Myanmar

Shona

Joshua

24

1တဖန် ယောရှုသည် ဣသရေလအမျိုးအပေါင်း တို့ကို ရှေခင်မြို့၌ စည်းဝေးစေ၍၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူတို့ကို ခေါ်သဖြင့်၊ သူတို့သည် ဘုရားသခင်ရှေ့တော်သို့ ချဉ်းကပ်ကြ၏။
1Zvino Joshua akaunganidza marudzi ose avaIsiraeri paShekemu, akadana vakuru vaIsiraeri, navatungamiriri vavo, navatongi vavo, navatariri vavo; vakazviisa pamberi paMwari.
2ထိုအခါ ယောရှုသည် လူအပေါင်းတို့အား ဟော ပြောလေသည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာဗြဟံနှင့် နာခေါ် တို့၏ အဘတေရမှစ၍ သင်တို့ဘိုးဘေးတို့သည် ရှေးကာ လ၌ မြစ်ကြီးတဘက်မှာနေ၍ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကြ၏။
2Joshua akati kuvanhu vose, Zvanzi naJehovha Mwari waIsiraeri, Madzibaba enyu aigara kare mhiri koRwizi, iye Tera, baba vaAbhurahamu, naNahori, achishumira vamwe vamwari.
3သင်တို့အဘ အာဗြဟံကို မြစ်ကြီးတဘက်မှ ငါခေါ်ပြီးလျှင်၊ ခါနာန်ပြည်အရပ်ရပ်သို့ ပို့ဆောင်၍ သူ၏ အမျိုးအနွယ်ကို များပြားစေလျက်၊ ဣဇာက်ကို ပေး၏။
3lni ndikatora baba venyu Abhurahamu mhiri koRwizi, ndikamufambisa panyika yose yeKanani, ndikawanza vana vake, ndikamupa Isaka.
4ဣဇာက်အားလည်း၊ ယာကုပ်နှင့် ဧသောကို ငါပေး၍၊ ဧသောအားလည်း စိရတောင်ကို အပိုင်ပေး၏။ ယာကုပ်နှင့် သူ၏သားတို့သည် အဲဂုတ္တုပြည်သို့ သွားကြ၏။
4Ndikapa Isaka Jakove naEsau; ndikapa Esau gomo reSeiri, rive rake; Jakove navana vake vakaburukira Egipita.
5မောရှေနှင့်အာရုန်ကို ငါစေလွှတ်၍ အဲဂုတ္တုလူ တို့၌ ပြုသည်အတိုင်း၊ အဲဂုတ္တုပြည်ကို ဆုံးမသောနောက်၊ သင်တို့ကို နှုတ်ဆောင်လေ၏။
5Ndikatuma Mozisi naAroni, ndikatambudza Egipita, nezvandakaita pakati payo; pashure ndikakubudisai.
6ထိုသို့ သင်တို့အဘများကို အဲဂုတ္တုပြည်မှ ငါနှုတ် ဆောင်သဖြင့်၊ သူတို့သည် ဧဒုံပင်လယ်သို့ ရောက်၍၊ အဲဂုတ္တုလူတို့သည် ရထားနှင့် မြင်းစီးသူရဲပါလျက် ထိုပင် လယ်တိုင်အောင် လိုက်ကြ၏။
6Ndikabudisa madzibaba enyu paEgipita, mukasvika pagungwa; vaEgipita vakatevera madzibaba enyu vane ngoro uye navanhu vakatasva mabhiza kusvikira paGungwa Dzvuku.
7ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့ နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကို ငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြု သောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌ လည်း ကာလကြာမြင့်စွာနေရကြ၏။
7Zvino nguva yavakachema kuna Jehovha, akaisa rima pakati penyu navaEgipita, akauyisa gungwa pamusoro pavo, akavafukidza; meso enyu akaona zvandakaita
8နောက်တဖန် ယော်ဒန်မြစ်အရှေ့ဘက်၌နေ သော အာမောရိလူတို့ပြည်သို့ သင်တို့ကို ငါပို့ဆောင်၍၊ သူတို့သည် စစ်တိုက်သောအခါ သူတို့ကို သင်တို့လက်၌ ငါအပ်၍ သူတို့မြေကို သင်တို့သည် သိမ်းယူကြ၏။ သူတို့ ကို သင်တို့ရှေ့မှ ငါသုတ်သင်ပယ်ရှင်းလေ၏။
8Ndikakusvitsai kunyika yavaAmori, vakanga vagere mhiri kwaJoridhani; ivo vakarwa nemwi ndikavaisa mumaoko enyu, nyika yavo ikava yenyu, ndikavaparadza pamberi penyu.
9မောဘရှင်ဘုရင် ဇိဖေါ်၏သား ဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှါ၊ ဗောရ၏သား ဗာလမ်ကို ခေါ်သော အခါ၊
9Zvino Bharaki mwanakomana waZipori, mambo waMoabhu, akasimuka, akarwa naIsiraeri, akatuma nhume kundodana Bharamu, mwanakomana waBheori, kuti amutuke.
10ဗာလမ်၏စကားကို ငါနားမထောင်သောကြောင့်၊ သူသည် အထပ်ထပ်ကောင်းကြီးပေး၍ သူ့လက်မှ သင်တို့ ကို ငါကယ်လွှတ်လေ၏။
10Asi ini ndakaramba kunzwa Bharamu, naizvozvo wakaramba achingokuropafadzai; naizvozvo ndakakurwirai paruoko rwake.
11တဖန် သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍ ယေရိခေါမြို့သို့ ရောက်ကြသောအခါ၊ ယေရိခေါလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ခါနနိလူ၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့သည် သင်တို့ကို စစ်တိုက်၍ သူတို့ ကို သင်တို့လက်၌ ငါအပ်လေ၏။
11Zvino makayambuka Joridhani, mukasvika paJeriko; varume veJeriko vakarwa nemi, vaiti: VaAmori, navaPerezi, navaKanani, navaHeti, navaGirigashi, navaHivhi, navaJebhusi; ndikavaisa mumaoko enyu.
12သင်တို့၌ ထားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင် တို့ရှေ့မှ ငါနှင်ထုတ်လေ၏။
12Ndikatuma pamberi penyu mago, akavadzinga pamberi penyu, iwo madzimambo maviri avaAmori; havana kudzingwa neminondo yenyu kana nouta bwenyu.
13သင်တို့မလုပ်သောမြေ၊ မတည်သောမြို့တို့ကို ငါပေး၍ သင်တို့သည် နေရကြ၏။ ကိုယ်တိုင်မစိုက်သော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို စားရကြသည်ဟု ထာဝရဘုရား အမိန့်တော်ရှိ၏။
13Ndikakupai nyika yamusina kurima, namaguta amusina kuvaka, mamugere zvino; munodya minda yemizambiringa neyemiorivhi yamusina kusima.
14ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူ ခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီး တဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ဝတ်ပြု သော ဘုရားများကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြု ကြလော့။
14Naizvozvo ityai Jehovha, zvino, mumushumirei nomoyo wose nechokwadi, rashai vamwari vaishumirwa namadzibaba enyu mhiri koRwizi napaEgipita, imwi mushumire Jehovha.
15သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊
15Kana muchiti zvakaipa kushumira Jehovha, zvitsaurirei nhasi wamunoda kushumira, kana vamwari vaishumirwa namadzibaba enyu mhiri koRwizi, kana vamwari vavaAmori vamugere munyika yavo; asi kana ndirini naveimba yangu tichashumira Jehovha.
16လူများတို့က အခြားတပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှါ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။
16Ipapo vanhu vakapindura vakati, Mwari atibatsire, kuti tirege kurasha Jehovha tichishumira vamwe vamwari.
17ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှ အဘတို့နှင့် ငါတို့ကို နှုတ်ဆောင်၍၊ ကြီးစွာသော နိမိတ်လက္ခဏာတို့ကို ငါတို့မျက်မှောက်၌ ပြတော်မူပြီ။ ငါတို့သွားလေရာရာအရပ်၊ ရှောက်လေရာ ရာလူမျိုးတို့တွင် စောင့်တော်မူပြီ။
17nekuti Jehovha Mwari wedu, ndiye wakatibudisa panyika yeEgipita, isu namadzibaba edu, paimba youranda; ndiye wakaita zviratidzo zvikuru tichizviona, akatichengeta panzira yose yatakafamba nayo, napakati pendudzi dzose dzatakapfuura nokwadziri.
18ထာဝရဘုရားသည်လည်း၊ ဤပြည်၌ နေသော သူ အာမောရိလူအပေါင်းတို့ကို ငါတို့ရှေ့မှ နှင်ထုတ်တော် မူပြီ။ ထာဝရဘုရားအား ဝတ်ပြုပါမည်။ ထိုဘုရားသည် ငါတို့ဘုရားသခင် ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
18Jehovha ndiye wakadzinga ndudzi dzose pamberi pedu, ivo vaAmori vakanga vagere munyika ino; naizvozvo nesuwo tichashumira Jehovha, nekuti ndiye Mwari wedu.
19ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရား အား ဝတ်မပြုနိုင်။ ထိုဘုရားသည် သန့်ရှင်းသောဘုရား၊ အပြစ်ရှိသည်ဟု ထင်လွယ်သောဘုရား ဖြစ်တော်မူ၏။ သင်တို့လွန်ကျူးပြစ်မှားသော အပြစ်တို့ကို သည်းခံတော် မမူ။
19Zvino Joshua akati kuvanhu, Hamungagoni kushumira Jehovha, nekuti ndiMwari mutsvene, ndiMwari une godo, haangakukangamwiriyi kudarika kwenyu nezvivi zvenyu.
20သင်တို့သည် ထာဝရဘုရားကို စွန့်၍ တကျွန်း တနိုင်ငံ ဘုရားတို့ကို ဝတ်ပြုလျှင်၊ သင်တို့၌ ကျေးဇူးပြုတော် မူပြီးမှ တဖန်လှည့်၍ ညှဉ်းဆဲဖျက်ဆီးတော်မူမည်ဟု ဆို လျှင်၊
20Kana mukarasha Jehovha, mukashumira vamwari vavatorwa, iye uchakushandukirai nokukuitirai zvakaipa, nokukuparadzai, ambokuitirai zvakanaka.
21လူများတို့က၊ မဟုတ်ပါ။ ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်ဟု ပြန်လျှောက်ကြ၏။
21Ipapo vanhu vakati kuna Joshua, Kwete, asi tichashumira Jehovha.
22ယောရှုကလည်း၊ သင်တို့သည် ထာဝရဘုရားကို ဝတ်ပြုခြင်းငှါ ထိုဘုရားကို ရွေးကြပြီဟု ကိုယ်အမှု၌ ကိုယ်သက်သေခံကြသည်ဟုဆိုလျှင် သူတို့က၊ သက်သေခံ ကြပါ၏ဟု လျှောက်ကြသော်၊
22Joshua akati kuvanhu, Munozvipupurira kuti makatsaura Jehovha kuti mumushumirei. Ivo vakati, Tiri zvapupu hedu.
23ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တကျွန်းတနိုင်ငံဘုရားတို့ကို ပယ်၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကို ညွှတ်ကြ လော့ဟု ဆိုလေ၏။
23Naizvozvo zvino rashai vamwari vavatorwa vari pakati penyu murerekere moyo yenyu kuna Jehovha Mwari waIsiraeri.
24လူများတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားကို ဝတ်ပြုပါမည်။ စကားတော်ကို နားထောင်ပါ မည်ဟု ဝန်ခံပြီးမှ၊
24Vanhu vakati kuna Joshua, Jehovha Mwari wedu ndiye watichashumira, tichateerera inzwi rake.
25ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု ၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။
25Naizvozvo Joshua akaita sungano navanhu musi iwoyo, akavasimbisira mutemo nomurayiro.
26ထိုစကားကိုလည်း ဘုရားသခင်၏ ဓမ္မကျမ်းစာ ၌ ရေးထား၍၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော် နားမှာရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကို ထောင်လျက်၊
26Joshua akanyora mashoko iwayo mubhuku yomurayiro waMwari, akatora ibwe guru, akarimisa pasi pomuouki, wakange uri paimba tsvene yaJehovha.
27ဤကျောက်သည် ငါတို့အား သက်သေဖြစ်ရ လိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံ ကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အား ပြောဆို ပြီးမှ၊
27Joshua akati kuvanhu vose, Tarirai, ibwe iri richakupupurirai, nekuti rakanzwa mashoko ose atakataura naJehovha; naizvozvo richakupupurirai, kuti murege kuzoramba Mwari wenyu.
28အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွား ရသောအခွင့်ကို ပေးလေ၏။
28Naizvozvo Joshua akaendisa vanhu, mumwe nomumwe akaenda kunhaka yake.
29ထိုနောက်မှ ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စ ရောက်လေ၏။
29Zvino shure kwaizvozvo Joshua mwanakomana waNuni, muranda waJehovha, wakafa, ava namakore ane zana negumi.
30ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။
30Vakamuviga panyika yenhaka yake paTimunati-sera, panyika yamakomo yaEfuremu, nechokumusoro kwegomo reGaashi.
31ယောရှုလက်ထက်ကာလပတ်လုံး ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူ သမျှတို့ကို သိ၍ ယောရှုမရှိသည်နောက် အသက်ရှင်သေး သော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရား ကို ဝတ်ပြုကြ၏။
31VaIsiraeri vakashumira Jehovha mazuva ose aJoshua, namazuva ose avakuru vakanga vachiri vapenyu Joshua atofa, ivo vakanga vakaziva mabasa ose akanga aitirwa vaIsiraeri naJehovha.
32ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော ယောသပ်၏အရိုးတို့ကို၊ ရှေခင်၏အဘ ဟာမော်၏သားတို့တွင် ငွေတပိဿာနှင့် ယာကုပ်ဝယ် သော ရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေ အကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း။
32Mafupa aJosefa, akanga auya navana vaIsiraeri pakubuda kwavo Egipita, vakaaviga paShekemu, panzvimbo yenyika yakanga yatengwa naJakove kuvana vaHamori, baba vaShekemu, nezana remari; ikazova nhaka yavana vaJosefa.
33အာရုန်သား ယဇ်ပုရောဟိတ် ဧလာဇာသည် လည်း အနိစ္စရောက်လေ၏။ သူ၏သား ဖိနဟတ်အား လူများပေးခဲ့သော ဧဖရိမ်တောင်ပေါ်၊ ဖိနဟတ်ကုန်း၌ သင်္ဂြိုဟ်ကြ၏။
33Zvino Ereazari, mwanakomana waAroni, akafa, vakamuviga muchikomo chomwanakomana wake Pinehasi, chaakanga apiwa munyika yamakomo yaEfuremu.