1ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။
1Zvino kunyunyuta kukuru kwakamuka pakati pavanhu navakadzi vavo pamusoro pehama dzavo vaJudha.
2အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ၏။
2nekuti vamwe vakati, Isu navanakomana vedu tiri vazhinji; ngatipiwe zviyo, tidye, tirarame.
3အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။
3Vamwezve vakati, Isu takaita minda yedu rubatso, neminda yedu yemizambiringa, nedzimba dzedu; ngatipiwe zviyo, nokuda kwenzara ino.
4အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ။
4Vamwezve vakati, Takakwereta mari, yokuripira nayo mutero wamambo, tikaita minda yedu rubatso, neminda yedu yemizambiringa.
5ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
5Kunyange zvakadaro zvino miviri yedu yakafanana nemiviri yehama dzedu, navana vedu vakafanana navana vavo; tarirai, tosunga vanakomana vedu navakunda vedu, vave varanda; vamwe vakunda vedu vatosungwa, isu hatine simba rokuzvidzivisa, nekuti minda yedu neminda yedu yemizambiringa yatova yavamwe.
6ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊
6Ipapo ndakatsamwa kwazvo ndichinzwa kuchema kwavo namashoko iwayo.
7မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊
7Zvino ndakarangarira mumoyo mangu, ndikaita nharo navakuru navarairi, ndikati kwavari, Imi munoreva mhindu, mumwe nomumwe pahama yake. Ipapo ndikakoka ungano huru pamusoro pavo.
8တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။
8Ndikati kwavari, Isu takadzikunura hama dzedu vaJudha dzakanga dzatengeswa kuvahedheni patakagona napo; zvino imwi moda kutengesa hama dzenyu, moda kuti dzitengeswe kwatiri here? Ipapo vakaramba vanyerere, vakashaiwa neshoko chose.
9ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါ တကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။
9Ndikatiwo, Chinhu chamunoita chakaipa; ko hamufaniri kufamba muchitya Mwari wedu, kuti tirege kushorwa navavengi vedu vahedheni?
10ငါနှင့်ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစား သော အမှုကို ပယ်ဖြတ်ကြပါလော့။
10Neniwo nehama dzangu navaranda vangu, vakavapa chikwereti chemari nezviyo, tichireva mhindu. Haiwa, ngatirege mhindu iyo.
11ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ်ရာကို၎င်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ ဟု ဆိုသော်၊
11Dzoserai henyu kwavari iko nhasi minda yavo, neminda yavo yemizambiringa, neminda yavo yemiorivhi, nedzimba dzavo, uye nomugove wezana wemari, nezviyo, newaini, namafuta, zvamakatora kwavari iri mhindu.
12သူတို့က ပြန်ပေးပါမည်။ ဘာမျှမတောင်းမယူ ပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထား သည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကို ခေါ်၍ ကျိန်ဆိုစေပြီးမှ၊
12Ipapo vakati, Tichazvidzosa, hatingarevi chinhu kwavari; sezvamunotaura, ndizvo zvatichaita. Zvino ndakadana vapristi, ndikavapikisa kuti vachaita izvozvo zvakapikirwa.
13ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ဂတိထား သည်အတိုင်း ပြုကြ၏။
13Ndikazuzawo nguvo dzangu, ndikati, Mwari ngaazuze mumwe nomumwe asingaiti izvozvo zvakapikirwa abve paimba yake napabasa rake; ngaazuzwe nokudururwa saizvozvo. Ipapo ungano yose yakati, Ameni! Vakarumbidza Jehovha. Vanhu vakaita izvozvo zvakapikirwa.
14ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ် တိုင်အောင်၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။
14Uyezve, kubva panguva yandakaitwa mubati wavo panyika yaJudha, kubva pagore ramakumi maviri kusvikira pagore ramakumi matatu namaviri ramambo Aritashasita, iwo makore ane gumi namaviri, ini nehama dzangu hatina kudya zvokudya zvomubati.
15အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ် ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့မပြု။
15Asi vabati vokutanga, vakanditangira, vairemedza vanhu, vachitora kwavari zvokudya newaini, uyewo mashekeri esirivha ana makumi mana; navaranda vavowo vaibata vanhu nehasha; asi ini handina kuita saizvozvo, nekuti ndakatya Mwari.
16ထိုမှတပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်း အမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။
16Uye, ndakarambira pabasa rorusvingo urwu, hatina kutongotenga nyika, navaranda vangu vose vakanga vakaunganawo pabasa.
17ထိုမှတပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။
17Uye patafura yangu pakanga pana vaJudha navabati, varume vane zana namakumi mashanu, avo vaiuya kwatiri vachibva kuvahedheni vakanga vakatipoteredza vasingaverengwi.
18နေ့တိုင်း ငါ့စားပွဲကို နွားတကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ ရိက္ဓာကို ငါမတောင်း။
18Zvino zuva rimwe nerimwe kwaigadzirwa nzombe imwe, namakwai matanhatu akatsaurwa; ndaigadzirirwawo huku, uye kamwe pamazuva ane gumi waini zhinji yamarudzi ose; kunyange zvakadaro handina kukumbira zvokudya zvomubati, nekuti vanhu ava vakanga vachiremedzwa kwazvo nouranda.
19အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။
19Ndirangarirei, Mwari wangu, mundiitire zvakanaka nokuda kwezvose zvandakaitira rudzi urwu.