Myanmar

Shona

Romans

1

1လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊
1Pauro, muranda waKristu Jesu, wakadamwa kuva muapositori, atsaurirwa evhangeri yaMwari,
2သေခြင်းမှထမြောက်တော်မူ၍၊
2(yaakagara avimbisa nevaporofita vake mumagwaro matsvene),
3သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊
3maererano neMwanakomana wake, wakabva kumbeu yaDhavhidhi maererano nenyama;
4တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊
4wakatemerwa kuva Mwanakomana waMwari nesimba, maererano neMweya weutsvene, nekumuka kuvakafa, ndiye Jesu Kristu Ishe wedu,
5ဘုရားသခင်ချစ်တော်မူ၍၊
5watakagamuchira naye nyasha nevuapositori, kuti kuve kuteerera kwerutendo pakati pevahedheni vose nekuda kwezita rake;
6သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။
6vamuri pakati pavo, vakadamwa vaJesu Kristu.
7သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။
7Kune vose vari muRoma, vadikamwa vaMwari, vakadamwa kuva vatsvene: Nyasha kwamuri nerugare rwunobva kuna Mwari baba vedu naIshe Jesu Kristu.
8သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
8Pakutanga ndinovonga Mwari wangu kubudikidza naJesu Kristu pamusoro penyu mose, kuti rutendo rwenyu rwunoparidzirwa panyika yose.
9ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏အသက်သေခံဖြစ်တော်မူ၏။
9Nekuti Mwari ndiye chapupu changu, iye wandinoshumira pamweya wangu muevhangeri yeMwanakomana wake, kuti handiregi kukutaurai,
10မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု၏။
10nenguva dzose muminyengetero yangu, ndinokumbira kuti kana zvichigoneka ndive nerwendo rwunobudirira nerudo rwaMwari kusvika kwamuri.
11သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ၏။
11Nekuti ndinoshuva zvikuru kukuonai, kuti ndikupei chimwe chipo chemweya kuti musimbiswe,
12ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း။
12ndiko kuti ini ndinyaradzwe pamwe nemwi pakati penyu, umwe neumwe nerutendo rweumwe, zvose rwenyu nerwangu.
13ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။
13Zvino handidi kuti musaziva, hama, kuti kazhinji ndaizvipira kuuya kwamuri (asi ndikabatikana kusvikira zvino), kuti zvimwe ndive nechibereko kwamuriwo, sapakati pevamwe vahedheni.
14ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။
14Ndine ngava zvose kuvaGiriki nekuvatorwa, zvose kuvakachenjera nekune vasina kuchenjera;
15သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။
15naizvozvo kana ndiri ini, ndakazvigadzira kuparidza evhangeri kwamuri imwi muri paRomawo.
16ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
16Nekuti handinyari neevhangeri yaKristu; nekuti isimba raMwari rinoendesa kuruponeso kune umwe neumwe unotenda, kumuJudha pakutanga, uye kumuGirikiwo.
17အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။
17Nekuti mairi kururama kwaMwari kunoratidzwa kubva parutendo kusvika parutendo; sezvazvakanyorwa zvichinzi: Asi wakarurama uchararama nerutendo.
18သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
18Nekuti kutsamwa kwaMwari kunoratidzwa kubva kudenga, pamusoro pokusada Mwari kose nokusarurama kwavanhu vanodzivisa chokwadi nokusarurama;
19အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။
19nekuti izvo zvinozikamwa pamusoro paMwari zvinoratidzwa pakati pavo; nekuti Mwari wakazviratidza kwavari.
20အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။
20Nekuti zvinhu zvisingaonekwi zvake kubvira pakusikwa kwenyika zvakanzwisisika pazvinhu zvakaitwa, zvikaoneswa pachena, simba rake risingaperi pamwe neuMwari hwake; kuti varege kuva nemanzvengero;
21အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။
21nekuti vakati vaziva Mwari, havana kumurumbidza saMwari kana kuvonga; asi vakava vasina matura mukurangarira kwavo, nemoyo yavo ine upenzi yakasvibiswa.
22ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည် ဖြစ်၍၊
22Vachizvipupurira kuva vakachenjera, vakava mapenzi;
23မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။
23vakashandura kubwinya kwaMwari usingaparari, kumufananidza nechifananidzo chemunhu unoparara, neshiri, nemhuka dzine makumbo mana, nezvinokambaira.
24ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရား သခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။
24Saka Mwari wakavapa kutsvina kubudikidza nekuchiva kwemoyo yavo, kuti vazvidze miviri yavo pakati pavo.
25သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။
25Avo vakashandurira chokwadi chaMwari kunhema, vakanamata nokushumira chisikwa kupfuura musiki; iye unorumbidzwa nekusingaperi. Ameni.
26ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။
26Nekuda kweizvozvo Mwari wakavapa kukuchiva kunonyadzisa; nekuti kunyange vanhukadzi vavo vakashandura basa rechisikirwo rive riya rinopesana nechisikirwo;
27ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
27saizvozvo vanhurumewo vakasiya basa rechisikirwo revanhukadzi, vakapiswa nekuchivana, munhurume nemunhurume vachiita zvinonyadzisa, vachigamuchira mukati mavo muripo wakafanira kurashika kwavo.
28ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
28Uye zvavakange vasingadi kugara naMwari muruzivo, Mwari wakavapa kumirangariro yakaora, kuti vaite zvinhu zvisakafanira;
29သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
29vakazadzwa nekusarururama kose, ufeve, kuipa, ruchiva, unhubu, kuzara negodo, umhondi, gakava, kunyengera, utsotsi, vanoita makuhwa,
30ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊
30vacheri, vavengi vaMwari, vazvidzi, vadadi, vanozvikudza, vavambi vezvakaipa, vasingateereri vabereki,
31မိဘသားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသော သူဖြစ်ကြ၏။
31vasingafungi, vaputsi vesungano, vasina rudo rwechisikirwo, vasingagoni kuchenurwa, vasina tsitsi.
32ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။
32Avo kunyange vachiziva havo murairo waMwari, kuti vanoita zvakadai vakafanirwa nerufu, havaiti izvo chete, asi vanotenderana nevanozviita.