1ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌ သိုထားလော့။
1Mwanakomana wangu, chengeta mashoko angu, Viga mirairo yangu kwauri.
2ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
2Chengeta mirairo yangu, urarame; Nomurau wangu semboni yeziso rako.
3သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
3Uzvisungire pamweya wako; Uzvinyore pabwendefa romoyo wako.
4ပညာကိုကိုယ်နှမဟူ၍၎င်း၊ ဥာဏ်ကို ကိုယ် ပေါက်ဘော်ဟူ၍၎င်း ခေါ်လော့။
4Uti kuuchenjeri, Ndiwe hanzvadzi yangu; Utumidze njere shamwari yako;
5သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
5Kuti zvikuchengete pamukadzi wokumwe, Pamutorwa anobata kumeso namashoko ake.
6ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊
6nekuti ndakatarira pahwindo reimba yangu, Pahutanda bwehwindo rangu;
7ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊
7Ndikatarira pakati pavasina mano, Ndikaona pakati pamajaya. Rimwe jaya rakashaiwa njere;
8ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊
8Richipfuura nenzira yomumusha pedo nekona yeimba yomukadzi
9မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဉ့်နက်သော အချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ၏။
9Nenguva yorubvunzavaeni, nenguva yamadeko ezuva, Pakati pousiku kwasviba.
10ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
10Zvino tarira, mukadzi akasangana naye, Akanga akafuka sechifeve, anokunyengedzera pamoyo.
11ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။
11Anopupira, achiita sezvaanoda; Tsoka dzake hadzigari mumba make;
12ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။
12Imwe nguva ari munzira dzomumusha, imwe nguva pamatare; Anorindira pamakona ose.
13ထိုလူပျိုကိုတွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဘမ်းဘက်နမ်းရှုပ်လျက်၊
13Zvino iye akamubata, akamutsvoda; Akataura naye nechiso chisina kunyara, akati kwaari,
14ငါ၌ မိဿဟာယပူဇော်သက္ကာရှိ၏။ ယနေ့ ငါ့ဂတိဝတ်ကို ငါဖြေပြီ။
14Ndaifanira kuuya nezvibayiro zvezvipiriso zvokuyananisa, Nhasi ndaripa mhiko dzangu.
15ထိုကြောင့်သင့်ကို ကြိုဆိုအံ့သောငှါ ငါထွက် လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။
15Saka ndabuda kuzokuchingamidza, Nditsvake chiso chako zvikuru, zvino ndakuwana.
16ငါ့ခုတင်ကိုချယ်လှယ်သော အိပ်ရာခင်းနှင့်၎င်း၊ အဲဂုတ္တုပိတ်ချောနှင့်၎င်း ပြင်ဆင်ပြီ။
16Ndakawarira machira anohukomba pamubhedha wangu, Nemicheka ina mavara inobva Egipita.
17ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့်ထုံပြီ။
17Ndakasasa zvinonhuhwira pamubhedha wangu, Mura, negavakava, nekinamoni.
18လာပါ၊ မိုဃ်းလင်းသည်တိုင်အောင် ကာမရာဂ စိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။
18Uya tigute nokudana kusvikira mangwanani; Ngatizvifadze nokudana kukuru.
19ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကို ဆောင် လျက်ဝေးသော အရပ်သို့သွားပြီ။
19nekuti murume haapo pamusha; Akafamba rwendo rukuru;
20ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊
20Akaenda nehombodo ine mari; Achadzoka pajenaguru.
21ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ၍ ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊
21Nokutaura kwake kunokwezva anomutsausa, Anomugombedzera nokubata kumeso kwemiromo yake.
22နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊
22Anomutevera pakarepo, Senzombe inoenda kwainondobayiwa, Kana sebenzi rakasungwa rinoenda kundorangwa;
23ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။
23Kusvikira museve wabaya chiropa chake; Seshiri inokurumidzira kurugombe, Asingazivi kuti zvinovinga upenyu hwake.
24သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။
24Zvino vanakomana vangu, nditeererei, Inzwai mashoko omuromo wangu.
25ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။
25moyo wako ngaurege kutsaukira kunzira dzake; Usafamba-famba mumakwara ake.
26အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။
26nekuti akawisira pasi vazhinji vakakuvadzwa; Zvirokwazvo, vakaurawa naye vazhinji kwazvo.
27သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။
27Imba yake inzira dzinoenda Sheori, Dzinoburukira kudzimba dzorufu.