Myanmar

Shona

Isaiah

49

1တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့စကားကို ကြားကြ လော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
1Ndinzwei, imwi zviwi, teererai, imwi marudzi avanhu ari kure, Jehovha akandidana ndiri muchizvaro, akareva zita rangu ndichiri mudumbu ramai vangu;
2ငါ့နှုတ်ကို ထက်သော ထားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ဦးသစ် သော စည်းသွားဖြစ်စေ၍၊ မိမိမြှားထောင့်ထဲမှာ ဝှက်ထားတော်မူ၏။
2akaita muromo wangu somunondo unopinza; akandivanza mumumvuri wechanza chake, akandiita museve unopenya, akandichengeta mugoba rake;
3အိုဣသရေလ၊ သင်သည် ငါ၏ ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ။
3akati kwandiri, Ndiwe muranda wangu; Isiraeri wandinozvirumbidza maari.
4ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသော အခလည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။
4Asi ndakati, Ndakatambura pasina, ndakapedza simba rangu pasina pazvinhu zvisina maturo; asi zvirokwazvo kururamisirwa kwangu kuri kuna Jehovha, nomubayiro wangu kuna Mwari wangu.
5ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေ ထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော် မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံ တော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည်အကြောင်း၊ ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည် ကား၊
5Zvino zvanzi naJehovha, akandiumba kubva pachizvaro, kuti ndive muranda wake, ndidzosere Jakovezve kwaari, uye kuti Isiraeri vaunganidzwezve kwaari (nokuti ndinokudzwa pamberi paJehovha, Mwari wangu ndiye wava simba rangu);
6သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင် ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
6zvirokwazvo, iye akati, Chinhu chiduku kuti uve muranda wangu kuti umutse marudzi aJakove, nokudzosazve vakasara vaIsiraeri; ndichapawo uve chiedza chavahedheni, kuti kuponesa kwangu kusvikire kumugumo wenyika.
7ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူ မျှ မနှစ်သက်၊ တပြည်လုံး ရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော် မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူး တော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
7Zvanzi naJehovha, Mudzikunuri waIsiraeri, noMutsvene wake, kumweya unozvidzwa , kuno anovengwa norudzi rwose, kumuranda wavabati, Madzimambo achaona ndokusimuka; machinda naiwo achanamata, nokuda kwaJehovha akatendeka, iye Mutsvene waIsiraeri, wakakusanangura.
8ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက် ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း၊
8Zvanzi naJehovha, Ndakakupindura nenguva yakafanira, ndakakubatsira nezuva rokuponeswa; ndichakuchengeta, nokukuita sungano yavanhu, kuti umutse nyika, nokuvagarisa nhaka dzakanga dzaparadzwa;
9ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား၎င်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ် တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။
9kuti uti kuna vakasungwa, Budai; nokuna vagere murima, Zviratidzei. Vachadya zvokudya panzira, namafuro avo achava pazvikomo zvisina zvibereko.
10သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကို လည်း မခံရကြ။ နေရောင်ခြည်မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင်၍၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည်။
10Havangavi nenzara kana nyota, havangabayiwi nokupiswa kunyange nezuva, nekuti iye, anovanzwira nyasha, achavatungamirira, achavafambisa pamatsime emvura.
11ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။
11Ndichaita makomo angu ose nzira, migwagwa yangu ichakwiridzwa.
12ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက် မျက်နှာနှင့်အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
12Tarirai, vamwe vachauya vachibva kure; tarirai, vamwe vachabva kurutivi rwokumusoro nokumavirazuva, navamwe kunyika yeSinimi.
13အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။
13Imbai, imwi denga rose, newe nyika ufare; imwi makomo imbai kwazvo, nekuti Jehovha akanyaradza vanhu vake, achinzwira tsitsi vanotambudzika.
14ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကို စွန့် ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော်၊
14Asi Ziyoni rakati Jehovha akandisiya, Ishe akandikangamwa.
15မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။
15Ko mukadzi angakangamwe mwana wake waanomwisa, akasava netsitsi nomwanakomana wechizvaro chake here? Zvirokwazvo vangakangamwa zvavo, asi ini handingakukangamwi.
16ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏။
16Tarira, ndakakunyora pazvanza zvangu; masvingo ako ari pamberi pangu nguva dzose.
17သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည်။
17Vana vako vanokurumidza; vaparadzi vako navanokuita dongo vachabuda mauri.
18အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်း တို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည် နည်းတူတန်ဆာဆင်လိမ့်မည်။
18Ringira kose-kose nameso ako, uone; ava vose vanoungana pamwechete, vachiuya kwauri. Noupenyu hwangu, ndizvo zvinotaura Jehovha, zvirokwazvo uchazvifukidza navo vose sechishongo, uchazvisunga chiuno navo somwenga.
19သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်၊ ပျက်စီး သော ပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့် မည်။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြ လိမ့်မည်။
19Nokuti, kana ari matongo ako nenzvimbo dzako dzakasiiwa, nenyika yako yakaparadzwa, zvirokwazvo zvino haingaringani vagere mairi, navanokuminya vachava kure.
20သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန်သော သားတို့က၊ နေရာမလောက်ပါ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည်။
20Vana, vawakanga watorerwa, vacharamba vachiti munzeve dzako, Pano hapandiringani, ndidzivurirei nzvimbo pandingagara.
21သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဘွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့ လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါသည် တယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။
21Ipapo uchati mumoyo mako, Ndianiko akandiberekera ava, zvandakatorerwa vana vangu, ndiri ndoga, ndadzingwa, ndichidzungaira kose-kose? Ndianiko akarera ava? Tarirai, ndakanga ndasiiwa ndoga; ko ava vakanga varipi?
22အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေ သော လူမျိုးတို့အား လက်ကို ချီ၍ အလံကို ထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့် ပွေ့လျက်၊ ပခုံးပေါ်မှာ ထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည်။
22Zvanzi naIshe Jehovha, Tarirai, ndichasimudzira marudzi ruoko rwangu, nokumisira vanhu mureza wangu; vachauya navanakomana vako vanavo pachipfuva chavo, navakunda vako vachatakurwa pamafudzi avo.
23ရှင်ဘုရင်တို့သည် သင်၏ ဘထွေး၊ မိဖုရားတို့ သည် သင့်ကို မွေးစားသော အမိဖြစ်ကြလိမ့်မည်။ သင့် ရှေ့မှာ ဦးညွှတ်ပြပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက် ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။
23Madzimambo achava varerai; vahosi vavo madzimai enyu anokurerai vachakotama pamberi penyu zviso zvavo zvakatarira pasi, vachinanzva guruva riri patsoka dzenyu; ipapo muchaziva kuti ndini Jehovha; vanondimirira havanganyadziswi.
24လုယူရာဥစ္စာကို အားကြီးသော သူ၏ လက်မှ ယူရမည်လော။ တရားသော သူသိမ်းသွားသော လူတို့ကို နှုတ်ရမည်လော။
24Ko ane simba angatorerwe zvaakapamba here, kana vatapwa vowakarurama vangarwirwa here?
25ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည်။ ကြောက်မက်ဘွယ်သောသူ လုယူရာဥစ္စာကို နှုတ်ရလိမ့် မည်။ အကြောင်းမူကား၊ သင်နှင့် ရန်တွေ့သော သူကို ငါသည် ရန်တွေ့၍၊ သင်၏သားတို့ကို ကယ်တင်မည်။
25Asi zvanzi naJehovha, Kunyange navatapwa veanesimba vachamutorerwa, nezvakapambwa zveanotyisa zvichadzikunurwa; nekuti ndicharwa neanorwa newe, nokuponesa vana vako.
26သင့်ကို ညှဉ်းဆဲသော သူတို့ကို သူတို့၏အသား နှင့် ငါကျွေးမည်။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့ သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
26Uye ndichadyisa vamanikidzi vako nyama yavo yomene,uye vachabatwa neropa ravo, seinenge iri waini inonaka; uye nyama yose ichaziva kuti ini Jehovha, ndini Muponesi wako, noMudzikunuri wako, Anesimba waJakove.