1အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။
1Munototaura zvakarurama here, imwi vane simba, Munotongera vanakomana vavanhu zvakarurama here?
2တရားသဖြင့်စီရင်ကြသလော။ အကယ်စင်စစ် သင်တို့သည် မတရားသော အကြံကို ကြံစည်၍ မြေကြီး ပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ် ကြ၏။
2Zvirokwazvo, mumoyo menyu munoita zvakaipa; Munoyerera vanhu pasi pose kumanikidza kwamaoko enyu.
3မတရားသော သူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းကလမ်းလွှဲ၍ မုသာစကားကို ပြောတတ်ကြ၏။
3Vakaipa vakava vatorwa kubva padumbu ramai; Vanotsauka vachangozvarwa, vachireva nhema.
4သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ၏။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ်၍၊
4Uturu hwavo hwakafanana nouturu bwenyoka; Vakafanana nechiva chisinganzwi, chinodzivira nzeve yacho;
5လိမ္မာသောအလမ္ပမြွက်ဆိုသော မန္တရားစကား ကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။
5Chisingateereri inzwi ren'anga, Kunyange achiimba nouchenjeri hukuru.
6အိုဘုရားသခင်၊ သူတို့ပစပ်ထဲမှာ သွားများကို ချိုးတော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများ ကို ချိုးတော်မူပါ။
6Mwari vhunai meno avo avo mumuromo mavo; Jehovha gurai meno makuru avana veshumba.
7ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြ ပါစေသော။ လေးကိုတင်သောအခါ မြှားတို့သည် ကျိုး သကဲ့သို့ ဖြစ်ကြပါစေသော။
7Ngavapwe semvura inoyerera; kana achishumba gangauta kufura museve wavo, ngavave sevakagurika.
8ခရုသည် သွားစဉ်တွင် ရွေ့လျားသကဲ့သို့၎င်း၊ ပျက် သော ကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့၎င်း ဖြစ်ကြပါစေသော။
8Ngavafanane nehozhwa inonyakatika ichipera; Segambamwedzi romukadzi risina kuona zuva.
9ဆူးပင်နှင့်မွေးသော မီးပူမှန်းကို အိုးတို့သည် မသိမှီ၊ အသက်ရှင် သောဆူးပင်နှင့် မီးလောင်လျက်ရှိ သော ဆူးပင်တို့ကို လေတွေတိုက်သွားပါစေသော။
9Hari dzenyu dzisati dzanzwa moto newemhinzwa, Iye achadzibvisa nechamupupuri nyama igere, nomoto pamwechete.
10ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေး ခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။
10Akarurama achafara kana achiona kutsiva; Achashambidza tsoka dzake muropa ravakaipa.
11မတရားသောသူတို့၏ အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်။
11Naizvozvo vanhu vachati, Zvirokwazvo mubayiro wowakarurama uripo; Zvirokwazvo Mwari aripo, anotonga pasi pose.
12သူတပါးကလည်း၊ ဖြောင့်မတ်သော သူသည် အကျိုးကို ဧကန်အမှန်ခံရ၏။ မြေကြီးပေါ်မှာ တရား စီရင်သော ဘုရားသခင်သည် ဧကန်အမှန်ရှိတော်မူ သည်ဟု ဝန်ခံကြပါလိမ့်မည်။