Myanmar

Spanish: Reina Valera (1909)

Numbers

33

1မောရှေနှင့် အာရုန်စီရင်၍ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုးသား အလုံးအရင်းတို့ သည် ခရီးသွားခြင်း အကြောင်းအရာများကို၊
1Estas son las estancias de los hijos de Israel, los cuales salieron de la tierra de Egipto por sus escuadrones, bajo la conducta de Moisés y Aarón.
2ထာဝရဘုရား အမိန့်တော်အတိုင်း မောရှေမှတ် သား၍၊ ထိုခရီးသွားခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
2Y Moisés escribió sus salidas conforme á sus jornadas por mandato de Jehová. Estas, pues, son sus estancias con arreglo á sus partidas.
3ပဌမလ တဆယ်ငါးရက်နေ့၌ ရာမသက်မြို့မှ ထွက်လာကြ၏။ ပသခါပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုလူအပေါင်း တို့ရှေ့မှာ ဝါကြွားသောအခြင်းအရာနှင့် ထွက်လာကြ၏။
3De Rameses partieron en el mes primero, á los quince diás del mes primero: el segundo día de la pascua salieron los hijos de Israel con mano alta, á ojos de todos los Egipcios.
4အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသော သားဦးအပေါင်းတို့ကို အဲဂုတ္တုလူတို့သည် သင်္ဂြိုဟ်ရကြ၏။ သူတို့၏ ဘုရားများကိုလည်း၊ ထာဝရ ဘုရားသည် တရားစီရင်တော်မူ၏။
4Estaban enterrando los Egipcios los que Jehová había muerto de ellos, á todo primogénito; habiendo Jehová hecho también juicios en sus dioses.
5ဣသရေလအမျိုးသားတို့သည် ရာမသက်မြို့မှ ပြောင်း၍ သုကုတ်အရပ်၌ စားခန်းချကြ၏။
5Partieron, pues, los hijos de Israel de Rameses, y asentaron campo en Succoth.
6သုကုတ်အရပ်မှပြောင်း၍ တောစပ်နား၊ ဧသံမြို့၌ စားခန်းချကြ၏။
6Y partiendo de Succoth, asentaron en Etham, que está al cabo del desierto.
7ဧသံမြို့မှပြောင်း၍ ဗာလဇေဖုန်မြို့ရှေ့မှာရှိ သော ပိဟဟိရုတ်မြို့သို့ တဖန်လည်၍ မိဂဒေါလမြို့ရှေ့၌ စားခန်းချကြ၏။
7Y partiendo de Etham, volvieron sobre Pi-hahiroth, que está delante de Baalsephon, y asentaron delante de Migdol.
8ပိဟဟိရုတ်မြို့မှပြောင်း၍ ပင်လယ်အလယ်၌ ရှောက်သွား သဖြင့် ဧသံတောသို့ ရောက်၍၊ ထိုတောထဲ၌ သုံးရက်ခရီးသွားပြီးလျှင်၊ မာရအရပ်၌ စားခန်းချကြ၏။
8Y partiendo de Pi-hahiroth, pasaron por medio de la mar al desierto, y anduvieron camino de tres días por el desierto de Etham, y asentaron en Mara.
9မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်း နှင့် စွန်ပလွံပင် ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စားခန်းချကြ၏။
9Y partiendo de Mara, vinieron á Elim, donde había doce fuentes de aguas, y setenta palmeras; y asentaron allí.
10ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စားခန်း ချကြ၏။
10Y partidos de Elim, asentaron junto al mar Bermejo.
11ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စားခန်းချ ကြ၏။
11Y partidos del mar Bermejo, asentaron en el desierto de Sin.
12သိန်တောမှပြောင်း၍ ဒေါဖကာအရပ်၌ စားခန်းချကြ၏။
12Y partidos del desierto de Sin, asentaron en Dophca.
13ဒေါဖကာအရပ်မှပြောင်း၍ အာလုရှအရပ်၌ စားခန်းချကြ၏။
13Y partidos de Dophca, asentaron en Alús.
14အာလုရှအရပ်မှပြောင်း၍ လူများသောက်စရာ ရေမရှိသော ရေဖိဒိမ်အရပ်၌ စားခန်းချကြ၏။
14Y partidos de Alús, asentaron en Rephidim, donde el pueblo no tuvo aguas para beber.
15ရေဖိဒိမ်အရပ်မှပြောင်း၍ သိနာတော၌ စားခန်းချကြ၏။
15Y partidos de Rephidim, asentaron en el desierto de Sinaí.
16သိနာတောမှပြောင်း၍ ကိဗြုတ်ဟတ္တဝါအရပ်၌ စားခန်းချကြ၏။
16Y partidos del desierto de Sinaí, asentaron en fmfm Kibroth-hataava.
17ကိဗြုတ်ဟတ္တဝါအရပ်မှပြောင်း၍ ဟာဇရုတ် အရပ်၌ စားခန်းချကြ၏။
17Y partidos de Kibroth-hataava, asentaron en Haseroth.
18ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌ စားခန်းချကြ၏။
18Y partidos de Haseroth, asentaron en Ritma.
19ရိသမအရပ်မှပြောင်း၍ ရိမ္မုန်ဖါရက်၌ စားခန်း ချကြ၏။
19Y partidos de Ritma, asentaron en Rimmón-peres.
20ရိမ္မုန်ဖါရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စားခန်းချကြ၏။
20Y partidos de Rimmón-peres, asentaron en Libna.
21လိဗနရွာမှပြောင်း၍ ရိဿအရပ်၌ စားခန်း ချကြ၏။
21Y partidos de Libna, asentaron en Rissa.
22ရိဿအရပ်မှပြောင်း၍ ကေဟလာသအရပ်၌ စားခန်းချကြ၏။
22Y partidos de Rissa, asentaron en Ceelatha,
23ကေဟလာသအရပ်မှပြောင်း၍ ရှာဖါတောင်၌ စားခန်းချကြ၏။
23Y partidos de Ceelatha, asentaron en el monte de Sepher.
24ရှာဖါတောင်မှပြောင်း၍ ဟာရဒအရပ်၌ စားခန်းချကြ၏။
24Y partidos del monte de Sepher, asentaron en Harada.
25ဟာရဒအရပ်မှပြောင်း၍ မက္ကလုတ်အရပ်၌ စားခန်းချကြ၏။
25Y partidos de Harada, asentaron en Maceloth.
26မက္ကလုတ်အရပ်မှပြောင်း၍ တာဟတ်အရပ်၌ စားခန်းချကြ၏။
26Y partidos de Maceloth, asentaron en Tahath.
27တာဟတ်အရပ်မှပြောင်း၍ တာရအရပ်၌ စားခန်းချကြ၏။
27Y partidos de Tahath, asentaron en Tara.
28တာရအရပ်မှပြောင်း၍ မိသကာအရပ်၌ စားခန်းချကြ၏။
28Y partidos de Tara, asentaron en Mithca.
29မိသကာအရပ်မှပြောင်း၍ ဟာရှမောနအရပ်၌ စားခန်းချကြ၏။
29Y partidos de Mithca, asentaron en Hasmona.
30ဟာရှမောနအရပ်မှပြောင်း၍ မောသရုတ် အရပ်၌ စားခန်းချကြ၏။
30Y partidos de Hasmona, asentaron en Moseroth.
31မောသရုတ်အရပ်မှပြောင်း၍ ဗင်္ယာကန်အရပ် ၌ စားခန်းချကြ၏။
31Y partidos de Moseroth, asentaron en Bene-jaacán.
32ဗင်္ယာကန်အရပ်မှပြောင်း၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချကြ၏။
32Y partidos de Bene-jaacán, asentaron en el monte de Gidgad.
33ဟောရဂိဒ်ဂဒ်အရပ်မှပြောင်း၍ ယုပ္ဘသအရပ်၌ စားခန်းချကြ၏။
33Y partidos del monte de Gidgad, asentaron en Jotbatha.
34ယုပ္ဘသအရပ်မှပြောင်း၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။
34Y partidos de Jotbatha, asentaron en Abrona.
35ဧဗြောနအရပ်မှပြောင်း၍ ဧဇယုန်ဂါဗာအရပ် ၌ စားခန်းချကြ၏။
35Y partidos de Abrona, asentaron en Esion-geber.
36ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စားခန်းချကြ၏။
36Y partidos de Esion-geber, asentaron en el desierto de Zin, que es Cades.
37ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာ ဟောရတောင်၌ စားခန်းချကြ၏။
37Y partidos de Cades, asentaron en el monte de Hor, en la extremidad del país de Edom.
38ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့ တက်၍ အနိစ္စရောက်လေ၏။
38Y subió Aarón el sacerdote al monte de Hor, conforme al dicho de Jehová, y allí murió á los cuarenta años de la salida de los hijos de Israel de la tierra de Egipto, en el mes quinto, en el primero del mes.
39အာရုန်သည် ဟောရတောင်ပေါ်မှာ အနိစ္စ ရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ် ရှိသတည်း။
39Y era Aarón de edad de ciento y veinte y tres años, cuando murió en el monte de Hor.
40ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိ ရှင်ဘုရင် အာရဒ်သည် ဣသရေလအမျိုးသား ရောက် ကြောင်းကို ကြားလေ၏။
40Y el Cananeo, rey de Arad, que habitaba al mediodía en la tierra de Canaán, oyó como habían venido los hijos de Israel.
41သူတို့သည် ဟောရတောင်မှပြောင်း၍၊ ဇာလ မောနအရပ်၌ စားခန်းချကြ၏။
41Y partidos del monte de Hor, asentaron en Salmona.
42ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌ စားခန်းချကြ၏။
42Y partidos de Salmona, asentaron en Phunón.
43ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်း ချကြ၏။
43Y partidos de Phunón, asentaron en Oboth.
44ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌ စားခန်းချကြ၏။
44Y partidos de Oboth, asentaron en Ije-abarim; en el término de Moab.
45ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌ စားခန်းချကြ၏။
45Y partidos de Ije-abarim, asentaron en Dibón-gad.
46ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလ သိမ်အရပ်၌ စားခန်းချကြ၏။
46Y partidos de Dibón-gad, asentaron en Almon-diblathaim.
47အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗော တောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စားခန်းချကြ၏။
47Y partidos de Almon-diblathaim, asentaron en los montes de Abarim, delante de Nebo.
48အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စားခန်းချ ကြ၏။
48Y partidos de los montes de Abarim, asentaron en los campos de Moab, junto al Jordán de Jericó.
49ထိုသို့ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့ တိုင်အောင် စားခန်းချကြ၏။
49Finalmente asentaron junto al Jordán, desde Beth-jesimoth hasta Abel-sitim, en los campos de Moab.
50မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊
50Y habló Jehová á Moisés en los campos de Moab junto al Jordán de Jericó, diciendo:
51သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ ရောက်ကြသောအခါ၊
51Habla á los hijos de Israel, y diles: Cuando hubiereis pasado el Jordán á la tierra de Canaán,
52ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရ ကြမည်။ သူတို့ရေးသော အရုပ်၊ သွန်းသော ရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။
52Echaréis á todos los moradores del país de delante de vosotros, y destruiréis todas sus pinturas, y todas sus imágenes de fundición, y arruinaréis todos sus altos;
53ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသော ကြောင့်၊ ထိုပြည်သားတို့ကို နှင်ထုတ်၍ သင်တို့ကိုယ်တိုင် နေရကြမည်။
53Y echaréis los moradores de la tierra, y habitaréis en ella; porque yo os la he dado para que la poseáis.
54သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကို ဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်း လျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
54Y heredaréis la tierra por suertes por vuestras familias: á los muchos daréis mucho por su heredad, y á los pocos daréis menos por heredad suya: donde le saliere la suerte, allí la tendrá cada uno: por las tribus de vuestros padres heredaréis.
55သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန် အစင် မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသော သူတို့သည် သင်တို့မျက်စိ၌ အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်း ဖြစ်၍၊ သင်တို့နေသော ပြည်မှာ သင်တို့ကို နှောင့်ရှက်ကြလိမ့်မည်။
55Y si no echareis los moradores del país de delante de vosotros, sucederá que los que dejareis de ellos serán por aguijones en vuestros ojos, y por espinas en vuestros costados, y afligiros han sobre la tierra en que vosotros habitareis.
56ထိုမှတပါး၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ၏။
56Será además, que haré á vosotros como yo pensé hacerles á ellos.