Myanmar

Shona

Job

1

1ယောဘအမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။
1Kwakanga kuno munhu panyika yeUzi, ainzi Jobho; munhu uyu aka­nga akakwana, akarurama, aitya Mwari achinzvenga zvakaipa
2သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။
2Iye wakabereke­rwa vanakomana vanomwe navakunda vatatu.
3သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
3Uye fuma yake yakasvika ma­kwai ane zviuru zvinomwe, nemakamera zviuru zvitatu, nemombe dzakaringana majoko ana mazana mashanu, namakadzi embongoro ana mazana mashanu, nava­nhu vazhinji paimba yake; naizvozvo munhu uyu akanga ari mukuru pakati pavana vamabvazuva.
4ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဘွားသောနေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။
4Vanakomana vake vaisienda ku­ndoita mutambo paimba yomumwe no­mumwe wavo pazuva rake; vaituma kundodana hanzvadzi dzavo nhatu kuzo­dya nokumwa navo.
5ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘသည် အစဉ်ပြုမြဲ ရှိ၏။
5Zvino kana ma­zuva okutamba kwavo apera Jobho ai­tuma nhume kuvadana vanatswe, zvino iye ndokumuka mangwanani, ndokupisa zvipiriso zvinopiswa zvaivaringanira vose; nekuti Jobho wakati, Zvimwe vanakomana vangu vakatadza, vaka­shora Mwari pamoyo yavo; Jobho aisidaro nguva dzose.
6ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။
6Zvino rimwe zuva vanakomana va­Mwari vakati vachindomira pamberi pa­Jehovha, Satani akasvikawo pakati pavo.
7ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
7Jehovha akati kuna Satani, Wabve­piko? Satani akapindura Jehovha, akati, Ndabva pakupota-pota nenyika, napaku­famba-famba pairi.
8ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကိုဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
8Jehovha akati kuna Satani, Wache­rekedza muranda wangu Jobho here? Nekuti hakuna munhu akafanana naye panyika, munhu akakwana, akarurama, anotya Mwari, achinzvenga zvakaipa.
9စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။
9Ipapo Satani akapindura Jehovha, akati, Jobho anotya Mwari pasina here?
10ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
10Hamuna kumupoteredza here noru­mhanda, iye neimba yake, nezvose zvaa­nazvo, pamativi ose? Makaropafadza ma­basa amaoko ake, uye fuma yake yakawanda panyika.
11ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
11Asi tambanudzai henyu ruoko rwenyu, zvino, murove zvose zvaanazvo, ipapo iye achakushorai pachena.
12ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
12Jehovha akati kuna Satani, Ta­rira, zvose zvaanazvo zviri paruoko rwako; asi usatambanudzira ruoko rwako kwaari. Naizvozvo Satani akabva pa­mberi paJehovha.
13တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင်စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
13Zvino rimwe zuva vanakomana vake navanasikana vake vakati vachidya nokumwa waini paimba yomukuru wavo,
14ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာမြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊
14nhume ikasvika kuna Jobho, ikati, Mombe dzakanga dzichirima, nembo­ngoro dzichichera kurutivi rwadzo,
15ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
15vaSabea vakadziwira, ndokudzitora, navafudziwo vakavauraya neminondo inopinza; ini ndoga ndakapukunyuka, ndauya kuzokuudzai.
16ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဃ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည်ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။
16Iye akati achitaura, mumwe aka­svikawo, akati, Moto waMwari waka­bva kudenga, ukapisa makwai navafudzi, ukavapedza; ini ndoga ndapukunyuka, ndauya kuzokuudzai.
17ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
17Iye akati achitaura, mumwe aka­svikawo, akati, VaKaradhea vakaita ma­poka matatu, vakawira makamera, vakamatora, navafudziwo vakavauraya neminondo inopinza; ini ndoga ndapuku­nyuka, ndauya kuzokuudzai.
18ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
18Iye akati achitaura, mumwe aka­svikawo, akati, Vanakomana venyu navanasikana venyu vakanga vachidya nokumwa waini mumba momukuru wavo,
19တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲပါ၏။ သူတို့သည်သေ၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
19dutu guru ndokubva kurutivi rwerenje, ndokurova pamusoro pavana, vakafa; ini ndoga ndapukunyuka, ndauya kuzokuudzai.
20ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
20Ipapo Jobho akasimuka, akabva­rura nguvo yake, akaveura vhudzi rake akazviwisira pasi, akanamata,
21အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
21akati, Ndakabuda mumimba mamai vangu ndiri musvi, ndichadzokerapo ndiri musvi; Jehovha wakapa, Jehovha waka­tora, zita raJehovha ngarikudzwe.
22ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။
22pazvinhu izvi zvose Jobho haana kutadza, haana kuti Mwari akaita noupenzi.