1အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိသွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။
1Mwari, imwi muri Mwari wangu; ndichakutsvakai mangwanani; Mweya wangu unenyota kwamuri, nyama yangu inokushuvai, Panyika yakaoma, inonzwisa nyota, isina mvura.
2ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ၊ သန့်ရှင်းရာဌာနတော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ။
2Naizvozvo ndakatarira kwamuri panzvimbo tsvene, Kuti ndione simba renyu nokubwinya kwenyu.
3ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။
3nekuti unyoro bwenyu hunokunda upenyu; Miromo yangu ichakurumbidzai.
4ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။ နာမတော်ကို အမှီပြုလျက် လက်ကို ချီပါမည်။
4Naizvozvo ndichakuvongai ndichiri mupenyu; Ndichasimudza maoko angu nezita renyu.
5အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညဉ့်ယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွန်ုပ်၏ဝိညာဉ်သည် ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
5Mweya wangu uchaguta nezvinenge mongo namafuta; Muromo wangu uchakurumbidzai nemiromo inofara kwazvo;
6အကျွန်ုပ်ကို မစတော်မူသောကြောင့်၊ အတောင်တော် အရိပ်၌ ဝမ်းမြောက်ပါမည်။
6Kana ndichikurangarirai panhovo yangu, Ndichikufungai panguva dzousiku.
7အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍၊ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မ တော်မူ၏။
7nekuti makanga muri mubatsiri wangu, Pamumvuri wamapapiro enyu ndipo pandichafara kwazvo.
8အကျွန်ုပ်အသက်ကို ဖျက်ဆီးခြင်းငှါ ရှာသော သူတို့သည် မြေကြီးအောက်အရပ်သို့ ဆင်းရကြမည်။ ထားဘေးဖြင့် ဆုံး၍၊ မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်။
8Mweya wangu unokunamatirai nesimba rose; Ruoko rwenyu rworudyi runonditsigira.
9ရှင်ဘုရင်မူကား၊ ဘုရားသခင်၌ ဝမ်းမြောက်လိမ့်မည်။
9Asi avo, vanotsvaka kuparadza mweya wangu, Vachapinda munzvimbo dzapasi dzenyika.
10ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသောသူအပေါင်းတို့သည် ဝါကြွားကြလိမ့်မည်။ မုသာစကားကို ပြောသောသူတို့၏နှုတ်မူကား ပိတ်လျက်ရှိလိမ့်မည်။ ဒါဝဒ်သည်ယုဒတော၌ရှိသောအခါ စပ်ဆိုသောဆာလံ။
10Vachakumikidzwa pasimba romunondo; Vachava mugove wamakava.
11Asi mambo achafara munaMwari; Mumwe nomumwe anopika naye achafara kwazvo; nekuti muromo wavanoreva nhema uchadzivirwa.