Myanmar

Tajik

Ephesians

4

1ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။
1ПАС, ман, ки дар Худованд бандй ҳастам, аз шумо хоҳипгмандам, ки муносиби мақоме ки ба он хонда шудаед, рафтор кунед,
2အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊
2Бо тамоми мулоимат ва фурӯтанй ва пурсабрй якдигарро дар муҳаббат таҳаммул намоед,
3အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။
3Ва саъю кӯшиш кунед, ки ягонагии Рӯҳро дар иттифоқи осоиштагй нигоҳ доред:
4သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ၊ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ်တည်းရှိ၏။
4Як Бадан ҳаст ва як Рӯҳ, чунон ки шумо низ ба як умеди муайян даъват шудаед;
5သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊
5Як Худованд ҳаст, як кмон, як таъмид,
6ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။
6Як Худо ва Падари ҳама, ки Ӯ бар болои ҳама, ва ба воситаи ҳама, ва дар ҳама мебошад.
7သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည်ကျေးဇူးတော်ကို အသီးသီး ကိုယ်စီခံရကြပြီ။
7Аммо ба ҳар яке аз мо файз ба андозаи атои Масеҳ бахшида шудааст.
8ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း။
8Бинобар ин гуфта шудааст: "Ба афроз сууд намуда, асиронро ба асирӣ бурд ва баодамон бахшоишҳо дод".
9တက်ကြွတော်မူသည်ဟုဆိုသော်၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။
9Ва "сууд намуд" гуфтан чкст, чуз ин ки Ӯ пештар ба асфали замин нузул ҳам карда буд?
10ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင်တို့၏အထွဋ်ကို လွန်၍ တက်ကြွတော်မူသော သူဖြစ်သတည်း။
10Он ки нузул карда буд, Хдмон аст, ки болотар аз тамоми афлок сууд ҳам намуд, то ки ҳама чизро пур кунад.
11ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊
11Ӯ баъзеро ҳавворӣ, баъзеро анбиё, баъзеро башоратдиҳанда, баъзеро шубон ва муаллим таъин намуд,
12သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။
12Барои такмили муқаддасон ба кори ибодат, ба бинои Бадани Масеҳ,
13ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။
13То даме ки ҳамаамон ба ягонагии имон ва шиносоии Писари Худо, ба дараҷаи шахси комил, ба апдозаи бузургии пурраи Масеҳ бирасем,
14အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက်၊
14То ки мо дигар кӯдаконе набошем, ки бо боди ҳар таълим калавонида ва ронда мешаванд, аз найрангбозии одамон, ки бо талбис дар иштибоҳ андохта, гумроҳ мекунад,
15မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။
15Балки дар муҳаббат ростиро баён намуда, мо дар ҳар чиз ба Он ки Сар аст, яъне ба Масеҳ нумӯ ёбем.
16ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက် ခြင်းငှါ ကြီးပွားစေတတ်၏။
16Аз Ӯ тамоми Бадан, ба воситаи ҳар навъ пайвандҳои тақвияткунавда мустаҳкам ва пайваст шуда, бо амали ҳар ағдоми ҷудогона ба ағдозаи хоси он, афзоиш меёбад, то ки худро дар муҳаббат бино кунад.
17ထိုကြောင့် ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။
17Пас, чунин мегуям ва дар Худованд шаҳодат медиҳам, ки шумо дигар он тавр рафтор накунед, ки бутпарастон аз рӯи хаёлоти ҳеҷу пучи худ рафтор мекунағд.
18ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။
18Ақлашон тира гардида, онҳо аз ҳаёти Худо бегона шудаағд, ба сабаби ҷаҳолат ва дилсахтие ки ба онҳо хос аст.
19ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။
19Онҳо то ба дараҷаи лоуболй расида, ба фиску фучур моил шудаағд, ба тавре ки ҳар кори зиштро бо рағбати тамом ба ҷо меоварағд.
20ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊
20Вале шумо Масеҳро ин тавр ёд нагирифтед,
21အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊
21Дар сурате ки дар бораи Ӯ шунидаед ва дар Ӯ таълим гирифтаед, - ба ҳасби ростие ки дар Исост, -
22စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊
22Пас рафтори пештараи одами кӯхнаро, ки дар шаҳавоти дилфиреб фосид мешавад, аз худ дур кунед,
23သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊
23Ва хиради шумо бояд дар Рӯҳ тоза шавад,
24ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
24Ва одами навро, ки ба шабоҳати Худо дар адолат ва қудсияти ростӣ офарида шудааст, дар бар кунед.
25ထိုကြောင့်မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။
25Бинобар ин, кизбро аз худ дур карда, ҳар яке ба ери худ рост гӯед, чунки мо андоми якдигарем.
26အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။
26Агар хашмгин шуда бошед, хато накунед ва нагузоред, ки газаби шумо то ғуруби офтоб боқй бимонад;
27အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။
27Ва ба иблис ҷой надиҳед.
28ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။
28Касе ки дуздӣ кардааст, дигар дуздӣ накунад, балки меҳнат карда, бо дастҳои худ кори фоиданоке ба ҷо оварад, то чизе дошта бошад, ки ба эҳтиёҷмавде бибахшад.
29ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။
29Ҳеҷ як сухани қабеҳе аз даҳонатон набарояд, балки фақат сухани нек, ки дар вақти эҳтиёҷот барои обод кардан бошад, то ки ба шунавандагонаш файз бахшад.
30ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။
30Ва Рӯҳулкудси Худоро, ки бо Он ба интизори рӯзи озодӣ мӯҳр зада шудаед, андӯҳгин накунед.
31ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။
31Ҳар гуна кудурат ва қаҳр, ва ғазаб ва фарьёд, ва бадгӯӣ бигзор аз шумо бо ҳар навъ шарорат дур шавад;
32အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
32Балки ба якдигар меҳрубон ва дилсӯз бошед ва якдигарро афв намоед, чунон ки Худо низ моро дар Масеҳ афв намудааст.