iye Jehovha Mwari wenyu; naizvozvo nyengetererai vakasara.
5ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေ ရှာယထံသို့ ရောက်လာကြ၏။
5Naizvozvo varanda vamambo Hezekia vakasvika kuna Isaya.
6ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့ ၍၊ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့်။
6Isaya akati kwavari, Udzai tenzi wenyu, muti, zvanzi naJehovha, Usatya hako mashoko awanzwa, andakamhurwa nawo navaranda vamambo weAsiria.
7ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွား လိမ့်မည်။ ထိုပြည်၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စ ကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
7Tarira, ndichaisa mweya wokutya mukati make, achanzwa guhu, ndokudzokera kunyika yake; ndichamuurayisa nomunondo munyika yake.
8ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက် သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။
8Naizvozvo mukuru wavatariri akadzoka, akawana mambo weAsiria achirwa neRibhina, nekuti akanga anzwa kuti wabva Rakishi.
9နောက်တဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တ မန်တို့ကို စေလွှတ်ပြန်၍၊
9Zvino akanzwa pamusoro paTirihaka mambo weltiopia, zvichinzi, Auya kuzorwa newe. Zvino akati azvinzwa, akatuma nhume kuna Hezekia, achiti,
10သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရ သော စကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ၍ သင့်ကို မလှည့်စားပါနှင့်။
10Endai mundoudza Hezekia mambo waJudha, muti, Mwari wako, waunovimba naye, ngaarege kukunyengera, achiti, Jerusaremu haringapiwi muruoko rwamambo weAsiria.
11အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ ကိုလုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြား ရပြီ။ ကိုယ်တိုင်လွတ်လိမ့်မည်လော။
11Tarira, wakanzwa zvakaitirwa nyika dzose namadzimambo eAsiria, kuti vakadziparadza chose; zvino iwe ucharwirwa here?
12ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ ရှိသောဧဒင်အမျိုးသားတို့ကို၊သူတို့၏ ဘုရားများတို့သည် ကယ်ယူကြပြီလော။
12Ko vamwari vamamwe marudzi vakavarwira here, iwo akaparadzwa namadzibaba angu, vanoti, Gozani, naHarani, naRezefi, navana vaEdheni, vaiva paTerasari?
13ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရ ဝိမ်မြို့၊ ဟေနမြို့၊ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာလိုက်လေ၏။
13Mambo weHamati ariko, namambo weAripadhi, namambo weguta reSafarivhaimi, neHena, neIvha?
14ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့ သွား၍ ထာဝရဘု ရားရှေ့တော်၌ ဖြန့်ထားလေ၏။
14Hezekia akagamuchira tsamba pamaoko enhume, akairava; Hezekia akakwira kumba kwaJehovha, akaipetenura pamberi paJehovha.
15ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့ တော်၌ လျှောက်ဆိုသည်ကား၊
15Ipapo Hezekia akanyengetera kuna Jehovha, achiti,
16ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင် ဖြစ် တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
16Haiwa Jehovha wehondo, Mwari waIsiraeri, iye ugere pamusoro pamakerubhimi! Ndimi Mwari, imwi moga, woushe hwose bwenyika, ndimi makaita kudenga napasi.
17အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ။
17Rerekerai nzeve yenyu, Jehovha, munzwe; svinudzai meso enyu, Jehovha, muone; inzwai mashoko ose aSaniheribhi, akatuma nhume kuzozvidza Mwari mupenyu.
18အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊
18Zvirokwazvo, Jehovha, madzimambo eAsiria akaparadza marudzi ose nenyika dzawo,
19သူတို့၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။
19akakandira vamwari vavo mumoto; nekuti vakanga vasi vamwari, asi rakanga riri basa ramaoko avanhu, ari matanda namabwe; naizvozvo akavaparadza.
20အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ကိုယ် တော် ထာဝရဘုရား တပါးသာ၊ ဘုရားသခင်ဖြစ်တော် မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
20Naizvozvo zvino, Jehovha, Mwari wedu, tiponesei paruoko rwake, kuti ushe hwose bwenyika huzive kuti ndimi Jehovha, iyemi moga.
21ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည် ဖြစ်၍၊
21Ipapo Isaya mwanakomana waAmozi, akatuma shoko kuna Hezekia, akati, Zvanzi naJehovha Mwari waIsiraeri, Zvawanyengetera kwandiri pamusoro paSaniheribhi mambo weAsiria,
22ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူ သော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီး သည် သင့်နောက်၌ ခေါင်းညှိတ်၏။
22heri shoko rakataurwa naJehovha, pamusoro pake, Mhandara, mukunda weZiyoni, wakakushora nokukuseka; mukunda weJerusaremu wakakudzungudzira musoro wake.
23သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေး သနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား။
23Ndianiko wawakatuka nokuzvidza? Wakazvikudza kuna aniko nenzwi rako, meso ako akatarira aniko kudenga? NdiMutsvene waIsiraeri!
24သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင်အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ။
24Watuka Jehovha navaranda vako, ukati, Ndakwira kumakomo marefu nengoro dzangu zhinji, kunzvimbo dzomukati dzeRebhanoni; ndichatema misidhari mirefu iripo, nemisiperesi yakatsaurwa iripo, ndichipa kusvikira kumusoro-soro kwaro, kudondo raro rinobereka zvakanaka;
25ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
25ndakachera ndikamwa mvura, ndichapwisa nzizi dzose dzeEgipita nokutsika netsoka dzangu.
26ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသ လော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက် ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူဖြစ်မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
26Hauna kunzwa here kuti ndakazviita kare, kuti ndakazvirayira nenguva dzokutanga-tanga? Zvino ndakarayira zviitike, kuti iwe uve muparadzi wamaguta akakombwa namasvingo, ave matongo.
27ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက် ပင်နှင့်၊ မကြီးမှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
27Naizvizvo vakanga vageremo vakanga vane simba duku, vakavhundutswa nokunyadziswa; vakafanana nouswa bwebundo, nomuriwo mutema, nouswa huri pamusoro peimba, nomunda wezviyo zvigere kukura.
28သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက် ဟုန်းခြင်းတို့ကို ငါသိ၏။
28Asi ndinoziva kugara kwako pasi, nokubuda kwako, nokupinda kwako, uye hasha dzako kwandiri.
29ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီး မှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
29Nokuda kwehasha dzako kwandiri, uye nekuti ndakanzwa, kuzvikudza kwako, ndichaisa rwauro rwangu mumhino dzako, netomu rangu mumiromo yako, ndikudzosere nenzira yawakauya nayo.
30သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယ ခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူ ပေါက်သောအရာများကို၎င်း သင်တို့ သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။
30Ichi ndicho chichava chiratidzo kwauri: nhaka muchadya zvinongomera zvoga, negore rechipiri muchadya zvinomerazve kwazviri; asi negore rechitatu munofanira kudzvara, nokukohwa, nokusima minda yemizambiringa, mudye michero yayo.
31ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ၍၊ အထက်မှာ အသီး သီးကြလိမ့်မည်။
31Zvino vakasara vakapukunyuka veimba yaJudha, vachaitazve midzi pasi, nokubereka michero kumusoro.
32ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က ၎င်းပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော် မူလိမ့်မည်။
32nekuti vakasara vachabuda Jerusaremu, navakapukunyuka pagomo reZiyoni; kushingaira kwaJehovha kuchazviita.
33သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြှားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။
33Naizvozvo zvanzi naJehovha pamusoro pamambo weAsiria, Haangapindi muguta rino, kana kuposhera museve imomo, kana kusvika pamberi paro nenhovo, kana kututira gomo revhu kwariri.
34လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။
34Zvanzi naJehovha, Nenzira yaakauya nayo, achadzokerazve nayo; haangapindi muguta rino.
35ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်း ထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
35nekuti ndichadzivirira guta rino, ndiriponese nokuda kwangu ini, uye nokuda komuranda wangu Dhavhidhi.
36ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ထွက်၍၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
36Zvino mutumwa waJehovha akabuda, akauraya vanhu vane zviuru zvine zana namakumi masere nezvishanu pamisasa yavaAsiria; zvino vanhu vakati vachimuka mangwanani, vakawana zvava zvitunha zvose.
37အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထို အရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ ၏။
37Naizvozvo Saniheribhi mambo weAsiria akabva, akaenda, akadzokera kwakare, akandogara Ninivhe.
38နောက်တဖန် သူသည် မိမိဘုရား နိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော် အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန် သည်လည်း၊ ခမည်းတော်အရာ၌ နန်းထိုင်၏။
38Zvino akati achinamata mumba maNisiroki, mwari wake, Adhiramereki naSharezeri vanakomana vake, vakamuuraya nomunondo, ivo vakatizira kunyika yeArarati. Esarihadhoni akamutevera paushe.