Myanmar

Shona

Jonah

1

1အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
1Zvino shoko raJehovha rakasvika kuna Jona mwanakomana waAmitai, richiti,
2သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏။
2Simuka, uende Ninivhe, riya guta guru, undoriparidzira, nekuti kuipa kwavo kwakwira pamberi pangu.
3သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ၏။
3Asi Jona akasimuka achida kutizira Tashishi abve pamberi paJehovha; akaburukira Jopa, akawana chikepe chakanga choenda Tashishi, akabudisa mari yacho yokufamba, ndokupinda mukati macho, kuti aende navo Tashishi abve pamberi paJehovha.
4ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက် လုသောလက္ခဏာရှိ၏။
4Asi Jehovha akatuma mhepo inopenga pagungwa, dutu guru rikamuka pagungwa, chikepe chikashumba kuputsika.
5ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော် လျက်နေ၏။
5Ipapo vafambisi vechikepe vakatya, mumwe nomumwe akadana kuna mwari wake, vakarashira mugungwa nhumbi dzakanga dziri muchikepe, kuti dzichirerusire. Asi Jona akanga aburukira mukatikati mechikepe, akavata pasi, nokubatwa nehope chaidzo.
6သင်္ဘောသူကြီးသည် လာ၍၊ အိုအိပ်ပျော်သော သူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်း လော့။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။
6Ipapo mwene wechikepe akauya kwaari, akati kwaari, Nhai, iwe muvati, wakaita seiko? Simuka, dana kuna Mwari wako, zvimwe Mwari angatirangarira, tikasaparara.
7နောက်တဖန် သူတို့က၊ လာကြ။ အဘယ်သူ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အ ကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံ ချလျှင် ယောန၌ စာရေးတံကျ၏။
7Zvino mumwe nomumwe wakati kushamwari yake, Uyai tikande mijenya, tizive kuti njodzi iyi yatiwira nokuda kwaani. Ipapo vakakanda mijenya, mujenya ukabata Jona.
8တဖန် သူတို့က၊ အဘယ်အပြစ်ကြောင့် ဤအမှု ရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှု ကား၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း ဟု မေးမြန်းကြသော်၊
8Zvino vakati kwaari, Chitiudza hako, kuti njodzi iyi yatiwira nokuda kwaani; basa rako ndereiko? Wabvepiko? Nyika yako ndeipi? Uri worudzi rupi?
9ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟု ဆိုလျှင်၊
9Iye akati kwavari, Ndiri muHebheru, ndinotya Mwari wokudenga, akaita gungwa nenyika yakaoma.
10ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောန သည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဘော် ပြသောကြောင့် သူတို့သိကြ၏။
10Ipapo varume vakatya kwazvo-kwazvo, vakati kwaari, Chinyiko ichi chawaita? nekuti varume vakanga vachiziva kuti anotiza pamberi paJehovha, nekuti akavaudza.
11ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထ သောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြသော်၊
11Zvino vakati kwaari, Tichakuiteiko, kuti gungwa ritinyararire? nekuti gungwa rakaramba richinyanya kupenga.
12ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြု လျှင်၊ လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာ သော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့ အပေါ်သို့ ရောက်သည်ကို ငါသိ၏ဟု ပြန်ပြောသော် လည်း၊
12Iye akati kwavari, Ndisimudzei, mundikandire mugungwa, ipapo gungwa richakunyararirai; nekuti ndinoziva kuti dutu iri guru rakakuwirai nokuda kwangu.
13သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင် သောအခါ၊
13Kunyange zvakadaro varume vakakwasva nesimba vachiidza kudzokera kunyika; asi vakakoniwa, nekuti gungwa rakaramba richinyanya kuvapengera.
14အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်း ပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည် အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ၊
14Naizvozvo vakadana kuna Jehovha, vakati, Tinokunyengeterai, imwi Jehovha, tinokunyengeterai, kuti tirege kuparara nokuda koupenyu hwomunhu uyu, murege kutisundira mhosva yeropa risina mhaka; nekuti imwi Jehovha makaita sezvamakada henyu.
15ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထို အခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။
15Ipapo vakasimudza Jona, vakamukandira mugungwa, gungwa rikanyarara pakupenga kwaro.
16သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိထားကြ ၏။
16Ipapo varume vakatya Jehovha kwazvo-kwazvo, vakabayira Jehovha chibayiro, nokumupikira mhiko.
17ယောနကို မျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲ မှာ သုံးရက်ပတ်လုံးနေရ၏။
17Jehovha akatuma hove huru kundomedza Jona, Jona akava mudumbu rehove mazuva matatu novusiku vutatu.