1ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့်၊ ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ယေရမိ ထံသို့စေလွှတ်၍၊
1Shoko, rakauya kuna Jeremiya, richibva kuna Jehovha, panguva yakatuma mambo Zedhekia kwaari Pashuri mwanakomana waMarikija, naZefaniya mwanakomana waMaaseya mupristi, achiti,
2ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ်၍၊ သူ့ကို ငါ့တို့ထံမှ ပြန်သွား စေခြင်းငှါ၊ ထာဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း၊ ငါတို့၌ တဖန်ပြုတော်မူမည် အကြောင်း၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန် ပါလော့ဟု မိန့်တော်မူသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊
2Dotibvunziraiwo kuna Jehovha, nekuti Nebhukadhirezari mambo weBhabhironi worwa nesu; zvimwe Jehovha ungatiitira chishamiso chakafanana namabasa ake ose anoshamisa, kuti abve kwatiri.
3ယေရမိက၊ သင်တို့သည် ဇေဒကိမင်းကြီးအား ပြန်ပြောရမည်မှာ၊
3Ipapo Jeremiya akati kwavari, Itiyi kuna Zedhekia,
4ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏မြို့ပြင်မှာ တပ်စွဲ၍ နေသော ဗာဗုလုန်ရှင်ဘုရင်၊ ခါလဒဲအမျိုးသားတို့ကို စစ်တိုက်လျက်၊ သင်တို့စွဲကိုင်သော လက်နက်များကို ငါလွဲစေမည်။ ထိုသူတို့ကို မြို့ထဲ၌ ငါစည်းဝေးစေမည်။
4Zvanzi naJehovha, Mwari walsiraeri, tarirai, ndichadzosa nhumbi dzokurwa dziri mumaoko enyu, dzamunorwa nadzo namambo weBhabhironi navaKaradhea vanokukombai kunze mukati meguta rino,
5ငါ့ကိုယ်တိုင်လည်း အလွန်ပြင်းစွာ ထွက်သော အမျက်အရှိန်အားကြီး၍၊ ဆန့်သောလက်၊ သန်စွမ်းသော လက်ရုံးနှင့် သင်တို့ကို တိုက်မည်။
5Ini ndimene ndicharwa nemwi nechanza chakatambanudzwa noruoko rune simba, nokutsamwa nehasha, neshungu kwadzo.
6ဤမြို့၌နေသော လူသတ္တဝါတိရစ္ဆာန်တို့ကို ငါသည် ဒဏ်ခတ်၍၊ ပြင်းစွာသောကာလနာဖြင့် သေရ ကြလိမ့်မည်။
6Ndicharova vagere muguta rino, vanhu nezvipfuwo zvose; zvichafa nehosha yakaipa.
7ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက် မှ နာဘေး၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗု လုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသော ရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ထားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
7Pashure ndizvo zvinotaura Jehovha ndichaisa Zedhekia mambo waJudha, navaranda vake navanhu vake, ivo vakasara muguta rino, vakapukunyuka pahosha, napamunondo, napanzara, mumaoko aNebhukadhirezari mambo weBhabhironi, nomumaoko avavengi vavo, nomumaoko avanotsvaka kuvauraya; iye uchavarova nomunondo unopinza, haangavaregi, kana kuvanzwira tsitsi, kana kuva nenyasha navo.
8ထာဝရဘုရားကလည်း၊ သင်သည် ဤလူမျိုးတို့ အား ဆင့်ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူ မူကား၊ အသက်ရှင်ရာလမ်း၊ သေရာလမ်းတို့ကို သင်တို့ ရှေ့မှာ ငါဖွင့်ထား၏။
8Iwe uti kuvanhu ava, Zvanzi naJehovha, Tarirai, ndinoisa pamberi penyu nzira yohupenyu nenzira yorufu.
9ဤမြို့ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသော သူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။
9Ani naani unorambira muguta rino uchaurawa nomunondo nenzara nehosha; asi ani naani unobuda akaenda kuvaKaradhea vanokukombai, iye uchararama, hupenyu hwake huchava kwaari chinhu chaakapamba.
10ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ကျေးဇူးပြု၍၊ အပြစ်ပြုခြင်းငှါ ငါသည် မျက်နှာထား သည်ဖြစ်၍၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ် သဖြင့်၊ သူသည် မီးရှို့လိမ့်မည်။
10nekuti zvanzi naJehovha, Ndakarinzira guta rino chiso changu kuti ndiriitire zvakaipa, ndirege kuriitira zvakanaka; richaiswa mumaoko amambo weBhabhironi, iye ucharipisa nomoto.
11ယုဒရှင်ဘုရင် အမျိုးကို ရည်မှတ်၍၊ ထာဝရ ဘုရား မိန့်တော်မူသော စကားတော်ကို နားထောင် ကြလော့။
11Zvino kana iri imba yamambo waJudha, inzwai shoko raJehovha,
12အို ဒါဝိဒ်မင်းကြီးအမျိုး၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။ သို့မဟုတ်၊ သင်တို့ပြုသော ဒုစရိုက် အပြစ်ကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍၊ အဘယ်သူ မျှမသတ်နိုင်အောင်လောင်လိမ့်မည်။
12Nhai imba yaDhavhidhi ndizvo zvinotaura Jehovha tongai zvakarurama mangwanani, murwire wakabirwa muruoko rwounomumanikidza, kuti kutsamwa kwangu kurege kubuda somoto, kuchipfuta kusina ungakudzima, nokuda kwezvakaipa zvamabasa enyu.
13ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုချိုင့်၌ နေသောသူ၊ အိုလွင်ပြင်၌ရှိသော ကျောက်၊ သင့်တဘက်၌ ငါနေ၏။ သင်တို့က၊ ငါတို့ကို အဘယ်သူ စစ်တိုက်နိုင်မည် နည်း။ ငါတို့ နေရာထဲသို့ အဘယ်သူ ဝင်နိုင်မည်နည်းဟု ဆိုတတ်သော်လည်း၊
13Tarira, ndine mhosva newe, iwe ugere mumupata, padombo romubani ndizvo zvinotaura Jehovha; imi, munoti, Ndiani uchapinda mudzimba dzedu?
14သင်တို့ အကျင့်နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ်ကို ငါပေးမည်။ သင်တို့တောကို ငါရှို့သော မီးသည်၊ ပင်လည်၌ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။
14Ndichakurovai zvakaenzana nezvibereko zvamabasa enyu ndizvo zvinotaura Jehovha; ndichabatidza moto mudondo raro, uchapedza zvose zvakaripoteredza.