Myanmar

Shona

Leviticus

22

1တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
1Zvino Jehovha wakataura naMozisi akati,
2အာရုန်နှင့်သူ၏သားတို့သည် ငါ့အဘို့ သန့်ရှင်းစေသောအရာအားဖြင့်၊ သန့်ရှင်းသော ငါ၏ နာမတော်ကို မရှုတ်မချဘဲ၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသော အရာများနှင့် ကိုယ်ကိုကိုယ် ကွာစေရမည် အကြောင်း ဆင့်ဆိုလော့။ ငါသည် ထာဝရဘုရားဖြစ်၏။
2Taura naAroni navanakomana vake, kuti vazvitsaure pazvinhu zvitsvene zvavana vaIsiraeri, zvavanonditsaurira, kuti varege kushatisa zita rangu dzvene; ndini Jehovha.
3ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
3Uti kwavari, Ani naani kuvana venyu kumarudzi enyu ose, unoswedera kuzvinhu zvitsvene, zvakatsaurirwa Jehovha navana vaIsiraeri, asina kunaka, munhu uyo anofanira kubviswa pamberi pangu; ndini Jehovha.
4နူနာ၊ ရိနာစွဲသော အာရုန်၏ အမျိုးသား မည်သည်ကား၊ မစင်ကြယ်မှီတိုင်အောင် သန့်ရှင်းသော အရာကို မစားရ။ အသေကောင်နှင့်ဆိုင်၍ မသန့်ရှင်းသောအရာကို ထိသောသူ၊ သုတ်ရည်ထွက်သောသူ၊-
4Ani naani kuvana vaAroni ane maperembudzi kana ane zvinoyerera ngaarege kudya zvinhu zvitsvene kusvikira anaka. Ani naani unobata chinhu chakasvibiswa nowakafa kana munhu unobudirwa nembeu yake;
5ညစ်ညူးစေ၍ တွားတတ်သော တိရစ္ဆာန်ကိုထိသောသူ၊ ညစ်ညူးခြင်းတစုံတခုစွဲ၍ ညစ်ညူးသောသူ၊ ထိုသို့သောသူကို ထိသမျှသော သူတို့သည်၊-
5kana ani naani unobata chinhu chipi nechipi chinokambaira chingamusvibisa, kana munhu waangasvibiswa naye, uno kusanaka kupi nokupi.
6ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ကိုယ်ကို ရေမချိုးဘဲနေလျှင်၊ သန့်ရှင်းသောအရာကို မစားရ။
6Munhu unobata chinhu chipi nechipi chakadai, uchava usina kunaka kusvikira madeko; haafaniri kudya zvinhu zvitsvene asati ashambidza muviri wake nemvura.
7နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့ စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှ စားရကြမည်။
7Kana zuva ravira uchava wakanaka; pashure ungadya hake zvinhu zvitsvene; nekuti ndizvo zvokudya zvake.
8အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည် ထာဝရဘုရားဖြစ်၏။
8Ngaarege kudya chinhu chakafa choga, kana chakaurawa nezvikara, kuti azvisvibise nazvo; ndini Jehovha.
9ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကို ဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကို စောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ၏။
9Naizvozvo vanofanira kuchengeta zvandakaraira, kuti varege kuva nezvivi nokuda kwazvo, vafe nazvo, kana vazvishatisa; ndini Jehovha, ndinovatsaura.
10တပါးအမျိုးသားသည် သန့်ရှင်းသောအရာကို မစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည် မစားရ။ သူငှါးလည်း မစားရ။
10Mweni ngaarege kudya chinhu chitsvene; mutorwa ugere nomupristi, kana muranda, ngavarege kudya chinhu chitsvene.
11ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကို စားရမည်။
11Asi kana mupristi akatenga munhu nomutengo wemari yake, iye ungazvidya; uye vose vanoberekerwa mumba make, vangadya zvokudya zvake.
12ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား၏ မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကို မစားရ။
12Kana mwanasikana womupristi akawanikwa nomweni, ngaarege kudya chipiriso chinotsaurwa chezvinhu zvitsvene.
13သို့ရာတွင် လင်သေသော်၎င်း၊ လင်နှင့်ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ် အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသားမစားရ။
13Asi kana mwanasikana womupristi iri chirikadzi, kana warambwa nomurume, asina vana, akadzokera kumba kwababa vake, sapausikana hwake, iye ungadya zvokudya zvababa vake; asi mweni ngaarege kuzvidya.
14လူသည် သန့်ရှင်းသောအရာကို မသိဘဲ စားမိလျှင်၊ စားမိသောအရာ၏ အဘိုးနှင့်တကွ ငါးစုတစု ကိုထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။
14Kana munhu akadya chinhu chitsvene asingazivi, uchafanira kuwedzera cheshanu chacho kwachiri, kuti adzosere kumupristi chinhu chitsvene.
15ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။
15Ngavarege kushatisa zvinhu zvitsvene zvavana vaIsiraeri zvavanopa Jehovha;
16ထိုအရာတို့ကို စားမိ၍ ပြစ်မှားသောအပြစ်ကို မခံစေရ။ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေ သည်ဟု မိန့်တော်မူ၏။
16kuti varege kuva nemhosva yezvivi, kana vachidya zvinhu zvavo zvitsvene; nekuti ndini Jehovha ndinovatsaura.
17တဖန်မောရှေအား ထာဝရဘုရားက သင်သည် အာရုန်နှင့် သူ၏သား ဣသရေလအမျိုးသား အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊-
17Zvino Jehovha wakataura naMozisi akati,
18ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိ ရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်လိုလျှင်၊-
18Taura naAroni, navanakomana vake, navana vaIsiraeri vose, uti kwavari, Ani naani weimba yaIsiraeri, kana wavatorwa pakati pavaIsiraeri, unouya nechipo chake, kana chiri chemhiko, kana iri nhendo ipi neipi yokuda kwavo, chavanouya nacho kuna Jehovha, kuti chipiswe;
19စိတ်တော်နှင့်တွေ့ခြင်းငှါ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။
19munofanira kuuya nomukono usina kuremara kana wemombe, kana gondobwe ramakwai, kana nhongo yembudzi, kuti mugamuchirwe.
20အပြစ်ပါသော အကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
20Asi musauya nechinhu chakaremara, nekuti hamungagamuchirwi nokuda kwacho.
21သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအား ယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှါ စုံလင်ရမည်။ အပြစ်တစုံတခုမျှ မရှိရ။
21Ani naani unouya nechibayiro chezvipiriso zvokuyananisa kuna Jehovha, chokupika nacho, kana kuti ive nhendo yokuda kwake, kana chiri chemombe kana chamakwai, chinofanira kuva chakakwana., kuti chigamuchigwe; ngachirege kuva chakaremara.
22မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာ ထာဝရ ဘုရားအား မီးဖြင့် ပူဇော်သက္ကာမပြုရ။
22Kana chiri chinhu chakaita bofu, kana chakavhunika, kana chakakuvara, kana chinamaronda, kana chine chikwekwe, kana china pakafunuka, murege kupa Jehovha izvozvo, musapisira Jehovha izvozvo paaritari.
23သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်း အပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။
23Kana iri nzombe duku kana gwayana zvine mitezo yakarebesa kana yakapfupika, mungauya nazvo kuti muite nhendo yokuda kwenyu, asi hazvingagamuchirwi pakuripira mhiko.
24ကြိတ်နယ် စုတ်ပြတ်ရာ အနာရှိသော အထီးကို ထာဝရဘုရားအား မပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။
24Musapa Jehovha chinhu china manhu akakuvadzwa, kana akapwanyika, kana akaputswa, kana ,akachekwa, musadaro panyika yenyu.
25ထိုသို့သောအကောင်ကို တပါးအမျိုးသား ဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
25Musagamuchira zvakadai paruoko rwomutorwa, kuti mupe Mwari wenyu zvokudya zvakadai, nekuti zvakaipa, zvakaremara, hazvingagamuchirwi nokuda kwenyu.
26တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
26Zvino Jehovha wakataura naMozisi akati,
27သိုး၊ ဆိတ်၊ နွားတို့သည် မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာဘို့တော်သင့်၏။
27Kana nzombe, kana gwai, kana mbudzi zvichiberekwa, zvinofanira kugara pana mai vazvo mazuva manomwe; kubva pazuva rorusere napashure paro zvingagamuchirwa kuti zviite chipo chinopisirwa Jehovha.
28နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင် မသတ်ရ။-
28Kana iri mhou kana nhunzvi, musazviuraya pamusi mumwe navana vazvo.
29ကျေးဇူးတော်ဝန်ခံရာယဇ်ကို ထာဝရဘုရားအား ပူဇော်လိုလျှင်၊ စိတ်တော်နှင့်တွေ့ခြင်းငှါ ပူဇော်လော့။ တနေ့ခြင်းတွင် စားရမည်။ နက်ဖြန်နေ့တိုင်အောင် မကြွင်းစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
29Kana muchibayira Jehovha chibayiro chokuvonga, munofanira kuchibayira saizvozvo kuti mugamuchirwe.
30သင်တို့သည် ငါ့ပညတ်တို့ကို ကျင့်စောင့်ရကြမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
30Chinofanira kudyiwa nomusi iwoyo; musasiya zvimwe kusvikira mangwana; ndini Jehovha.
31သန့်ရှင်းသော ငါ၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရား သန့်ရှင်းတော်မူသည်ဟု ဣသရေလ အမျိုးသားတို့သည် ထင်မှတ်ရကြမည်။
31Naizvozvo chengetai mirairo yangu, muiite; ndini Jehovha.
32ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍၊ သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
32Usashatisa zita rangu dzvene; ndinoda kutsaurwa pakati pavana vaIsiraeri, ndini Jehovha, ndinokutsaurai;
33ndakakubudisai panyika kuti ndive Mwari wenyu; ndini Jehovha.