1ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် မြို့တဘက်၌၎င်း၊ ငါ၏ရန်သူတို့နှင့်ပေါင်းဘော်သော သူတို့တဘက်၌၎င်း၊ ဖျက်ဆီးတတ်သော လေကို ငါထစေ မည်။
1Zvanzi naJehovha, Tarirai, ndichamutsira Bhabhironi navagere Rebhikamai mhepo inoparadza.
2စံကောနှင့်ပြာတတ်သောသူတို့ကို ဗာဗုလုန်မြို့ သို့ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးကိုပြာ၍ ရှင်းလင်းကြလိမ့်မည်။ အမှုရောက်သောကာလ၊ သူတို့ သည် မြို့ပတ်ဝန်းကျင်တို့၌ ရန်ဘက်ပြုလျက်နေကြ လိမ့်မည်။
2Ndichatumira Bhabhironi varudzi vacharirudza, vachabudisa zvose zviri munyika yaro, nekuti nezuva rokutambudzika vacharikomberedza kumativi ose.
3လေးကိုကိုင်သောသူ၊ သံချပ်အင်္ကျီကိုဝတ်သော သူတို့ကို လေးတင်၍ ပစ်ကြလော့။ မြို့သားလုလင်တို့ကို မနှမြောဘဲ၊ မြို့သားအလုံးအရင်းရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ကြလော့။
3Mupfuri ngaapfure nohuta hwake ani naani unopfura nohuta nounozvisimudza ane nguvo dzake dzokurwa, regai kunzwira tsitsi majaya aro, paradzai chose hondo yaro yose.
4ထိုသို့သူရဲတို့သည် ခါလဒဲပြည်တွင်၊ လမ်းမတို့၌ လဲ၍အထိုးခံရကြလိမ့်မည်။
4Vachawira pasi vaurawa panyika yavaKaradhea, vabayiwa munzira dzaro.
5ဣသရေလအမျိုးနှင့်ယုဒအမျိုးနေရာ ပြည်သည်၊ ဣသရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရားကို ပြစ်မှားသော အပြစ်နှင့်ပြည့်သော်လည်း၊ သူတို့ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား သည် ထိုအမျိုးတို့ကို စွန့်ပစ်တော်မမူ။
5nekuti Isiraeri naJudha havana kurashwa naMwari wavo, naJehovha wehondo, kunyange nyika yavo izere nemhosva pamberi poMutsvene waIs iraeri.
6ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည်။
6Tizai mubve mukati meBhabhironi, mumwe nomumwe aponese hupenyu hwake; regai kuparadzwa mukati mezvakaipa zvaro, nekuti inguva yokutsiva kwaJehovha, iye uchariripidzira.
7ဗာဗုလုန်မြို့သည်၊ ထာဝရဘုရားကိုင်တော်မူ၍ မြေကြီးတပြင်လုံးကို ယစ်မူးစေသောရွှေဖလားဖြစ်၏။ ထိုဖလား၌ပါသော စပျစ်ရည်ကို လူအမျိုးမျိုးတို့သည် သောက်၍အရူးဖြစ်ကြ၏။
7Bhabhironi wakange uri mukombe muruoko rwaJehovha, wakabatisa nyika yose; marudzi avanhu akamwa waini yawo, saka marudzi akapenga.
8ဗာဗုလုန်မြို့သည် ချက်ခြင်းပြိုလဲ၍ ပျက်စီးပြီ။ သူ၏အတွက် ငိုကြွေးမြည်တမ်းကြလော့။ သူ၏အနာ ပျောက်နိုင်လျှင်၊ ပျောက်စေခြင်းငှါ ဗာလစံစေးကို ယူကြလော့။
8Bhabhironi rakawira pasi pakarepo rikaparadzwa; wungudzai pamusoro paro, torai muti webharisami kurapa kurwadziwa kwaro, zvimwe ringapora.
9ငါတို့သည် ဗာဗုလုန်မြို့၏အနာကို ပျောက်စေ ခြင်းငှါ ပြုသော်လည်း၊ အနာမပျောက်နိုင်။ သူ့ကို စွန့်ပစ်၍၊ အသီးအသီး ငါတို့ နေရင်းပြည်သို့ သွားကြ ကုန်အံ့။ သူခံရသော အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်၍၊ မိုဃ်းတိမ်ကို ထိလျက်ရှိ၏။
9Taida kuporesa Bhabhironi, asi harina kupora; risiyei, mumwe nomumwe wedu aende kunyika yake, nekuti mhosva yaro yasvikira kudenga, yasimudzirwa kumakore.
10ထာဝရဘုရားသည် ငါတို့ဖြောင့်မတ်ကြောင်းကို ဘော်ပြတော်မူပြီ။ လာကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဇိအုန်မြို့၌ ကြားပြောကြ ကုန်အံ့။
10Jehovha wakaratidza kururama kwedu; uyai, tiparidze paZiyoni basa raJehovha Mwari wedu.
11မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။
11Rodzai miseve, batisai nhovo! Jehovha wakamutsa mweya yamadzimambo avaMedhia, nekuti murangariro wake ndowokuparadza Bhabhironi, nekuti ndiko kutsiva kwaJehovha, iko kutsiva kwetemberi yake.
12ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရ ဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။
12Simudzirai masvingo eBhabhironi mureza, simbisai varindi, isaipo nharirire, gadzirai vanovandira, nekuti Jehovha wakafunga nokuita zvaakataura pamusoro pavagere Bhabhironi.
13များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီး သောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘ အလိုပျက်ချိန် ရောက်လေပြီ။
13Iwe ugere pamvura zhinji, une fuma zhinji, kuguma kwako kwasvika, icho chiyero chezvawakawana nokunyengera.
14ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ သင့်ကို ကျိုင်းကောင်များနှင့်ပြည့်စေသကဲ့သို့ လူများနှင့်ပြည့် စေမည်။ သူတို့သည်သင့်တဘက်၌ ကြွေးကြော်သံကို လွှင့် ကြလိမ့်မည်။
14Jehovha wehondo wakapika naiye amene, achiti, Zvirokwazvo ndichakuzadza navanhu semhashu, ivo vachakupururudzira.
15တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော် မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော် မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
15Ndiye wakaita nyika nesimba rake, wakateya nyika nohuchenjeri hwake, wakatatamura denga rose nenjere dzake.
16အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှမိုဃ်းတိမ်ကို တက်စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေ တော်မူ၏။ လေကိုလည်း ဘဏ္ဍာတော် တိုက်ထဲကထုတ် တော်မူ၏။
16Kana achibudisa inzwi rake, kunomubvumo wemvura zhinji kudenga; unokwidza makore pamigumo yenyika, unoita mheni kuuyisa mvura, unobudisa mhepo panovigwa fuma yake.
17လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသော သူတိုင်းမိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။
17Munhu mumwe nomumwe wava usina njere, haane zivo; mupfuri mumwe nomumwe wendarama unonyadziswa nechifananidzo chake chaakaveza, nekuti chifananidzo chaakaumba, ndechenhema; hakuna mweya mazviri.
18ထိုသို့သော အရာတို့သည် အချည်းနှီးသက် သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ ကွယ်ပျောက်ကြ လိမ့်မည်။
18Hazvina maturo, ibasa rinonyengera; panguva yokurohwa kwazvo zvichapera.
19ယာကုပ်အမျိုး၏ အဘို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့်တူတော်မမူ။ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းသောဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
19Mugove waJakove haufanani naizvozvi, nekuti ndiye muumbi wazvose; Isiraeri ndirwo rudzi rwenhaka yake; Jehovha wehondo ndiro zita rake.
20အိုသံတူကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ သင့်ကို ငါကိုင်၍ အတိုင်းတိုင်း အပြည်ပြည်တို့ကို ချိုးဖဲ့ပြီ။
20Iwe uri nyundo yangu nenhumbi dzangu dzokurwa; newe ndichaputsanya marudzi avanhu newe ndichaparadza ushe;
21သင့်ကိုကိုင်၍ မြင်းနှင့်မြင်းစီးသူရဲကို၎င်း၊ ရထားနှင့်ရထားစီး သူရဲကို၎င်း ငါချိုးဖဲ့ပြီ။
21newe ndichaputsanya bhiza nomutasvi waro; newe ndichaputsanya ngoro nounofamba nayo;
22သင့်ကိုကိုင်၍ ယောက်ျားနှင့်မိန်းမတို့ကို၎င်း၊ အသက်ကြီးသူနှင့် အသက်ငယ်သူတို့ကို၎င်း၊ လူပျိုနှင့် အပျိုမတို့ကို၎င်း ငါချိုးဖဲ့ပြီ။
22newe ndichaputsanya murume nomukadzi; newe ndichaputsanya mutana nomuduku; newe ndichaputsanya mujaya nemhandara;
23သင့်ကိုကိုင်၍ သိုးထိန်းနှင့်သိုးစုကို၎င်း၊ လယ် လုပ်သော သူနှင့် နွားယှဉ်ကို၎င်း၊ ဗိုလ်များနှင့် မင်းများကို ၎င်း ငါချိုးဖဲ့ပြီ။
23newe ndichaputsanya murimi nenzombe dzake mbiri; newe ndichaputsanya vabati navakuru.
24သို့ရာတွင်၊ ဗာဗုလုန်မြို့သူ၊ ခါလာဒဲပြည်သား အပေါင်းတို့သည် ဇိအုန်မြို့၌ပြုလေသမျှသော ဒုစရိုက် ရှိသည်အတိုင်း၊ ငါသည် သင်တို့ မျက်မှောက်၌ သူတို့အား အပြစ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
24Ndicharipidzira Bhabhironi navose vagere Karadhea zvakaipa zvavo zvose zvavakaita Ziyoni pamberi penyu ndizvo zvinotaura Jehovha.
25ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖျက်ဆီး တတ်သောသဘောရှိ၍၊ မြေကြီးတပြင်လုံးကို ဖျက်ဆီး တတ်သောတောင်ကြီး၊ သင့်တဘက်၌ ငါနေ၏။ သင့် အပေါ်မှာ ငါ၏လက်ကိုဆန့်လျက်။ ကျောက်တို့မှ သင့်ကို လှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သော တောင်ဖြစ်စေမည်။
25Tarira, ndine mhosva newe, iwe gomo rokuparadza, rinoparadza nyika yose ndizvo zvinotaura Jehovha; ndichatambanudzira ruoko rwangu kwauri, ndichakukungurusa pamabwe, ndichakuita gomo rakatsva.
26တိုက်ထောင့်အထွဋ်ကျောက်၊ တိုက်မြစ်ကျောက် တစုံတခုကိုမျှ သင်၏အထဲကမနှုတ်မယူရ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။
26Havangatori kwauri ibwe rekona, kana ibwe renheyo; asi uchava dongo nokusingaperi, ndizvo zvinotaura Jehovha.
27ထိုပြည်၌အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကိုသူ၏ တဘက်၌ပြင်ဆင် ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည် တို့ကို သူ၏တဘက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကိုခန့်ထား၍၊ အမွေး ကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီ စေကြလော့။
27Simudzai mureza panyika, ridzai hwamanda pakati pamarudzi, gadzirai marudzi kuzorwa naro, kokerai ushe bweArarati neMini neAshikenazi kuzorwa naro, gadzai mukuru wehondo kuzorwa naro, uyisai mabhiza semhashu dzinoparadza.
28လူမျိုးများတို့နှင့်တကွ၊ မေဒိရှင်ဘုရင်မှစ၍ ဗိုလ်များ၊ မင်းများ၊ မေဒိနိုင်ငံသားအပေါင်းတို့ကို သူ၏ တဘက်၌ ပြင်ဆင်ကြလော့။
28Gadzirai marudzi kuzorwa naro, iwo madzimambo avaMedhia, navabati vavo, navakuru vavo vose, nenyika yose yavakabata.
29ဗာဗုလုန်ပြည်သည်တုန်လှုပ်၍ လိမ့်လိမ့်မည်။ ထိုပြည်သည်နေသူမရှိ၊ သုတ်သင်ပယ်ရှင်းရာ ဖြစ်စေခြင်း ငှါ၊ ထာဝရဘုရားကြံစည်တော်မူသော အကြံအစည် ရှိသမျှသည် ပြည့်စုံရလိမ့်မည်။
29Nyika inodedera nokurwadziwa; nekuti zvakafunga Jehovha kuitira Bhabhironi zvakasimba, kuti aite nyika yeBhabhironi dongo, isina unogaramo.
30ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ၌နေကြ၏။ အားလျော့၍မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကိုမီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။
30Mhare dzeBhabhironi dzarega kurwa, vakarambira munhare dzavo, simba ravo rakapera, vava savakadzi; vakapisa dzimba dzaro, zvipfigiso zvaro zvakavhuniwa.
31ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကို ပိတ်ထား၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့် လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကို တယောက်၊ စေလွှတ်သူချင်းတယောက်ကို တယောက် တွေ့ကြုံလျက် ပြေးလာကြ၏။
31Imwe nhume ichamhanya kundosangana neimwe, mumwe wakatumwa kundosangana nomumwe, kuzivisa mambo weBhabhironi kuti guta rake rakundwa kumativi ose.
33ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ် တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
32Uye kuti mazambuko abatwa, kuti mapani eshanga apiswa nomoto, kuti varwi vavhunduswa.
34ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍ နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်း သောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို၍၊ ငါတို့ ပျော်မွေ့စရာအရာ တို့နှင့်မိမိဝမ်းကို ပြည့်စေ ပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။
33nekuti zvanzi naJehovha wehondo, Mwari waIsiraeri, Mukunda weBhabhironi wakaita seburiro nenguva yokupura; kwasara nguva duku, iye ndokusvikirwa nenguva yokukohwa.
35ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါ စေဟူ၍၎င်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း ဆိုရ၏။
34Nebhukadhirezari mambo weBhabhironi wandidya, wandipwanya, wandiita mudziyo usina chinhu wandimedza seshato, razadza zidumbu raro nezvinozipa zvangu, wandidzinga.
36သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်း တို့ကို၎င်း ငါခန်းခြောက်စေမည်။
35Ugere Ziyoni uchati, Zvakaipa zvandakaitirwa ini nenyama yangu ngazvive pamusoro peBhabhironi; Jerusaremu richati, Ropa rangu ngarive pamusoro pavagere Karadhea.
37ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်။
36Naizvozvo zvanzi naJehovha, Tarira, ndichakureverera mhaka yako, ndichakutsiva; ndichapwisa gungwa raro, ndichaomesa tsime raro.
38ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည်။
37Bhabhironi richaitwa mirwi yamabwe, hugaro hwamakava, chinhu chinoshamisa, chinoridzirwa muridzo, pasina unogaramo.
39သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တဖန်မနိုးဘဲ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူးစေမည်။
38Vachaomba pamwechete savana veshumba, vachaganya savana veshumba.
40အသေသတ်ခြင်းငှါ ဆွဲ၍ချသော သိုးသငယ်ကို ကဲ့သို့၎င်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့၎င်း ငါဆွဲ၍ချမည်။
39Kana vamutswa moyo ndichavaitira mutambo, ndichavabatisa newaini, kuti vafare, vavate hope dzisingaperi, varege kuzomukazve ndizvo zvinotaura Jehovha.
41ရှေရှက်မြို့ကိုတိုက်၍ ရလေပြီတကား။ မြေ တပြင်လုံး၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီ တကား။
40Ndichavaburusira kwavanondobayiwa samakwaiana, samakondobwe pamwechete nenhongo.
42ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။
41Sheshaki rakundwa sei! Guta rairumbidzwa nenyika yose rapindwa sei! Bhabhironi rava dongo sei pakati pamarudzi!
43မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ။
42Gungwa rakwira rasvika Bhabhironi, rafukidzwa namafungu aro mazhinji.
44ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တဖန်အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှာ စည်းဝေးရကြ။ မြို့ရိုးလည်းပြိုလဲလျက်ရှိရလိမ့်မည်။
43Maguta aro ava matongo, nyika yakaoma nerenje, nenyika musingagari munhu, hakuna Mwanakomana womunhu unopfuura napo.
45ငါ၏လူတို့၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်မှ၊ အသီး အသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။
44Ndichatonga Bheri paBhabhironi, ndichabudisa mumuromo make chaakanga amedza, marudzi avanhu haachazovangiri kwariri; zvirokwazvo rusvingo rwaBhabhironi ruchawa.
46ထိုပြည်၌ကြားရသော သိတင်းကြောင့် စိတ် မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည်။ မင်းချင်းတယောက်ကို တယောက် လုယူ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
45Imi vanhu vangu, budai mukati maro, muzviponese mumwe nomumwe pakutsamwa kukuru kwaJehovha.
47ထိုနောက်မှဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည်။
46moyo yenyu irege kuora, musatya guhuzve nerimwe gore shure kwaizvozvo; panyika vachaitirana simba, mubati mumwe achirwa nomumwe.
48ထိုသို့မြောက်မျက်နှာအရပ်က လုယူသော သူတို့ သည် ဗာဗုလုန်မြို့သို့ ရောက်လာသောအခါ၊ မိုဃ်းမြေမှစ၍ အရပ်ရပ်၌ရှိသမျှတို့သည် ရွှင်လန်းသော အသံကို ပြုကြ လိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
47Naizvozvo tarirai, mazuva anouya andichatonga mifananidzo yakavezwa yaBhabhironi; nyika yaro yose ichanyadziswa, vakaurawa varo vose vachawira pasi mukati maro.
49ဗာဗုလုန်မြို့ကြောင့် ဣသရေလအမျိုးသူရဲတို့ သည် လဲ၍သေသကဲ့သို့၊ ဗာဗုလုန်မြို့ထဲမှာ ပြည်သား သူရဲအပေါင်းတို့သည် လဲ၍သေကြလိမ့်မည်။
48Ipapo denga nenyika nezvose zviri mukati mazvo zvichaimba nomufaro pamusoro peBhabhironi, nekuti vaparadzi vachauya kwariri vachibva kurutivi rwokumusoro ndizvo zvinotaura Jehovha.
50ထားဘေးနှင့်လွတ်သောသူတို့၊ သွားကြလော့။ ရပ်၍မနေကြနှင့်။ ဝေးသောအရပ်၌ ထာဝရဘုရားကို အောက်မေ့၍၊ ယေရုရှလင်မြို့ကိုလည်း စိတ်စွဲလမ်းကြ လော့။
49Vakaurawa valsiraeri, Bhabhironi rinofanira kuwawo, sezvakawira pasi paBhabhironi vakaurawa venyika yose.
51ငါတို့သည်ကဲ့ရဲ့သောအသံကို ကြားသော ကြောင့် အရှက်ကွဲလျက်၊ မျက်နှာပျက်လျက်နေရကြပါ၏။ တပါးအမျိုးသားတို့သည် ဗိမာန်တော်တွင်၊ သန့်ရှင်းရာ အရပ်ဌာနတော်တို့၏ အထဲသို့ဝင်ကြပါပြီ။
50Imi makapukunyuka pamunondo, endai, musamira; rangarirai Jehovha muri kure, fungai Jerusaremu pamoyo yenyu.
52သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ပြည်ကိုးကွယ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေး၍၊ တပြည်လုံး၌ ဒဏ်ချက်ထိသောသူတို့သည် ညည်းတွားကြသော အချိန်ရောက်လိမ့်မည်။
51Takanyadziswa, nekuti takanzwa kushoorwa, kunyara kwakafukidza zviso zvedu, nekuti vatorwa vakapinda munzvimbo tsvene dzeimba yaJehovha.
53ဗာဗုလုန်မြို့သည် မိုဃ်းကောင်းကင်သို့တက်၍၊ မြို့ရိုးအထွဋ်ကို ခိုင်ခံ့စွာ တည်သော်လည်း၊ ငါစေလွှတ်၍ လုယူသော သူတို့သည် သူရှိရာသို့ ရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
52Naizvozvo, tarirai, ndizvo zvinotaura Jehovha mazuva anouya andichatonga mifananidzo yaro yakavezwa; vakakuvadzwa vachagomera kose panyika yaro.
54ဗာဗုလုန်မြို့မှ ငိုကြွေးသံကို၎င်း၊ ခါလဒဲပြည်မှာ ပြင်းစွာသော ပျက်စီးသံကို၎င်း ကြားရ၏။
53Kunyange Bhabhironi rikakwira kudenga, kunyange rikasimbisa pakakwirira pane simba raro, kunyange zvakadaro vaparadzi vachabva kwandiri vachiendako, ndizvo zvinotaura Jehovha.
55အကြောင်းမူကား ထာဝရဘုရားသည် ဗာဗုလုန် မြို့ကို ဖျက်ဆီး၍၊ သူပြုတတ်သောအသံကြီးကို ငြိမ်းစေ တော်မူ၏။ သူ၏လှိုင်းတံပိုးတို့သည် အားကြီးသော ရေကဲ့သို့ ဟုန်ဟုန်းမြည်သံဖြင့်၊ ကြီးစွာသောအသံဗလံကို ပြုတတ်ကြ၏။
54Inzwai inzwi rokuchema rinobva Bhabhironi, nerokuparadzwa kukuru rinobva panyika yavaKaradhea!
56ဗာဗုလုန်မြို့ကို တိုက်ဖျက်လုယူသော သူသည် ရောက်လျှင်၊ မြို့သားစစ်သူရဲတို့သည် ရန်သူတို့လက်သို့ ရောက်၍၊ သူတို့စွဲကိုင်သော လေးရှိသမျှတို့သည် ကျိုးကြ ၏။ အကျိုးအပြစ်ကို ပေးတတ်သောဘုရား သခင်ထာဝရ ဘုရားသည် ဆက်ဆက်ပေးတော်မူပြီ။
55nekuti Jehovha unoparadza Bhabhironi, uchanyaradzamo mubvumo mukuru; mafungu avo anotinhira semvura zhinji, mubvumo wamanzwi avo anonzwika.
57ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်း အရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား ဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။
56nekuti muparadzi wasvika kwariri, iko Bhabhironi, mhare dzaro dzakundwa, huta hwavo hwavhuniwa-vhuniwa; nekuti Jehovha ndiMwari wokutsiva, ucharipidzira zvirokwazvo.
58ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ် ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။
57Ndichabatisa newaini machinda aro navakachenjera varo, vabati varo navakuru varo, nemhare dzaro, vachavata hope dzisingaperi, havangazomuki ndizvo zvinotaura Mambo, une zita rinonzi Jehovha wehondo.
59ဗာဗုလုန်မြို့အပေါ်မှာ ရောက်လတံ့သော၊ ဘေးဥပဒ်အပေါင်းတည်းဟူသော၊ ဗာဗုလုန်မြို့ကို ရည်မှတ်၍ ရေးထားသောဤစကားအလုံးစုံတို့ကို ပရောဖက်ယေရမိသည် ရေးကူး၍၊
58Zvanzi naJehovha wehondo, Masvingo akafara eBhabhironi achakoromorwa chose, namasuwo aro marefu achapiswa nomoto; vanhu vachabatira zvisina maturo, namarudzi achabatira moto; vachaneta.
60ယုဒရှင်ဘုရင် ဇေဒကိနန်းစံလေးနှစ်တွင်၊ ရှင်ဘုရင်နှင့်အတူ ဗာဗုလုန်မြို့သို့လိုက်သွားသော၊ မာသေယ၏သားဖြစ်သောနေရိ၏ သားအတွင်း ဝန်စရာယ ကိုမှာထားသော စကားဟူမူကား၊
59Ndiro shoko, rakarairwa Seraia mwanakomana waNeria, mwanakomana waMaseia, nomuporofita Jeremiya, nguva yaakaenda Bhabhironi naZedhekia mambo waJudha negore rechina rokubata kwake ushe. Zvino Seraia wakange ari murairi mukuru parwendo.
61သင်သည် ဗာဗုလုန်မြို့သို့ရောက်သောအခါ၊ ဤစကားအလုံးစုံတို့ကို ကြည့်ရှု၍ ဘတ်ရမည်။
60Jeremiya akanyora mubhuku zvakaipa zvose zvaifanira kuwira Bhabhironi, iwo mashoko ose akanyorwa pamusoro peBhabhironi.
62ထိုအခါသင်က၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် ဤအရပ်၌ လူမရှိ၊ တိရစ္ဆာန်မရှိ၊ အစဉ်မပြတ် ဆိတ်ညံရာအရပ်ဖြစ်စေ၍၊ သုတ်သင်ပယ်ရှင်းမည် အကြောင်းကို ခြိမ်းတော်မူပြီဟု လျှောက်ဆိုရမည်။
61Jeremiya akati kuna Seraia, Kana wasvika Bhabhironi rangarira kuti urave mashoko awa ose.
63ဤစာကို အကုန်အစင်ဘတ်ပြီးလျှင်၊ စာပေါ် မှာ ကျောက်ကို ချည်ထား၍၊ ဥဖရတ်မြစ်အလယ်မှာ ချပစ်လျက်၊
62Uti, Haiwa Jehovha, makataura pamusoro penzvimbo ino kuti muchai,paradza, kuti kusava nounogaramo, kana munhu kana zvipfuwo, asi kuti richava dongo nokusingaperi.
64ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါ ရောက်စေသော ဘေးဥပဒ်ထဲကနောက်တဖန် မထ မြောက်ရ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆိုရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား၊ ယေရမိစကားပေတည်း။
63Zvino kana wapedza kurava bhuku iyi, unofanira kusungira ibwe pairi, ndokuikandira mukati morwizi rwaYufuratesi;
64uchiti, Saizvozvo Bhabhironi richanyura, haringazobudizve, nokuda kwezvakaipa zvandichauyisa pamusoro paro; vachaneta. Ndipo panoguma mashoko aJeremiya.