Myanmar

Shona

Joshua

13

1ယောရှုသည် အို၍ အသက်ကြီးရင့်သောအခါ၊ ထာဝရဘုရားက၊ သင်သည် အို၍ အသက်ကြီးရင့်ပြီ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး၏။
1Zvino Joshua wakange akwegura, ava namakore mazhinji; Jehovha akati kwaari, Wakwegura, wava namakore mazhinji, dzichiriko nyika zhinji dzinofanira kuva dzenyu.
2ကျန်သောမြေဟူမူကား၊ ဖိလိတ္တိပြည်မှစ၍ ဂေရှုရိပြည်တရှောက်လုံး၊
2Nyika yasara ndiyo: Nyika dzose dzavaFirisitia, navaGeshuri vose;
3အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသော ပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇော တိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊
3kubva paShihori kurutivi rweEgipita, kusvikira kumuganhu weEkironi kumusoro, wainzi ndowavaKanani; madzishe mashanu avaFirisitia, vaiti: WeGaza, noweAshidhodhi, noweAshikeroni, noweGiti, noweEkironi, navaAvhimi,
4တောင်မျက်နှာမှစ၍ အာမောရိပြည် အာဖက် မြို့တိုင်အောင်၊ ခါနနိပြည်တရှောက်လုံးနှင့် ဇိဒုန်ပြည် အနားမှာရှိသော မာရာပြည်၊
4kurutivi rweZasi, nyika yose yavaKanani, neMeara, waiva wavaZidhoni, kusvikira paAfeki, kusvikira kumuganhu wavaAmori;
5နေထွက်ရာဘက်၊ ဟေရမုန်တောင်ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း။
5nenyika yavaGebhari, neRebhanoni rose kumabvazuva, kubva paBhaari-gadhi panjinga pegomo reHemoni, kusvikira pavanopinda paHamati;
6လေဗနုန်တောင်မှစ၍ မိသရဖေါသမိမ်မြို့တိုင် အောင်၊ တောင်ပေါ်၌နေသောသူနှင့် ဇိဒေါနိလူအပေါင်း တို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့။
6vanhu vose vagere panyika yamakomo, kubva paRebhanoni kusvikira paMisirefotimaimi, navaZidhoni vose, ivavo ndichavadzinga pamberi pavana vaIsiraeri; asi iwe unofanira kuipa vana vaIsiraeri, ive nhaka yavo, sezvandakakuraira.
7ယခုမှာ ဤပြည်ကို ဣသရေလအမျိုးကိုးမျိုးနှင့် မနာရှေအမျိုးတဝက်တို့အား အမွေဝေဖန်လော့။
7Zvino unofanira kugovera nyika iyi pakati pamarudzi mapfumbamwe nehafu yorudzi rwaManase, ive nhaka yavo.
8ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ၏။
8VaRubheni navaGadhi vakapiwa nhaka yavo pamwechete naye, iyo yavakanga vapiwa naMozisi mhiri kwaJoridhani kumabvazuva, sezvavakapiwa naMozisi, muranda waJehovha;
9ထာဝရဘုရား၏ကျွန်မောရှေပေးသော မြေဟူမူ ကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး၊
9kubva paAroeri, parutivi rwomupata weArinoni, neguta raiva pakati pomupata, nebani rose reMedhebha kusvikira paDhibhoni;
10အမ္မုန်ပြည်စွန်းတိုင်အောင်၊ ဟေရှဘုန်မြို့၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ ရှိသမျှ၊
10namaguta ose aSihoni, mambo wavaAmori, wakange achibata ushe paHeshibhoni, kusvikira kumuganhu wavana vaAmoni;
11ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊
11neGiriyadhi, nenyika yavaGeshuri navaMaakati, negomo rose reHemoni, neBhashani rose kusvikira paSareka,
12အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ မင်းပြုသော ဗာရှန် ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံးပါသတည်း။ ထိုမင်း တို့ကို မောရှေသည် လုပ်ကြံ၍ ပယ်ရှားလေ၏။
12noushe hwose hwaOgi paBhashani, wakange achibata ushe paAshitaroti neEdhirei (ndiye wakange asara pavaRefaimu); nekuti ndivo vakanga vakundwa naMozisi vakadzingwa naye.
13သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။
13Kunyange zvakadaro vana vaIsiraeri havana kudzinga vaGeshuri kana vaMaakati, asi vaGeshuri navaMaakati vagere pakati pavaIsiraeri kusvikira nhasi.
14လေဝိအမျိုးသား အမွေကိုမပေး။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော် သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။
14Asi rudzi rwavaRevhichetehaana kurupa nhaka; zvipiriso zvaJehovha, Mwari waIsiraeri, zvaipiswa, ndizvo zvaiva nhaka yavo, sezvaakataura naye.
15မောရှေသည်၊ ရုဗင်အမျိုးသား အဆွေအမျိုး အသီးသီးတို့အား အမွေပေးသောပြည်များ ဟူမူကား၊
15Joshua akapa rudzi rwavana vaRubheni mugove wavo nedzimba dzavo.
16အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အ ကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင် တရှောက်လုံး၊
16Nyika yavo yakabva paAroeri, parutivi rwomupata weArinoni, neguta raiva pakati pomupata, nebani rose paMedhebha;
17ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသော မြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊
17Heshibhoni namaguta aro ose ari pabani; Dhibhoni, neBhamoti-bhaari, neBheti-bhaari-meoni;
18ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊
18neJahazi, neKedhemoti, neMefahati;
19ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင်တောင်ပေါ် မှာရှိသော ဇာရက်ရှာဟာမြို့၊
19neKiriataimi, neSibhima, neZereti-shahari mugomo romupata;
20ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိ မုတ်မြို့၊
20neBheti-peori, nemitenusirwa yePisiga, neBheti-jeshimoti,
21လွင်ပြင်၌ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန် မြို့၌မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံ တရှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကို၎င်း၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည်၌နေသော မိဒျန်မင်းကြီး ငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကို၎င်း၊ မောရှေ သည် လုပ်ကြံလေ၏။
21namaguta ose ebani, noushe hwose hwaSihoni, mambo wavaAmori, wakange achibata ushe paHeshibhoni, wakange akundwa naMozisi pamwechete navakuru veMidhiani, neEvhi, neRekemi, neZuri, neHuri, neRebha, namachinda aSihoni, akanga agere munyika iyo.
22ပရောဖက်လုပ်သော ဗောရသား ဗာလမ်ကို လည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့ သည် ထားနှင့်ကွပ်မျက်ကြ၏။
22Bharamu, mwanakomana waBheori, muvuki, naiyewo wakaurawa nomunondo navana vaIsiraeri pakati pavamwe vakaurawa navo.
23ရုဗင်အမျိုးသား နေရာအပိုင်းအခြားကား၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာ များပေတည်း။
23Muganhu wavana vaRubheni rwakanga ruri Joridhani nenyika yarwo. Ndiyo yaiva nhaka yavana vaRubheni nemhuri dzavo, iwo maguta nemisha yawo.
24မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီး အသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊
24Mozisi akapa rudzi rwavaGadhi, ivo vana vaGadhi, mugove wavo nemhuri dzavo.
25ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက်၊
25Nyika yavo raiva Jazeri, namaguta ose eGiriyadhi, nehafu yenyika yavana vaAmoni, kusvikira paAroeri, pamberi peRabha;
26ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတော နိမ်မြို့တိုင်အောင်၎င်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ် တိုင်အောင်၎င်း ပါသောပြည်၊
26nokubva paHeshibhoni, kusvikira paRamati-mizipe, neBhetonimu; nokubva paMahanaimu, kusvikira pamuganhu weDhebhiri;
27ချိုင့်၌လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ် မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော် ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင်နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ပိုင်သော နိုင်ငံကျန်ကြွင်းသမျှ ကို ပေးသတည်း။
27nomumupata Bheti-harami, neBhetinemura, neSukoti, neZafoni, nohumwe ushe hwakanga hwasara hwaSihoni, mambo weHeshibhoni, neJoridhani nenyika yarwo, kusvikira pamagumisiro egungwa reKineroti, mhiri kwaJoridhani, kumabvazuva.
28ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအ လိုက် အမွေခံရသော မြို့ရွာများပေတည်း။
28Ndiyo nhaka yavana vaGadhi nemhuri dzavo iwo maguta nemisha yawo.
29မောရှေသည် မနာရှေအမျိုးတဝက်အား အမွေ ပေး၍၊ မနာရှေအမျိုးသားတဝက်သည် အဆွေအမျိုး အလိုက် အမွေခံရသော ပြည်များဟူမူကား၊
29Mozisi akapa hafu yorudzi rwaManase nhaka yavo; ndiyo yaiva nhaka yehafu yorudzi rwavana vaManase nemhuri dzavo.
30မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံး၊ ဗာရှန်ပြည်၌ ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။
30Nyika yavo yakabva paMahanaimu, neBhashani rose, noushe hwaOgi, mambo weBhashani, nemisha yose yeJairi, yaiva paBhashani, maguta makumi matanhatu;
31ဂိလဒ်ပြည်တဝက်၊ ဗာရှန်ပြည်၌ ဩဃ၏ နိုင်ငံ အဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏ သားမြေးတဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ ၏။
31nehafu yeGiriyadhi, neAshitaroti, neEdhirei, maguta oushe hwaOgi paBhashani, ndiyo yaiva yavana vaMakiri, mwanakomana waManase, yehafu yavana vaMakiri nemhuri dzavo.
32ဤရွေ့ကား၊ မောရှေသည် ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ မောဘလွင်ပြင်၌ အမွေဝေဖန် သော ပြည်များပေတည်း။
32Ndidzo nhaka dzakagoverwa naMozisi pamapani aMoabhu, mhiri kwaJoridhani paJeriko kumabvazuva.
33လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော် ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။
33Asi rudzi rwavaRevhi haruna kupiwa nhaka naMozisi; Jehovha Mwari waIsiraeri, iye amene, ndiyo nhaka yavo, sezvavakaudzwa naye.