1ထိုသိတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ထံသို့၎င်း၊
1Zvino Jabhini, mambo weHazori wakati achizvinzwa, akatuma nhume kuna Jobhabhu, mambo weMadhoni, nokuna mambo weShimuroni, nokuna mambo weAkishafi,
2တောင်ရိုး မြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက် နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့၎င်း၊
2nokuna madzimambo akanga ari kurutivi rwokumusoro, panyika yezvikomo, nomumupata kurutivi rwenyasi rweKineroti, nomumapani, nokuzvikomo zvapaDhori, kurutivi rwamavirazuva,
3အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင် ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗု သိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့၎င်း စေလွှတ်၍၊
3nokuvaKanani kurutivi rwamabvazuva nokumavirira, navaAmori, navaHeti, navaPerezi, navaJebhusi, panyika yamakomo, navaHivhi vakanga vagere mujinga meHorimoni, panyika yeMizipa.
4ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ၏။
4Vakabuda, ivo nehondo dzavo dzose dzavakanga vanadzo, vari vazhinji, sejecha riri pamahombekombe egungwa nokuwanda, namabhiza nengoro zhinji-zhinji.
5ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ၏။
5Madzimambo awa ose akaungana, vakauya pamwechete kuvaka misasa yavo pamvura yeMeromi, kuzorwa navaIsiraeri.
6ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့ မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။
6Zvino Jehovha akati kuna Joshua, Usavatya, nekuti mangwana nenguva ino ndichavaisa vose mumaoko ako, vaurawe pamberi pavaIsiraeri; unofanira kugura marunda amakumbo amabhiza avo, nokupisa ngoro dzavo nomoto.
7ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။
7Zvino Joshua akauya pakarepo, iye navanhu vose vehondo vaakanga anavo, kuti arwe navo pamvura yeMeromi, akavavamba.
8ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။
8Jehovha akavaisa mumaoko avaIsiraeri, vakavaparadza nokuvadzinga kusvikira paguta guru Zidhoni, nokusvikira Misirefoti-maimi, nokusvikira kumupata weMizipe kumabvazuva; vakavauraya kusvikira vasina kusiya kunyange nomumwe chete.
9ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ ခြေကြောကို ဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။
9Joshua akavaitira sezvaakanga arairwa naJehovha; akagura marunda amakumbo amabhiza avo, nokupisa ngoro dzavo nomoto.
10ထိုအခါ ယောရှုသည် ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း။
10Nenguva iyo Joshua akadzoka, akakunda Hazori, akauraya mambo waro nomunondo; nekuti pakutanga Hazori waiva muzinda woushe ihwo hwose.
11ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်း မီးရှို့လေ၏။
11Vakauraya vanhu vose vakanga varimo neminondo inopinza, vakavaparadza chose; hakuna chinhu chimwe chinofema chakasara; vakapisa Hazori nomoto.
12ထာဝရဘုရား၏ကျွန် မောရှေမှာထားသည် အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
12Joshua akakundawo maguta ose amadzimambo iwayo, namadzimambo awo ose, akavauraya neminondo inopinza, akavaparadza chose; sezvakanga zvarairwa naMozisi muranda waJehovha.
13သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း။
13Asi maguta akanga ari pazvikomo zvavo, vaIsiraeri havana kuapisa kunyange nerimwe chete, asi Hazori chete; Joshua wakapisa irero.
14ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
14Vana vaIsiraeri vakatapa zvose zvavakapamba zvamaguta iwayo, nemombe; asi vakauraya varume vose neminondo inopinza, kusvikira vavaparadza; havana kusiya kunyange nechinhu chimwe chete chinofema.
15ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ်၍မထား။
15Sezvakanga zvarairwa Mozisi muranda wake naJehovha, ndizvo Mozisi zvaakaraira Joshua; Joshua akaita saizvozvo, haana kusiya chinhu chimwe chete pazvose zvakanga zvarairwa Mozisi naJehovha.
16ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ၍ ဟေရမုန်တောင်ခြေရင်း၊
16Saizvozvo Joshua akakunda nyika iyo yose, iyo nyika yamakomo, nenyika yose yezasi, nenyika yose yeGosheni, nebani, noMupata, nenyika yamakomo yaIsiraeri, nebani rayo;
17လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။
17kubva pagomo reHaraki, rinokwira Seiri, kusvikira paBhaari-gadhi pamupata weRebhanoni, mujinga megomo reHerimoni; akakunda madzimambo aro ose, akavaparadza nokuvauraya.
18ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ် တိုက်ရ၏။
18Joshua akarwa namadzimambo iwayo ose mazuva mazhinji.
19ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ ၏။
19Hakuna guta rakayanana navaIsiraeri, asi vaHivhi vakanga vagere Gibhiyoni; vakakunda zvose pakurwa.
20အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း။
20Nekuti Jehovha ndiye wakaomesa moyo yavo, kuti varwe navaIsiraeri, kuti avaparadze chose, varege kunzwirwa tsitsi; asi avaparadze, sezvakanga zvarairwa Mozisi naJehovha.
21ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာ နပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။
21Nenguva iyo Joshua akaenda akaparadza vaAnaki panyika yamakomo, paHebhuroni, napaDhebhiri, napaAnabhi, napanyika yose yamakomo yaJudha, napanyika yose yamakomo yalsiraeri; Joshua akavaparadza chose pamwechete namaguta avo.
22ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။
22Hakuna kuvaAnaki wakasara panyika yavana vaIsiraeri; asi paGaza, napaGadhi, napaAshidhodhi ndipo pakasara vamwe.
23ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။
23Joshua akakunda saizvozvo nyika yose sezvose zvakaudzwa Mozisi naJehovha; Joshua akaipa vana vaIsiraeri, kuti ive nhaka yavo, sezvavakanga vakamurwa namarudzi avo. Nyika ikazorora pakurwa.